• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်
  • မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို
  • နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး
  • NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»စစ်အေးတိုက်ပွဲကာလ တရုတ်-မြန်မာဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ကြည့်ခြင်း
ဆောင်းပါး

စစ်အေးတိုက်ပွဲကာလ တရုတ်-မြန်မာဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ကြည့်ခြင်း

thanlwinkhetBy thanlwinkhetAugust 1, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

သြဂုတ် ၅၊ ၂၀၂၄

​

စစ်အေးတိုက်ပွဲကာလမျက်နှာပြင်ပေါ်မှာ တရုတ်-မြန်မာဆက်ဆံရေးကိုတင်ကြည့်လျှင် ထူးခြားချက်များရှိနေသည်ကို တွေ့ရပေလိမ့်မည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၄၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ – PRC ကို အသိအမှတ်ပြုခဲ့သည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

၁၉၆၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်အငြင်းပွားမှုကို ပထမဆုံးဖြေရှင်းရသောနိုင်ငံဖြစ်လာ ခဲ့သည်။ ထိုနှစ်မှာပဲ ဘေဂျင်းနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်ကျူးကျော်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက် မှတ်ရေးထိုးခဲ့သော နိုင်ငံကလည်း မြန်မာနိုင်ငံပင်ဖြစ်သည်။

ထိုအချိန်ကစပြီး နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍတွင် စိတ်ကူးသစ်များမိတ်ဆက်အကောင်အထည်ဖော်လာကြတော့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များတွင် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးအား အခြားအာရှနှင့် အာဖရိကနိုင်ငံများဆက်ဆံရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် စံပြအဖြစ် တရုတ်နိုင်ငံကသတ်မှတ်ခဲ့သည်။

ထို့ပြင် တရုတ် – မြန်မာဆက်ဆံရေးက ဆိုရှယ်လစ်နှင့် ဆိုရှယ်လစ်မဟုတ်သောနိုင်ငံများကြား “ငြိမ်းချမ်းစွာအတူယှဥ် တွဲနေထိုင်ရေး၏ ဥပမာတစ်ခုဖြစ်လာခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်နှင့်မြန်မာက “ ငြိမ်းချမ်းစွာအတူ ယှဥ်တွဲနေထိုင် ရေးမူ ၅ ချက်” ကိုသတ်မှတ်ခဲ့ပြီး ထိုမူ ၅ ချက်က နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံမူများဖြစ် ကြောင်းအတည်ပြုခဲ့ကြသည်။

နောက်ထပ် ၆ နှစ်အကြာမှာတော့ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် နှစ်နိုင်ငံမကျူးကျော်ရေးစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့သည်။ ၎င်းတွင် နှစ်နိုင်ငံအကြားထာဝရငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုရှိသင့်သည်ဟု ပြဋ္ဌာန်းထားသည်။ ဆယ်နှစ်သက်တမ်းအထိချုပ်ဆိုခဲ့သောစာချုပ်အရ တရုတ်နှင့်မြန်မာတို့က အငြင်းပွားမှုများကို ငြိမ်းချမ်းစွာစေ့စပ်ဆွေး နွေးပြီး အင်အားသုံးခြင်းမရှိဘဲဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကြသည်။ နောက်ပိုင်းတွင်တရုတ်နိုင်ငံက အလားတူ စာ ချုပ်မျိုးကို အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားတို့နှင့်လည်း ချုပ်ဆိုခဲ့သည်။

သို့သော် ၇ နှစ်အကြာမှာတော့ အဆိုပါ “စံပြဆက်ဆံရေး”က ပြိုလဲသွားခဲ့လေတော့သည်။ ၁၉၆၇ ခုနှစ် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေးဖြစ်ရပ်များက တရုတ်နှင့်မြန်မာကြားမှာ အရာရာအဆင်မပြေကြောင်းအချက်ပြခဲ့ သည်။

လက်တွေ့မှာတော့ ၁၉၆၇ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေးပျက်ပြားမသွားမီကပင် စစ်အေးတိုက်ပွဲကာလ တလျှောက် လုံး နှစ်နိုင်ငံကြားဆက်ဆံရေးသည် ယခင်ကထက်လူသိရှင်ကြားအသိအမှတ်ပြုခံရမှု ပိုမိုများပြားလာခဲ့ပြီး နှစ်ဖက်စ လုံးကလည်း တစ်ဦးနှင့်တစ်ဦးကန့်သတ်ချုပ်ချယ်မှုများပြုလုပ်ခဲ့ကြသည်။

တရုတ် – မြန်မာဆက်ဆံရေးနှင့် အရှေ့တောင်အာရှဆိုင်ရာ တရုတ်မူဝါဒများနှင့်ပတ်သက်ပြီး ဘေဂျင်းရှိ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဂွမ်ဒေါင်းပြည်နယ်နှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မော်ကွန်းတိုက်စာရွက် စာတမ်းအများအပြားက ဤအချက်ကို ယေဘုယျအားဖြင့်ရှင်းလင်းစွာဖော်ပြနေကြသည်။

တရုတ်နှင့်ပတ်သက်သောစိုးရိမ်ပူပန်မှုများ မြန်မာနိုင်ငံမှာရှိသည်ဟု စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ယင်းစိုး ရိမ်မှုများကအချိန်နှင့်အမျှပြောင်းလဲသွားသကဲ့သို့ မြောက်ဘက်အိမ်နီးချင်းနိုင်ငံအပေါ် မြန်မာက စိုးရိမ်ကြောင်းဖော်ပြ သည့်နည်းလမ်းများလည်းရှိခဲ့သည်။ ဥပမာအားဖြင့် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၊ တရုတ်သံရုံးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံတည်ထောင်ခြင်း ပထမဆုံးနှစ်ပတ်လည်နေ့ကိုကျင်းပပြီးနောက် တရုတ်သံတမန်များက “မြန်မာအစိုးရ သည် မိမိတို့အမျိုးသားနေ့အခမ်းအနားကို သံသယအပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည် ”ဟု အစီရင်ခံတင်ပြခဲ့ကြသည်။

၁၉၅၀ ခုနှစ် အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော ပြည်ပရောက်တရုတ်လူမျိုးများအား တွေ့ဆုံမိန့် ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Yao Zhongming ၏ အမေရိကန်ဆန့်ကျင်ရေးသ ဘောထားမှတ်ချက်များအပေါ် မြန်မာအစိုးရက မကျေမနပ်ဖြစ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် သိရှိခဲ့ရသည်။

မြန်မာနိုင်ငံသည် စစ်အေးကာလတွင် တရုတ်၊ အမေရိကန်တို့နှင့် တြိဂံဆက်ဆံရေးတွင် အလွန်ဂရုတစိုက်ရှိခဲ့ပြီး မျှတ သောမူဝါဒကိုကျင့်သုံးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် သို့မဟုတ် ၁၉၆၁ ခုနှစ်တွင် နိုင်ငံမြောက်ပိုင်းရှိ ကူမင်တန်တပ်များကို အမေရိကန်က တိုက်ရိုက်ထောက်ပံ့လျက်ရှိနေ ကြောင်း မြန်မာအစိုးရက ကြေညာခဲ့ပြီးနောက်တွင်သော်မှ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ကိုဆန့်ကျင်ပြီး တရုတ်နှင့် ပေါင်းဖက်မည်ဆိုသော အစွန်းရောက်မူဝါဒမျိုးကို မည်သည့်အခါတွင်မှချမှတ်ခဲ့ခြင်း မရှိပါ။

အလားတူပင် ၁၉၆၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးပျက်ပြားပြီးနောက် တရုတ်နိုင်ငံအားတွန်း လှန်ခဲ့ရာတွင်လည်း မြန်မာနိုင်ငံသည် အမေရိကန်နှင့်ပူးပေါင်းခဲ့ခြင်းမရှိပါ။

တရုတ်နိုင်ငံသည်လည်းပဲ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မကြာခဏဆိုသလို စိုးရိမ်စိတ်များရှိနေပြီး ဘေဂျင်း၏ မြန်မာ နိုင်ငံအပေါ်  “နိုင်ငံရေးဦးတည်ချက်” ကလည်း အယုံအကြည်ကင်းမဲ့နေသည်သာဖြစ်သည်။

တရုတ်က မြန်မာနိုင်ငံကို မျက်နှာနှစ်ဖက်ရှိသည့် လွတ်လပ်သောအမျိုးသားရေးဝါဒီနိုင်ငံအဖြစ် သတ်မှတ်သည်။ မြန်မာ နိုင်ငံသည် နယ်ချဲ့စနစ်နှင့် ကိုလိုနီစနစ်ကို ဆန့်ကျင်တော်လှန်လိုစိတ်ရှိသော်လည်း နယ်ချဲ့သမားများနှင့် မကြာခဏ အပေးအယူလုပ်လေ့ရှိသည်ဟု တရုတ်ကယုံကြည်သည်။

တရုတ်ကွန်မြူနစ်ပါတီ – CCP ၏ တော်လှန်ရေးသီအိုရီအရ တော်လှန်သောပါတီဖြစ်စေ၊ တော်လှန်သောအစိုးရဖြစ် စေ၊ နိုင်ငံတစ်နိုင်ငံသည် ဆိုရှယ်လစ်ဟုတ်သည်ဖြစ်စေ သို့မဟုတ် မဟုတ်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးခေါင်းဆောင် များဖြစ်ကြသော ဦးနုဖြစ်စေ ဦးနေဝင်းဖြစ်စေ တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့ကို အမျိုးသားဓနရှင် လူတန်းစား၏ တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အမျိုးသားဓနရှင်လူတန်းစား၏အသွင် အပြင်နှစ်ဖက်ရှိခဲ့ပြီး “စည်းလုံးမှုနှင့်ရုန်းကန်မှု” နှစ်ခုစလုံးရှိနေသည်ဟု တရုတ်ရှုထောင့်မှရှုမြင်ခဲ့သည်။

“ပဋိပက္ခ”များက မြန်မာနိုင်ငံအပေါ်ဖိအားများနှင့်ခြိမ်းခြောက်မှုပုံစံဖြစ်လာသည်။ ယင်းကလည်း ကွန်မြူနစ်ဆန့်ကျင် ရေးနှင့်တရုတ်ဆန့်ကျင်သောနိုင်ငံဖြစ်လာပြီး အမေရိကန်ဘက်သို့ ကူးပြောင်းသွားမှုကို တားဆီးရန်ဖြစ်သည်။ ထို့ ကြောင့်လည်း မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကိုစီမံခန့်ခွဲရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ အမေရိကန်စစ်ရေးလေ့ကျင့် မှုများအားလုံးကို သတိဝီရိယဖြင့်စောင့်ကြည့်ခဲ့သည်။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးဖောက်လုပ်ရေး အပါအဝင် မြန်မာနိုင်ငံကို အမေရိကန်ကအကူအညီပေးလာမည်ကို တရုတ်တို့အထူးစိုးရိမ်ခဲ့သည်။

အလားတူ ၁၉၅၆ ခုနှစ်တွင် ချူအင်လိုင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလှမောင်အား (သတိပေးချက် အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော) “အကယ်၍မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစာချုပ်အဖွဲ့- SEATO ကိုဝင်ရောက် မည်ဆိုပါက နှစ်နိုင်ငံချစ်ကြည်ရေးကရှိလာတော့မှာမဟုတ်ဘူး ”ဟု ရှင်းရှင်းလင်း လင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်လေးနက်သော နိုင်ငံရေးအပြောင်းအလဲများကြုံတွေ့နေရသော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များအထိ မြန် မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ဝိရောဓိများပျောက်ကွယ်မသွားခဲ့ပါ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းခေါင်းဆောင်သောစစ်အာ ဏာရှင်အစိုးရအာဏာရလာပြီးနောက်မှာတော့ မြန်မာစစ်အစိုးရသည် အာဏာရှင်သဘောသဘောဝကိုပြောင်းလဲတော့ မည်မဟုတ်ဟု တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်လာခဲ့သည်။

၎င်းတို့အားလည်း “ဘူဇွာဗဟိုပြုများ” အဖြစ် တရုတ်ကသတ်မှတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက “မြန်မာ့ဆိုရှယ် လစ်လမ်းစဥ်”ကို စစ်မှန်သော “ဆိုရှယ်လစ်စနစ်” အဖြစ်အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။ ထို့ပြင် ဦးနေဝင်း၏ နိုင်ငံတွင်း နိုင်ငံရေးနှင့် စီးပွားရေးဆောင်ရွက်မှုများက တရုတ်နိုင်ငံဩဇာလွှမ်းမိုးမှုကို အားနည်းစေခဲ့ပြီး ပြည်ပရောက် တရုတ်လူ မျိုးများ၏ အကျိုးစီးပွားများကိုထိခိုက်နစ်နာစေခဲ့သောကြောင့် တရုတ်ကမကျေမနပ်ဖြစ်ခဲ့သည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက် တရုတ်သံရုံးအတွက် မိတ်ဆွေကောင်းများ ဖြစ်ကြသော နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့က ပုဂ္ဂိုလ်အများအပြား ဆက်တိုက်ဖမ်းဆီး ခံရခြင်းနှင့်ပတ်သက်ပြီး တရုတ်သံတမန်များက သတိပေးခဲ့သည်။ ဦးနေဝင်းအစိုးရက တပ်မတော်အရာရှိများနှင့် သံရုံး များကြားဆက်ဆံရေးကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့သည်။

ထိုအချိန်တွင် (တရုတ်) သံရုံး၏ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးလုပ်ငန်းများက အတော်ခရီးရောက်နေပြီလည်း ဖြစ်သည်။

တရုတ်နှင့်ပတ်သက်ပြီး ဦးနေဝင်း၏မူဝါဒမှာ “ဂရုစိုက်ရန်နှင့် မည်သူ့ကိုမျှမယုံကြည်ရန်” ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါ တီကလည်း ၎င်းကိုဆက်လက်ထိန်းသိမ်းထားကာ “ဦးနေဝင်းသည် ၎င်း၏ဇာတိအရပ်ကနေ ကွန်မြူနစ်ဝါဒကို တိုက် ခိုက်နေသောကြောင့် မိမိတို့နှင့်ဆက်ဆံရာတွင် ဖော်ရွေရင်းနှီးမှုမရှိသော အပြုအမူများ ပြသလာလိမ့်မည်” ဟု တရုတ် ကွန်မြူနစ်ပါတီက မျှော်လင့်ပြီးသားဖြစ်သည်။

အခြားတစ်ဘက်တွင်လည်း “ဦးနေဝင်းသည် မိမိတို့နှင့်ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေ သည်” ဟု တရုတ်အရာရှိများကရေးသားခဲ့ကြသည်။

ဘေဂျင်းက ရန်ကုန်ကို အလွယ်တကူအရှုံးပေးလိုစိတ်မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ဗျူဟာမြောက် ရပ်တည်ချက်ကအလွန်အရေးကြီးပြီး မြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေများအပြောင်းအလဲက တရုတ်တို့အပေါ် အရေးပါသောအကျိုးသက်ရောက်မှုများရှိသောကြောင့်ဖြစ်သည်။

ထို့ကြောင့် တရုတ်တို့က ဦးနေဝင်းအစိုးရ၏ကြိုးပမ်းအားထုတ်မှုများနှင့် သက်တောင့်သက်သာ နေရသောကြားနေရေး ကိုထောက်ခံအားပေးပြီး ဦးနေဝင်းအစိုးရအတွက်ဆက်လက်တိုက်ပွဲဝင်ရန်သာဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံချစ် ကြည်ရေးမူဝါဒနှင့်အညီ မိမိတို့က အတွင်းပိုင်းပြောင်းလဲမှုများနှင့် ဆက်နွယ်နေသည့် သီးခြားပြ ဿနာများကို သတိရှိရှိ ကိုင်တွယ်ဖြေရှင်းပြီး မိမိတို့အလုပ်ကိုသမာဓိရှိရှိဖြင့် အစွမ်းကုန်လုပ်ဆောင်ရန် ဖြစ်သည်ဟု တရုတ်ကယူဆခဲ့သည်။

ရိုးရှင်းစွာဆိုရလျှင်တော့ ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာရလာခြင်းက အမေရိကန်လိုလားသော ခေါင်းဆောင်ဖြစ်ခဲ့ သည်ထက် တရုတ်နိုင်ငံအတွက် ပိုမိုအကျိုးရှိခဲ့စေသည်ဟု တရုတ်ကခြုံငုံသုံးသပ်ခဲ့သည်။

ထို့အတွက်ကြောင့်လည်း တရုတ်ပြောသမျှယုံကြည်နေသော ဦးနေဝင်းအစိုးရကိုတခြားသူများနှင့် ပူးပေါင်းမသွားရန် တရုတ်ကွန်မြူနစ်ပါတီက သည်းသည်းလှုပ်‌ထောက်ခံခဲ့သည်။ အထူးသဖြင့် ဦးနေဝင်းအစိုးရကိုဖြုတ်ချပြီး နောက်ထပ် စစ်အာဏာသိမ်းမှုတစ်ခု သို့မဟုတ် ဦးနေဝင်းအစိုးရ စီးပွားရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရချိန်များတွင်ဖြစ်သည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ရပ်တည်ချက်က အဆိုပါမူဝါဒအတွက်အမှတ် အသားဖြစ်သည်။

“ပြည်ပရောက်တရုတ်လူမျိုးတွေက အရှေ့တောင်အာရှအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေး ခြင်း၊ မိမိတို့နိုင်ငံရဲ့ဆိုရှယ်လစ်စနစ်တည်ဆောက်မှု၊ နိုင်ငံတကာငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့ အရင်းရှင်နယ်ချဲ့ ဝါဒဆန့် ကျင်ခြင်းတွေကိုဆောင်ရွက်ရမယ်” ဟု ဘေဂျင်းက ပြောခဲ့ဖူးလေသည်။

ထိုသို့ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံရောက်တရုတ်များ၏ပိုင်ဆိုင်မှုများကို ဦးနေဝင်းကပြည်သူပိုင်သိမ်းယူလိုက် သောအခါ တရုတ်တို့အတွက် နိုင်ငံရေးနှင့်စီးပွားရေးအရဆုံးရှုံးမှုများရှိလာခဲ့သည်။ သို့သော်လည်း ပြည်ပရောက် တရုတ်လူမျိုးများ၏ အကျိုးစီးပွားအတွက်ကာကွယ်ပေးရန် ဘေဂျင်းကဆန္ဒမရှိခဲ့ပေ။ နိုင်ငံရပ်ခြားရောက် တရုတ်လူ မျိုးများနှင့်ဦးနေဝင်းအစိုးရတို့ အကြားကပဋိပက္ခကိုဖြေရှင်းခြင်းထက် အခြေအနေမှန်ကို တရုတ်က လက်ခံသင့်သည် ဟု ဘေဂျင်းကပြောကြားခဲ့သည်။

မူဝါဒရေးရာအရ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း “ပြည်ပရောက် တရုတ်လူမျိုးများအနေဖြင့် (မြန်မာ) အစိုး ရနှင့်ထိပ်တိုက် ရင်ဆိုင်မှု များမပြုလုပ်နိုင်ရန် တရုတ်-မြန်မာ ချစ်ကြည်ရေးအားကောင်းလာစေရန်ကိုသာ အလေးပေး ပြောကြားခဲ့သည်။

“ပြည်ပရောက်တရုတ်လူမျိုးတွေအခက်အခဲနဲ့ရင်ဆိုင်နေရချိန်မှာ အပြန်အလှန်ကူညီပံ့ပိုးမှုနဲ့လူမှုရေးဆိုင်ရာ ကြိုးပမ်းမှု တွေကိုလုံ့လစိုက်ပြီး ရေရှည်ရှင်သန်နိုင်မှုကိုအကျိုးပြုနိုင်မယ့်ပညာပေးရေးအစီအစဥ်တွေနဲ့ တရုတ်လူမျိုးတွေကိုပညာ ပေးသင့်တယ်” ဟုသာ တရုတ်အစိုးရကဆက်ပြီးပြောနေခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီအမြင်တွင် ပြည်ပရောက်တရုတ်နိုင်ငံသားများ၏အကျိုးစီးပွားက တရုတ် – မြန်မာချစ်ကြည် ရေးတွင် လက်အောက်ခံသာဖြစ်သည်။ သို့မဟုတ် နောက်ထပ်တစ်နည်းဆိုရသော် ပြည်ပရောက် တရုတ်လူမျိုးများ၏ အသက်မွေးဝမ်းကြောင်းနှင့် စားဝတ်နေ‌ရေးက ဘေကျင်းအစိုးရအကျိုးစီးပွားအတွက် လက်အောက်ခံသာဖြစ်သည်။

ဤစာတမ်းတွင်ဖော်ပြထားသကဲ့သို့ တရုတ်-မြန်မာဆက်ဆံရေး၏ ထင်ရှားသောကိုယ်စားပြုမှုများနှင့် သရုပ်မှန်ဆက် ဆံရေးကြားကခြားနားချက်ကို ကျွန်ုပ်တို့သတိပြုသင့်သည်။

ဆက်ဆံရေးကဏ္ဍတွင်ထူးခြားချက်များစွာရှိသော်လည်း ဒုက္ခတွေကလည်းဝေစုအဖြစ်ပါဝင်ပြီးဖြစ်သည်။ စစ်အေးကာ လအတွင်း တရုတ်-မြန်မာဆက်ဆံရေး ဆိုင်ရာများကိုထပ်မံသုတေသနပြုမည်ဆိုလျှင် တရုတ်နိုင်ငံအနောက်တောင် ပိုင်းရှိ ဒေသဆိုင်ရာမော်ကွန်းတိုက် များမှစာရွက်စာတမ်းများကိုအသုံးပြုခြင်းဖြင့် ပြီးမြောက်အောင်နိုင်သည်။  အထူး သဖြင့်ကတော့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေသော ယူနန်ပြည်နယ်တွင်ဖြစ်သည်။

ဘေဂျင်းရှိနိုင်ငံခြားရေးဝန်ကြီးဌာနမော်ကွန်းတိုက်သည် တစ်ချိန်တုန်းကတော့ တရုတ်-မြန်မာဆက်ဆံရေးနှင့် အရှေ့ တောင် အာရှဆိုင်ရာတရုတ်မူဝါဒများကိုလေ့လာရန် အကောင်းဆုံးသောနေရာဖြစ်ခဲ့သော်လည်း မကြာသေး မီနှစ်များ အတွင်းက အပြောင်းအလဲများကြောင့် အသုံးဝင်မှုကျဆင်းသွားခဲ့သည်။ ထို့ကြောင့်လည်း ရန်ကုန်ရှိ အမျိုးသားမော် ကွန်းတိုက်နှင့် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန မော်ကွန်းတိုက်များနှင့် အခြားမြန်မာနိုင်ငံတွင်းရှိ မော်ကွန်းတိုက် များက သမိုင်းပညာရှင်များရှာဖွေနေကြသော အချက်အလက်များကို သိမ်းဆည်းထားနိုင်မည့်နေရာများဖြစ်ကြပေ သည်။

Wilson Center တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Hongwei Fan” နှင့် “Charles Kraus” တို့ရေးသားသော “Reassessing China-Myanmar Relations during the Cold War” ကိုဆီလျော်အောင် ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတောင်ကုတ်‌တွင် စားသောက်ကုန်ပြတ်လပ်
Next Article ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းခွဲခံရသည့်တံတား မြေဖို့ကာ ယာယီဖြတ်သန်းခွင့်ရ
thanlwinkhet
  • Website

Related Posts

အရှေ့တီမော၏ မြန်မာစစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေး အပြောင်းအလဲ

October 3, 2025

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

October 17, 2025

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

October 17, 2025

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

October 17, 2025

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

October 15, 2025

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

October 15, 2025

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို

October 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.