ဘုန်းမောင်
ဇူလိုင် ၆၊ ၂၀၂၄။
မကြာခင် သန်းခေါင်ယံချိန်ရောက်တော့မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း နောက် ၁ နာရီဆိုလျှင် ည မထွက် ရအမိန့်က အသက်ဝင်ပေတော့မည်။ အရှေ့ဘက်စက်မှုဇုန်ရှိ ကားအလုပ်ရုံများဆီကအသံများ တိုးတိတ် သွားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ပါတီကတော့ အခုမှစပါသည်။
အသွင်မျိုးစုံဝတ်ဆင်ထားကြသောလူငယ်များ နိုက်ကလပ်ရှေ့ရှိ ကျဥ်းမြောင်းသောလမ်းကြားကလေးတွင် စုပြုံနေကြသည်။ လုံခြုံရေးဝန်ထမ်းများက အငှားကားများဖြင့်ရောက်လာကြသောဧည့်သည်များကို ဝင် ပေါက်ဝဆီ လိုက်လံပို့ဆောင်နေကြ၏။
နိုက်ကလပ်တွင်းရှိ အကကြမ်းပြင်ကြီးက လှုပ်ခါနေပါသည်။ ဆေးရွက်ကြီးနှင့် ဆေးခြောက်မီးခိုးများ ဝေ့ဝဲ လျက်။ ဘေ့စ်ဘောလ်ဂျာစီနှင့် ဘက်ဂီဘောင်းဘီဝတ်ဆင်ထားသော ဒီဂျေသမားကြောင့် လူအုပ်ကြီးက ရူး သွပ်နေသူများအလားလှုပ်ယမ်းနေသည်။ မြန်မာငွေ ၄၀၀,၀၀၀ ကျပ်ပေးရသော VIP စားပွဲဝိုင်းမှာတော့ မိန်း မပျိုတစ်ယောက်ထိုင်နေပြီး လက်ကိုင်ဖုန်းစခရင်ပေါ်ရှိ အဖြူရောင်အမှုန့်ငါးတန်းရှိသည့်အနက်က အတန်းတစ်တန်းကိုရှုရှိုက်ရင်း ခိုးခိုးခစ်ခစ်ရယ်နေလေသည်။
မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ပေါ်ရှိလူများ၏ လူနေမှုဘဝပုံစံများက စစ်ဘေးစစ် ဒဏ်ခံနေရသော အခြားသောဒေသရှိလူများ၏ လူမှုဘဝပုံစံများနှင့် သိသာခြားနားစွာပင် ကွဲပြားနေပါတော့ သည်။ ရန်ကုန်သည် စည်းချက်တစ်ခုအတွင်းသို့ ခုန်ဆင်းနေလေ၏။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သဖြင့် နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်ရေးများပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်မဟုတ်သော နယ်စပ်ဒေသများ ဖြစ်ကြသည့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်နယ်နိမိတ်များမှာတော့ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ ပါသည်။ အဆိုပါဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များသည်လည်း ၎င်းတို့ပိုင်ဆိုင်ခဲ့ဖူးသောနယ်မြေများ ပြန်လည်ရရှိရန် အစွမ်းကုန်တိုက်ပွဲဝင်နေလျက်သာရှိကြ၏။
လူဦးရေ ၃ သန်းကျော်ဝန်းကျင်သည် ၎င်းတို့၏နေအိမ်များမှထွက်ပြေးခဲ့ကြရပြီး လက်ရှိအချိန်မှာတော့ လူဦးရေ ၅၅ သန်းကျော်ရှိသောနိုင်ငံငယ်လေးတွင် သုံးပုံတစ်ပုံက ဆင်းရဲမွဲတေမှုဒဏ်ခံစားနေကြရပါ သည်။ ၎င်းပမာဏသည် ၂၀၁၅ ခုနှစ်ကတည်းက မကြုံတွေ့ခဲ့ရသောပမာဏလည်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုက ၂၆ ဒဿမ ၅ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ဘဏ်ကဆို ပါသည်။
အရပ်သားများစစ်မှုထမ်းရန် စစ်တပ်ကအတင်းအကြပ်လုပ်ဆောင်မှုများကြောင့် လုပ်သားများ၏အရည် အချင်းနှင့် လုပ်အားအင်အားများ ပိုပြီးအခြေအနေဆိုးရွားလာနေသည်။
သို့သော်လည်း ရန်ကုန်မြို့ကြီးတွင် စားသောက်ဆိုင်အသစ်များ ညပိုင်းဖွင့်သည့်ဆိုင်များ ဆက်လက်ပေါ် ပေါက်လာနေဆဲသာဖြစ်၏။ လွန်ခဲ့သည့် ၃ နှစ် အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံသည် အမှောင်ထု တွင်းထဲသို့ အနက်ရှိုင်းဆုံးကျဆင်းခဲ့ပါသော်လည်း ရန်ကုန်မြို့ကတော့ ယင်းအမှောင်ကိုကျောခိုင်းပြီး ပြတိုက်တစ်ခုသဖွယ် သမိုင်းဆိုးကြီးကိုအရောင်းမြှင့်တင်ပေးနေပါသည်။
အာဏာမသိမ်းခင်အချိန်ကပင် စမ်းချောင်းမြို့နယ်ရှိဆိုင်များတွင် ကျပ် ၆,၀၀၀ တန်ကော်ဖီနှင့် ကျပ် ၁၅,၀၀၀ တန် ဆယ်လ်မွန်သုပ်စားသောက်သူများဖြင့် စည်ကားနေခဲ့သည်။ ယင်းလိုနေရာမျိုးမှာတော့ စားသောက်သူများက စားပွဲထိုးများအား Wi-Fi QR ကုဒ် Scan ဖတ်ခိုင်းသံများကြားရလေ့ရှိတတ်သည်။ ညဘက်အပန်းဖြေစရာနေရာများနှင့် စားသောက်ဆိုင်များသည် လူစုလူဝေးဖြင့်ကျင်းပနိုင်မည့် ပါတီပွဲများ ကိုလည်း လက်ခံဆောင်ရွက်ပေးလေ့ရှိတတ်ပါသည်။
နာမည်ကျော်ရွှေတိဂုံစေတီတော်ကြီးအနီးရှိ ပြည်သူ့ရင်ပြင်သည် စိမ်းစိုလန်းဆန်းသလို သန့်ရှင်းသပ်ရပ် သောနေရာတစ်ခုလည်းဖြစ်၏။ ယင်းလိုနေရာမျိုးတွင် ချစ်သူစုံတွဲများသည် ရာသီဥတုဒဏ်ခံနိုင်သည့်ထိုင်ခုံ များ၌ ထိုင်နေလေ့ရှိတတ်သည်။
စင်ကာပူ Kepeel Group က ၂၀၂၃ ခုနှစ်တွင် အပြီးတိုင်ဖျက်သိမ်းခဲ့သော ကြယ်ငါးပွင့်အဆင့်ရှိ ဆီဒိုးနားဟို တယ်ကြီးမှာတော့ စမတ်ကျကျဝတ်ဆင်ထားသည့် ဒေသခံများသည် ရေကူးကန်အသုံးပြုခွင့်အပါအဝင် လက်ဖက်ရည်အတွက် ကျပ် ၆၀,၀၀၀ ပေးရသောဧည့်ခန်းဆီသို့ စမတ်ကျကျဆင်းလာနေပါသည်။ ၎င်းတို့ သည် ရေကူးကန်ကြီးကိုလစ်လျူရှုကာ ဆဲလ်ဖီများရိုက်ကူးနေကြလေ၏။
မြန်မာနိုင်ငံတွင် စစ်တပ်နှင့်ဆက်နွယ်နေကြသောလူတန်းစားများသည် စီးပွားရေးကျဆင်းမှုများမှ မိမိကိုယ် မိမိ အကာအကွယ်ပေးနိုင်ခဲ့သည်မှာ ယခုမှမဟုတ်ပါ။ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုခံခဲ့ရသော ယခင်စစ်အုပ်ချုပ်ရေးအစောပိုင်းကာလများကတည်းကပင် ၎င်းတို့သည် မိမိနှင့် မိမိစီးပွားရေး၊ မိမိနှင့် မိမိ မိသားစုတို့အား ကာကွယ်နိုင်ခဲ့ကြပါသည်။
သို့သော် ချမ်းသာကြွယ်ဝပါသည်ဆိုသော ရန်ကုန်မြို့ကြီးတွင်လည်း အချိန်မရွေးပေါက်ကွဲနိုင်သောစနက်တံ များ မြင်နေရ၏။
ယနေ့လိုကာလမှာတော့ ရန်ကုန်မြို့ပေါ်ရှိလမ်းများတွင် နိုင်ငံခြားခရီးသွားဧည့်သည်အနည်းငယ်ကိုသာ တွေ့ရနိုင်ပါတော့သည်။ ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည် ပတ်ခဲ့သော ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်ပေါင်း ၄ ဒဿမ ၃ သန်းကျော်ရှိခဲ့သည်။ မြန်မာအာဏာပိုင် များကထုတ်ပြန်ထားသော စာရင်းဇယားများအရ ကိုဗစ်ကပ်ရောဂါအလွန် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာခရီး သွားမှာ ၁ ဒဿမ ၂၈ သန်းသာ ရှိတော့သည်ဟုသိရသည်။
စစ်အာဏာသိမ်းချိန်ကစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသည် အရေးပေါ်အခြေအနေမှာသာရှိနေသေး သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟုဆိုထားပြီး ယင်း ၂၀၂၀ ရွေးကောက်ပွဲအစား နောက်ထပ်ရွေးကောက်ပွဲထပ်မံကျင်းပပေးမည်ဟု ဆိုထားသော်လည်း မည်သည့်အချိန်ကျင်းပနိုင်မည်နည်းဆိုသည်ကလည်း မေးခွန်းထုတ်စရာဖြစ်နေပါ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး သူမကိုလည်း စစ်ကောင်စီကဖမ်းဆီးထောင်ချထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်ကစ၍ နိုင်ငံအများအပြားက ၎င်းတို့နိုင်ငံသားများအား မြန်မာနိုင်ငံသို့ခရီးမထွက်ရန် သတိပေးကြေညာခဲ့သည်။ မြန်မာနိုင်ငံသို့ခရီးသွားကြမည့် စင်ကာပူနိုင်ငံသား များအားလုံး မိမိတို့ခရီးစဥ်များရွှေ့ဆိုင်းထားကြရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အကြံပြုထားသည်။ ဩစတြေလျအစိုးရကလည်း “အတင်းအဓမ္မ ဖမ်းဆီးခံရနိုင်ခြင်း”နှင့်ပတ်သက်၍သတိပေးထားပြီး “ရန်ကုန် အပါအဝင် အခြားနေရာများတွင် ပေါက်ကွဲမှုနှင့် တိုက်ခိုက်မှုများ အချိန်မရွေးဖြစ်လာနိုင်သည်”ဟုလည်း သတိပေးကြေညာထားပါသည်။
ရန်ကုန်မြို့လယ်ရှိဟိုတယ်တစ်ခုမှဝန်ထမ်းများကတော့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ဧည့်သည် များအား လိုက်လံသတိပေးထားသည်ဟု သိရသည်။
မိုးရေထဲ၌ ထီးတစ်လက်ကိုင်ဆောင်ထားသောရဲအရာရှိတစ်ဦးက လူသွားလူလာများကို မောင်းထုတ်နေပါ သည်။ ယင်းနေရာသည် တစ်ချိန်တုန်းကတော့ ဆန္ဒပြပြည်သူများဖြင့် စည်ကားခဲ့ဖူးသောနေရာတစ်နေရာ ဖြစ်ခဲ့ဖူးပြီး ယခုတော့လည်း ယာဥ်ကြောများပိတ်ဆို့နေသည့် ရန်ကုန်မြို့တော်ခန်းမကြီးပင်ဖြစ်၏။
စစ်တပ်နှင့် နီးကပ်သောကုမ္ပဏီများ၏အပြင်ဘက်မှာတော့ စစ်သားနှင့်ရဲအရာရှိများ စောင့်ကြပ်နေကြ သည်။ ထိုအချိန်မှာပဲ လမ်းဆုံလမ်းခွများတွင်ပိတ်မိနေကြသောကားများအနီးသို့ တောင်းရမ်းစားသောက်သူ များ ရောက်လာကြလေတော့သည်။
“ရုရှားကလွဲပြီး ခရီးသွားမရှိသလောက်ပါပဲ”ဟု ဧည့်လမ်းညွှန်တစ်ဦးက ညည်းတွားနေလေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအများအပြားက မြန်မာစစ်တပ်ကိုအဆက်အဆံမလုပ်ကြတော့သဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာပံ့ပိုးမှုများအတွက် မြန်မာစစ်တပ်က ရုရှားအပေါ်မှီခိုခဲ့ရလေသည်။ ထို့ကြောင့်လည်း ပြီးခဲ့သည့်မေလအတွင်းတုန်းကပင်လျှင် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ရုရှားကိုယ် စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖနေခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှုများ သိသာထင်ရှားစွာကျဆင်းသွားပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်က၂၀၂၄ ခုနှစ် မတ်လအထိ ၁ ရာခိုင်နှုန်းသာတိုးတက်ခဲ့ သည် ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုသိလိုပါက ရှန်ဂရီလာဟိုတယ်ကိုကြည့်လျှင် သိနိုင်ပါသည်။ ရှန်ဂရီ လာဟိုတယ်သည် ရန်ကုန်မြို့လယ်ကောင်တွင်တည်ရှိသည့် အထင်ကရဟိုတယ်ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ယာယီပိတ်ထားခဲ့ရသလို ယခုအချိန်ထိလည်း ပြန်လည်မဖွင့်လှစ်နိုင်သေးပါ။
ရန်ကုန်မြို့ရှိဘားတစ်ခုကိုပိုင်ဆိုင်သော မပြုံး (အမည်လွှဲ) က ကပ်ရောဂါမဖြစ်ခင်ကထက် သုံးပုံတစ်ပုံသာ ဝင်ငွေရှိတော့သည်ဟုပြောသည်။ အဆိုပါလုပ်ငန်းကို ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကတည်းက သူမ ထူထောင် ခဲ့ခြင်းဖြစ်သည်။
“အရင်ကဆို မနက် ၁ နာရီလောက်အထိ ကျွန်မဘားမှာ အလုပ်ရှုပ်နေတုန်းပဲ။ အခုတော့ ည ၁၀ နာရီဆိုတာ နဲ့ ဆိုင်မှာ လူမရှိတော့ဘူး။ ဒါက မနက် ၁ နာရီကနေ ၃ နာရီအထိ အပြင်မထွက်ရဆိုတဲ့ကာဖျူးကြောင့်ဆို ရင်လည်း ဟုတ်ပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေကြောင့်လည်း ညဆိုရင် လူတွေအပြင် ထွက်ဖို့ ထိတ်လန့်နေကြတယ်”ဟုပြောသည်။
သူ့ကိုယ်သူ ဦးကျော် ဟုမိတ်ဆက်ခဲ့သော နောက်ထပ်ဘားပိုင်ဆိုင်တစ်ဦးကလည်း ၎င်း၏လုပ်ငန်းဆက် လက်လည်ပတ်ရန်အတွက် ဝန်ထမ်းသစ်များလိုအပ်နေသော်လည်း ယင်းဝန်ထမ်းသစ်များခေါ်ယူနိုင်ရန် အတွက်လည်း ရုန်းကန်နေရသည်ဟုဆိုသည်။
“လက်ရှိ စစ်မှုထမ်းဥပဒေကြောင့် ဝန်ထမ်းအင်အားပြတ်လပ်နေပါတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေက လည်း နိုင်ငံခြားထွက်ကုန်ကြပြီလေ။ မြန်မာနိုင်ငံကထွက်သွားတဲ့သူတွေ ဘယ်ချိန်ပြန်လာမလဲဆိုတာ မသေ ချာတော့ဘူး”ဟုပြောသည်။
မိုးသူကလောင်အမည်ဖြင့်စာများရေးသားနေသော အသက် ၂၆ နှစ်အရွယ်စာရေးသူကတော့ ၎င်းနေထိုင် ရာရပ်ကွက်ရှိအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းစာရင်းစတင်ကောက်ကူခဲ့သည့်မတ်လတွင်ပင် သူနှင့် အစ်ကို ဖြစ်သူတို့ ဘန်ကောက်ကိုထွက်ပြေးလာခဲ့ကြသည်ဟုပြောသည်။
သူသည် ဒဂုံတက္ကသိုလ်တွင် အင်္ဂလိပ်စာအဓိကဖြင့် ပညာသင်ကြားခဲ့ပါသော်လည်း လက်ရှိအချိန်မှာတော့ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာကိုပင် ဆက်လက်သင်ယူနေသည်ဟုပြော သည်။
“တခြားနိုင်ငံတစ်နိုင်ငံကိုပြောင်းရွှေ့ဖို့ ကျွန်တော့်မိဘတွေက တွန်းအားပေးခဲ့ကြတယ်”ဟု ဘန်ကောက်မြို့ တွင်ပြုလုပ်သည့်အင်တာဗျူးတစ်ခုတွင် ၎င်းကဖြေဆိုခဲ့သည်။ “အခုတော့ အခြေအနေတွေက အဆိုးဆုံးကို ရောက်သွားပြီဆိုတော့ နိုင်ငံခြားမှာနေပြီး ကျောင်းဆက်တက်ဖို့ပဲရှိတော့တယ်။ မိဘတွေကလည်း အကုန်ခံ ထားပေးမယ်လို့ပြောတယ်”ဟုဆိုသည်။
ကိုမိုးသူကတော့ ၎င်းသည် ကံကောင်းသူဖြစ်သည်ဟု သူ့ကိုယ်သူယူဆထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရာ ပြည်လမ်းမကြီးပေါ်မှာတော့ စစ်သားများက ကားများအား စစ်ဆေးနေကြပါသည်။ ယင်းက ရန်ကုန်မြို့၏မလုံခြုံမှုကိုဖော်ပြနေပါသည်။
ပြီးခဲ့သည့်မေလအကုန်တွင် စစ်ကောင်စီက VPN အသုံးပြုခွင့်များ ကန့်သတ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် များ သတိကြီးကြီးထားနေထိုင်နေရသည်။ ဘားလုပ်ငန်းရှင်များသည် မီဒီယာများ၏မေးခွန်းကိုဖြေဆိုရန် ငြင်းဆန်လေ့ရှိတတ်ကြပါသည်။ အထူးသဖြင့် နိုင်ငံရေးဖြစ်သည်။
“ကျွန်တော်တို့လုပ်ငန်းတွေိကို တင်းကြပ်တဲ့ထိန်းချုပ်မှုတွေကြားက ဆောင်ရွက်နေရတယ်။ ကျွန်တော်တို့ ကြုံနေရတဲ့အခြေအနေတွေအပေါ် မီဒီယာတွေအနေနဲ့ နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်”
“Rangon parties on in war-torn Myanmar despite tough circumstances” ကို ဆီလျော်အောင်ရေးသား သည်။