သံလွင်ခက်
ဇူလိုင် ၂၂၊ ၂၀၂၄
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လာမဲ့ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အာရှနွယ်ဖွားအမျိုးသမီး ဟားရစ်ကို သမ္မတလောင်းအဖြစ်ရွေးချယ်ရန် အပြည့်အဝထောက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၇ နာရီက သမ္မတဘိုင်ဒန်ဟာ လာမဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ကြေညာအပြီး အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။
သူ့အနေနဲ့ကတော့ ကျန်ရှိနေတဲ့ သမ္မတတာဝန်ကို အပြည့်အဝအာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမဲ့ရွေးကောက်ပွဲအတွက် သူ့ရဲ့ ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဟားရစ်ကို ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အပြည့်အဝထောက်ခံပေးကြောင်း ဖော်ပြခဲ့ပါတယ်။
အသက် ၆၀ နှစ်အရွယ် ဒု-သမ္မတဟားရစ်သာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ်တင်မြှောက်ခံရမယ်ဆိုရင် အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံး အာရှနွယ်ဖွားလူမည်းအမျိုးသမီးတစ်ဦးဖြစ်လာမှာပါ။
ပုံစာ- အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူတွေ့ရသည့် ဒုသမ္မတဟားရစ်။ ဓာတ်ပုံ- အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဖေ့စ်ဘွတ်ခ်