မြန်မာနိုင်ငံမှာ တရုတ် ဩဇာလွှမ်းမိုးမှုက တောင်တရုတ်ပင်လယ် စစ်ပွဲ အထိ သက်ရောက်နိုင်
********************************************
ကြည်ဖြူစံ
နိုဝင်ဘာ ၂၅၊၂၀၂၂။
မြန်မာနိုင်ငံရဲ့ကံကြမ္မာက လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။
ဒီမိုကရက်တစ်မဆန်တဲ့မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကလွဲရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။
တရုတ် ကလည်း သူရဲ့ “သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ” နဲ့ အိမ်နီးချင်းနိုင်ငံငယ်လေးမှာ သူရဲ့စီးပွားရေးနဲ့ ဗျူဟာမြောက်ဩ ဇာလွှမ်းမိုးဖို့ ပြင်ဆင်နေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကာလအတော်ကြာပြီးနောက်မှာတော့ တရုတ်ကမြန်မာနိုင်ငံမှာ အကြီးဆုံးရင်းနှီးမြှုပ် နှံသူ ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်အနောက်ဘက်မှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီ ယံတန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းလည်း ပါဝင်နေပါ တယ်။ တရုတ်ကုမ္ပဏီတွေစီမံခန့်ခွဲ့မယ့် အဲဒီစီမံကိန်းကနေ တရုတ်တွေက ၈၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပါလိမ့်မယ်။
တရုတ်ကငွေကြေးထောက်ပံ့ထားတဲ့ ဒါဇင်နဲ့ချီတဲ့ အခြေခံအဆောက်အဦစီမံကိန်းတွေမှာ မြန်နှုန်းမြင့်မီးရထား လမ်းတွေ နဲ့ ရေကာတာတွေလည်းပါဝင်နေပါတယ်။
ဒါပေမယ့် တရုတ်ရဲ့မဟာဗျူဟာအရ အရေးအကြီးဆုံးရင်းနှီး မြှုပ်နှံမှုက ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ၊ ကားလမ်းနဲ့ရထား လမ်းတွေလွှမ်းခြုံထားတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)ပဲဖြစ်ပါတယ်။
စင်္ကြံရဲ့မကိုဋ်က မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတစ်ခုဆောက်လုပ် ရေးဖြစ်ပြီး ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက်ကုန်ကျပါလိမ့်မယ်။ အဲဒီစီမံကိန်းက နောက်ဆုံးမှာ တော့ တရုတ်နိုင်ငံက နှစ်ရှည်လများအလိုရှိနေတဲ့ “အိန္ဒိယသမုဒ္ဒရာ”ဆီဝင်ရောက်မယ့် “နောက်ဘက်တံခါးပေါက်” ကိုဖွင့်ပေးပါလိမ့်မယ်။
တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့တင်ပို့နေရာမှာ ဩစတြေးလျလိုနိုင်ငံတွေကိုမှီခိုနေရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တင်ပို့မှုက ဩစတြေးလျလိုနိုင်ငံတွေကိုမှီခိုနေရတာကို လျော့ချပေးပါလိမ့်မယ်။ အိန္ဒိယသမုဒ္ဒရာတွင်းဝင်ရောက်နိုင်မှာဖြစ်တဲ့အတွက် အရှေ့အလယ်ပိုင်း ၊ အာဖရိက နဲ့ ဗင်နီဇွဲလားနိုင်ငံတွေက သဘာဝဓာတ်ငွေ့နဲ့ရေနံကို သင်္ဘောတွေမပါဘဲ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး တရုတ်ဆိပ်ကမ်းတွေဆီ ပို့ ဆောင်နိုင်ပါလိမ့်မယ်။
လက်ရှိ တရုတ်နိုင်ငံရဲ့ ရေနံတင်ပို့မှု ၈၀ ရာခိုင်နှုန်းက အင်ဒိုနီးရှားရဲ့ဆူမာတြား နဲ့ မလေးကျွန်းဆွယ်ကြား အကျဉ်း ဆုံးနေရာမှာ ၆၅ ကီလိုမီတာသာကျယ်တဲ့ မလက္ကာရေလက်ကြားကနေ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး တင်ပို့နေပါတယ်။
အားနည်းချက်တွေရှိနေသလို အငြင်းအခုန်လည်းဖြစ်စေတဲ့ ဒီမဟာဗျူဟာအားနည်းချက်ကို ကျော်လွှားနိုင်ခဲ့ရင် ကျောက်ဖြူဆိပ်ကမ်းနဲ့ပိုက်လိုင်းတွေက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ပြီးပုံဖော် နိုင်မှာဖြစ်တဲ့အတွက် BRI စီမံကိန်း ရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်လာပါတယ်။ ဒါ့အပြင် တခြားနိုင်ငံတွေ အပေါ် တရုတ်က ပိုပြီးဩဇာလွှမ်းမိုးလာနိုင်ပါလိမ့်မယ်။
နက်ရှိုင်းသောဆက်ဆံရေး
တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုအများစုကို စစ်တပ်အာဏာမသိမ်းခင်ကတည်းက စီစဉ်ထားခဲ့ ပါတယ်။ ဒါပေမယ့်လည်း တခြားအစိုးရတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ ရွေးကောက်ခံအစိုးရကိုဖြုတ် ချပြီး စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ဝေးဖို့ ကြိုးစားလာခဲ့ကြပေမယ့် တရုတ်ကတော့ နှစ် နိုင်ငံကြားဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းစေခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုအတွက် အရေးအကြီးဆုံး နိုင်ငံတကာထောက်ခံသူတစ်ယောက်ပါပဲ။ ဧပြီလမှာ တော့ တရုတ်နိုင်ငံခြားရေး ဝန်ယီ က မြန်မာနိုင်ငံအခြေအနေတွေဘယ်လိုပြောင်းပြောင်း တရုတ်ကထောက်ခံသွား မယ်လို့ ပေါ်တင်ပြောခဲ့ပါတယ်။ မေလမှာလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံတွင်းဆိုးရွားလာနေ တဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့ပတ်သက်တဲ့အကျပ်အတည်းတွေ ကြီးထွားလာမှာစိုးရိမ်ကြောင်းကြေညာချက်ကို တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံနဲ့ပတ်သက်နေတဲ့စီမံကိန်းတွေကို ဆက်ပြီး လုပ်ကိုင်နေပါတယ်။ လုပ်ငန်းသစ်တွေ (အပေါ်မှာဖော်ပြခဲ့တဲ့ ဓာတ်အားပေးစက်ရုံလို)လုပ်ငန်းတွေကို အတည်ပြုပြီးသွားပါပြီ။ နောက်ထပ် ပရောဂျက် တွေအများကြီးကလည်း လက်ထဲကိုင်ထားပါသေးတယ်။ ဥပမာ _ မြန်မာနိုင်ငံရဲ့အရှေ့ပိုင်းက လန်ချန်း – မဲခေါင်မြစ် မှာရှိတဲ့ ဝမ်ပေါင်ဆိပ်ကမ်းကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ဖြစ်နိုင်ချေရှိတဲ့လေ့လာမှုတွေပြုလုပ်ပြီးသွားပြီလို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ဇွန်လကကြေညာခဲ့ပါတယ်။
အကြွေးထောင်ချောက်နှင့် ပတ်သက်သော သတိပေးချက်များ
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က စာရင်းစစ်ချုပ် ဗိုလ်ချုပ်မော်သန်း က တရုတ်နိုင်ငံရဲ့အကြွေးတွေ များပြားလာ တာနဲ့ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ တရုတ်တွေချေးပေးတဲ့ချေးငွေက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဒါမှ မဟုတ် ကမ္ဘာ့ဘဏ်တွေကိုပေးဆောင်ရတဲ့အတိုးနှုန်းထက် ပိုပြီး အတိုးနှုန်းမြင့်မားတဲ့အတွက်ကြောင့်ပါ။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက နိုင်ငံခြားကိုပေးရမယ့်အကြွေး ဒေါ်လာ ၁၀ ဘီလံယံရှိနေပြီး ၄၀ ရာခိုင်နှုန်းက တရုတ်ကိုပေးရမယ့်အကြွေးပါ။ လက်ရှိအချိန်မှာတော့ ပိုပြီး များပြားနေနိုင်ပါတယ်။ စစ်အာဏာရှင်တွေရဲ့သက် တမ်းရှည်ကြာလာတာနဲ့အမျှ အကြွေးနွံထဲနစ်သထက်နစ်နေမှာဖြစ်ပြီး အခြားထောက်ခံသူနဲ့ နိုင်ငံခြားငွေကြေး အရင်းအမြစ်ကလည်း အနည်းငယ်သာရှိတော့သလို မြန်မာ့စီးပွားရေးကျဆင်းနေတာကလည်း အသေအချာပါပဲ။
တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ တရုတ်ရဲ့ပုန်ကန်မှုတွေတိုးမြှင့်လာနေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်း ချမ်းရေးနဲ့သာယာဝပြောရေးအပြင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေရဲ့ ရေရှည်မဟာအကျိုးစီးပွားတွေအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေက အရေးကြီးတယ်လို့ ရှုမြင်သင့်ပါတယ်။
အခုလနိုဝင်ဘာမှာ သမ္မတ ရှီကျင့်ဖျင် က စစ်ပွဲအတွက်ပြင်ဆင်ထားဖို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပြောကြားခဲ့ပါတယ်။ တရုတ်အကြွေးပိနေသလို တရုတ်ရဲ့အကျိုးစီးပွားတွေကိုထိန်းချုပ်ထားတဲ့ ရေနက်ဆိပ်ကမ်း တစ်ခုလည်းရှိတဲ့ မြန်မာနိုင်ငံက ဒီအဖြစ်အပျက်တွေထဲပါဝင်ပတ်သက်နေတဲ့ အတိုင်းအတာတွေကိုညွှန်ပြနေပါ တယ်။
လွတ်လပ်တဲ့မြန်မာနိုင်ငံက ဒီအလားအလာတွေအတွက် တန်ပြန်ဗျူဟာဖြစ်နေပါတယ်။
အရေးယူပိတ်ဆို့မှုတွေပြုလုပ်ရန် တောင်းဆိုခြင်း
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှားမှုတွေက တောင်းဆိုနေပါတယ်။ ဒါပေမယ့်လည်း အနည်းစုကသာ ပြန်ပြီးတုန့်ပြန်ကြပါတယ်။
အမေရိကန် နဲ့ ဗြိတိန်တို့က မြန်မာစစ်ဘက်အရာရှိတွေနဲ့စစ်တပ်ကထိန်းချုပ်ထားတဲ့ စစ်တပ်ပိုင် ဒါမှမဟုတ် ပုဂ္ဂလိ ကကုမ္ပဏီတွေနဲ့ စီးပွားရေးအရဆက်ဆံတာကို တားမြစ်ထားပါတယ်။ အီးယူနဲ့ကနေဒါတို့ကလည်း လူတစ်ဦးချင်း ဆီနဲ့အဖွဲ့အစည်းတွေအပေါ် ပိုပြီးတင်းကြပ်တဲ့ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားပါတယ်။ တောင်ကိုရီးယားနိုင် ငံကလည်း အခြေခံအဆောက်အဦစီမံကိန်းသစ်တွေကို ဘဏ္ဍာငွေထောက်ပံ့တာကို ရပ်ဆိုင်းလိုက်ပါတယ်။ ဂျပန် နိုင်ငံကလည်း အကူအညီတွေဆိုင်းငံ့လိုက်ပြီး မြန်မာ့ပထမဆုံးဂြိုလ်တုလွှတ်တင်မှုကို ရွှေ့ဆိုင်းလိုက်ပါတယ်။ နယူးဇီလန်ကလည်း နိုင်ငံရေးနဲ့စစ်ရေးအဆက်အသွယ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။
ဩစတြေးလျနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ခေါင်းဆောင်တွေနဲ့ဆက်ဆံရာမှာ အရင်ရှိပြီးသားကန့်သတ်ချက်တချို့နဲ့ စစ်ရေးပူးပေါင်းမှုတွေကို ဆိုင်းငံ့လိုက် ပါတယ်။ အာဆီယံကိုကြည့်ရင်လည်း မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေက “ပြည်တွင်းရေးဝင်မစွက်ဖက်ရ” မူကိုဆုပ် ကိုင်ထားပြီး မလေးရှားနဲ့အင်ဒိုနီးရှားကတော့ ပိုပြီးပြင်းထန်တဲ့ချဥ်းကပ်မှုတွေအတွက် တခြားနိုင်ငံတွေနဲ့ ငြင်းခုံနေ ရဆဲပါ။
မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ပထဝီအနေအထားအရ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြောင့်ပဲဖြစ်ဖြစ် ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး ဆောင်ရွက်ဖို့လိုအပ်နေသေးပါတယ်။
Ref: The Conversation
ပုံစာ-၂၀၂၂ ခုနှစ် အာရှဒေသဆိုင်ရာဘိုဘောဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲတွင် မိန့်ခွန်းပြောနေသည့် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping ။
Photo-CEM