• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးရောင်းဝယ်မှုအခြေအနေ – ဇာတ်သိမ်းပိုင်း
ဆောင်းပါး

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးရောင်းဝယ်မှုအခြေအနေ – ဇာတ်သိမ်းပိုင်း

thanlwinkhetBy thanlwinkhetMay 22, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးရောင်းဝယ်မှုအခြေအနေ – ဇာတ်သိမ်းပိုင်း
********
ဘုန်းမောင်
မေ ၂၂၊ ၂၀၂၄။
တတိယအချက်က အစိုးရအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးပြီးဆုံးချိန်တည်းက မြန်မာနိုင်ငံမှာ လူ တွေရဲ့ သတင်းအချက်အလက်ပေးပို့မှုကို ကန့်သတ်နိုင်တဲ့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေး စတင်ခဲ့ပါတယ်။ Financial Times ကဆောင်းပါးတစ်ပုဒ်မှာ မီးမောင်းထိုးပြထားတဲ့အတိုင်း အစိုးရဩဇာမသက်ရောက်တဲ့နေရာတွေမှာ မူးယစ် စီးပွားရေးထွန်းကားနေပြီး အကျင့်ပျက်ခြစားမှုက ဘုံသဘောဆောင်နေပါတယ်။ အရာရှိတွေကို လာဘ်ထိုးနိုင်ပြီး လက် ရှိအခြေအနေတွေက အရင်ကထက် ပိုဆိုးလာနေပါတယ်။
စတုတ္ထအချက်ကတော့ စီးပွားရေးပါ။ မြန်မာနိုင်ငံရဲ့အုပ်ချုပ်သူအဆက်ဆက်က စီးပွားရေးမူဝါဒတွေ ဖော်ဆောင်ခဲ့ ရာမှာ အကြောင်းအမျိုးမျိုးကြောင့် မြေအောက်စီးပွားရေးစနစ်ဆီပဲ ဦးတည်သွားခဲ့ရပါတယ်။ ဒီမှောင်ခိုဈေးကွက်က နိုင်ငံသားအများစုလိုအပ်တဲ့ ပြည်တွင်းနဲ့ပြည်ပကုန်ပစ္စည်းတွေကိုရရှိနိုင်ဖို့ တစ်ခုတည်းသောလမ်းကြောင်းပါပဲ။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့လွှမ်းမိုးမှုကတော့ ပဉ္စမမြောက်အချက်ပါ။
နှစ်ဆယ်ရာစုရဲ့အလယ်ပိုင်းမှာ CIA နဲ့ ပြင်သစ်ထောက်လှမ်းရေးတို့က ကွန်မြူနစ်တွေကို ဆန့်ကျင်နိုင်ဖို့တစ်ခု တည်းနဲ့ ရွှေတြိဂံဒေသမှာ ဘိန်းထုတ်လုပ်ရေး ကြီးမားလာအောင်ကူညီခဲ့ပါတယ်။ နိုင်ငံတော်တော်များကလည်း ဘိန်းထုတ်လုပ်ရေးပိုပြီးကျယ်ပြန့်လာအောင် ဝယ်လက်အဖြစ်နဲ့ကူညီပေးခဲ့ပါတယ်။ အရင်ကဘိန်း၊ အခုစိတ်ကြွ ဆေးဝယ်လိုအားက မြန်မာနိုင်ငံကို ဝန်းရံနေတဲ့နိုင်ငံတွေအပြင် ထိုင်းကနေ နယူးဇီလန်၊ ဖိလစ်ပိုင်ကနေ တောင် ကိုရီးယားအထိ အားကောင်းမောင်းသန်နဲ့ ကူးလူးဖြတ်သန်းနေပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းနဲ့ တောင်အမေ ရိကဒေသတွေမှာ မူးယစ်ဆေးဝါးဈေးကွက်မပေါ်ပေါက်သေးခင် ကာလကြာမြင့်စွာကတည်း အမေရိကန်နဲ့ ဥရောပ အတွက် မြန်မာနိုင်ငံက အရေးကြီးတဲ့မူးယစ်ဆေးဖောက်သည်နိုင်ငံ ဖြစ်နေခဲ့ပါတယ်။
ဘိန်းအတွက် အထူးအရေးအကြီးဆုံးနဲ့ ဆဋ္ဌမမြောက်အချက်က မြေယာနဲ့ ချေးငွေရရှိရေးကိစ္စတွေပါ။ အရိုးရှင်း ဆုံးပြောရရင် မိသားစုအတွက် စားဝတ်နေရေးကိစ္စကိုဖြေရှင်းတဲ့နေရာမှာ ဘိန်းစိုက်ဝင်ငွေက အဓိကအကျဆုံး ဖြစ်နေတဲ့ကိစ္စပါပဲ။ ဘိန်းက စိုက်ပျိုးရလည်းလွယ်ကူသလို မြန်မြန်ကြီးထွားတတ်တဲ့ သဘာဝရှိတဲ့အပြင် တခြား စိုက်ပျိုးရေးထုတ်ကုန်တွေထက် စိုက်ပျိုးစရိတ်သက်သာပါတယ်။ မြန်မာနိုင်ငံက မိသားစုဝင်အများအပြားအနေနဲ့ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် ဘိန်းစိုက်လုပ်ငန်းအပေါ်မှီခိုနေရပြီး ဘိန်းစိုက်ပျိုးရေးကျဆင်းနေပေမယ့် အမြတ်အစွန်းများတဲ့ လုပ်ငန်းဖြစ်နေတုန်းပါပဲ။ ထိုင်းနိုင်ငံထုတ် Manager Daily 360 Degree ရဲ့ဆောင်းပါး တစ်ပုဒ်မှာလည်း ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းက မကောင်းမှန်းသိပေမယ့် မိသားစုဝမ်းရေးအဆင်ပြေဖို့အတွက်ဆို နောက်ထပ်ရွေးချယ်စရာလည်းမရှိသေးတဲ့အတွက် ဒီလုပ်ငန်းကိုပဲ လုပ်ကိုင်နေရတယ်လို့ ဘိန်းစိုက်တောင်သူ တစ် ယောက်ကပြောကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးလုပ်ငန်း
********
မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုနှုန်းကြီးမားပါတယ်။ ဒါပေမယ့် ပျမ်းမျှဝင်ငွေက ဆင်းရဲမွဲတေမှုမျဉ်း အထက်မှာ ရှိနေပါတယ်။ ဒါကြောင့်လည်း လူအများစုကို ဆင်းရဲတွင်းကလွတ်မြောက်နိုင်စေပေမယ့် နောက်ထပ် လူအစုလိုက် အပြုံလိုက်ကိုလည်း ဆင်းရဲတွင်းထဲတွန်းပို့နိုင်ပါတယ်။ ကပ်ရောဂါနဲ့ အာဏာသိမ်းလိုက်တာက မြန်မာနိုင်ငံ လူဦးရေရဲ့တစ်ဝက်နီးပါး ၂၅ သန်းကို ဆင်းရဲတွင်းထဲ အမြန်ဆုံးနှုန်းနဲ့တွန်းပို့လိမ့်မယ်လို့ ကုလသမဂ္ဂက ယူဆ ထားပါတယ်။ ဒီလိုအခြေအနေတွေနဲ့ကြုံနေရတဲ့ ပြည်သူတွေအနေနဲ့ ငွေရလွယ်တဲ့မူးယစ်ဆေးလုပ်ငန်းဆီ ဦး လှည့်ကြပါတော့တယ်။ တနည်းအားဖြင့်ကတော့ စီးပွားရေးနှေးကွေးနေတာကို တရားမဝင်ဝင်ငွေနဲ့ ပြန်ပြီးတုန့်ပြန် လိုက်တာပါပဲ။ ဒေသတွင်းက ရာဇဝတ်ဂိုဏ်းတွေကလည်း မူးယစ်ဆေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနေကြပါတယ်။
အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း ၂၀၁၄ ခုနှစ်ကစပြီး ဘိန်းထုတ်လုပ်ရေးကျဆင်းခဲ့ပေမယ့် ဆက်ပြီးလုပ်ကိုင်နေတုန်းပဲ ဖြစ်သလို စိတ်ကြွဆေးဈေးကွက်ကလည်း ကြီးမားလာနေတုန်းပါပဲ။ ကပ်ရောဂါကြောင့်ဖြစ်ရတဲ့ အခက်အခဲ ကြောင့် ၂၀၂၀ ခုနှစ်အတွင်း ဓာတုဆေးဝါးထုတ်လုပ်မှုတွေ အမြင့်မားဆုံးဖြစ်ခဲ့ပါတယ်။ ကိုဗစ်နဲ့ အာဏာသိမ်း မှုကြောင့် မြန်မာ့အနာဂတ်ကပြောင်းလဲသွားနိုင်ပြီး ဒီအခြေအနေတွေအတိုင်း ဆက်ဖြစ်နေရင်တော့ ဘိန်းထုတ် လုပ်ရေးက နောက်တစ်ဖန်ပြန်ပြီးမြင့်တက်နိုင်တယ်လို့ UNODC က ၂၀၂၁ ခုနှစ် မေလကသတိပေးခဲ့ပါတယ်။ အချက်အလက်မှန်တွေရဖို့မလွယ်ကူတဲ့အတွက် လက်ရှိမြန်မာ့မူးယစ်ဆေးအခြေအနေနဲ့ပတ်သက်ပြီး ခန့်မှန်းဖို့ ခက်နေပါတယ်။
အချက်အလက်မှန်တွေရဖို့အတွက် အကြမ်းဖျင်းအနေနဲ့ ထိုင်း၊ တရုတ်၊ လာအို စတဲ့နိုင်ငံတွေရဲ့ အွန်လိုင်းသတင်း စာဖော်ပြချက်တွေ၊ အစီရင်ခံစာတွေနဲ့ ဆောင်းပါးတွေအပြင် မူးယစ်ဆေးရောင်းဝယ်မှုဆိုင်ရာ လေ့လာဆန်းစစ် ချက်တွေ၊ ရဲအရာရှိတွေနဲ့တွေ့ဆုံမေးမြန်းမှုတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ရ၊ ကိုးကားခဲ့ရပါတယ်။ လေ့လာချက်တွေအရ ဆိုရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးရောင်းဝယ်မှုလုပ်ငန်းတွေ အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရစ်ချက်ဟော်ဆေး က “မူးယစ်ဂိုဏ်းတွေအတွက်တော့ စစ် အာဏာသိမ်းမှုက win-win ပဲ” လို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေ အနေနဲ့ ထုတ်လုပ်မှုကိုတိုးမြှင့်ဖို့ အာဏာသိမ်းတာကို အခွင့်ကောင်းယူမှာမို့ပါပဲ။
တရုတ်နိုင်ငံကဖော်ပြခဲ့တဲ့ ဆောင်းပါးတွေမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ မူးယစ်မှောင်ခိုသမားတွေ များသထက် များလာနေပြီး အမျိုးအစားမတူတဲ့မူးယစ်ဆေးတွေ သန်းပေါင်းရာနဲ့ချီ ရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းမိ နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ မူးယစ် ဆေး ပိုပိုပေါများလာသလို ဒေသတွင်းအထွေထွေလုံခြုံရေးနဲ့ပတ်သက်ရင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမှာ စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။ မူးယစ်ဆေးရောင်းဝယ်မှုတွေကိုခြေရာခံဖို့အတွက် ခိုင်မာတဲ့အရင်းအမြစ်တွေ မရှိဘူးလို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းကစပြီး ဒေသတွင်းမူးယစ်ဆေးထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေ ပိုပိုပြီးများလာတယ်လို့ ဖော်ပြထားပါသေးတယ်။
အလားတူ ထိုင်းနိုင်ငံသတင်းဌာနတွေကလည်း “အာဏာသိမ်းပြီးနောက်ပိုင်း မဲခေါင်မြစ်တလျှောက် စိတ်ကြွဆေး ပြားရောင်းဝယ်ဖောက်ကားမှု တိုးလာတယ်လို့ ဖော်ပြခဲ့ကြပါတယ်” (Thaiger 2021) ။ ဘန်ကောက်ပိုစ့်ရဲ့ ၂၀၂၁ ခုနှစ်အတွင်းထုတ်ဝေဖော်ပြခဲ့ကြတဲ့ ဆောင်းပါးပေါင်းများစွာတွေကလည်း ဒေသတွင်းမူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်လာတာကို မီးမောင်းထိုးပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ဆောင်းပါး တွေမှာ မူးယစ်ဆေးလုပ်ငန်းတွေအပေါ် အရေးယူဆောင်ရွက်တာမျိုးနဲ့ ပတ်သက်တဲ့ရေးသားချက်တွေ မတွေ့ခဲ့ရပါဘူး။
လာအိုသတင်းစာတွေကလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှာဖမ်းဆီးခဲ့တဲ့ လာအိုနိုင်ငံရဲ့ အကြီးဆုံး မူးယစ်ဆေးဖမ်းဆီးမှုကို ဖော်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံကမူးယစ်ဆေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝါးမြိုနေပြီး အရင်ဈေးကွက်ဟောင်းဆီပြန်ရောက်ဖို့ နည်းလမ်းသစ်တွေနဲ့ချဉ်းကပ်လာနေပါတယ်” (Duangdee 2021)။ ဒါ့ အပြင် စိတ်ကြွဆေးတစ်ပြားရဲ့ဈေးနှုန်းက ဘတ် ၅၀ အောက် အနိမ့်ဆုံးဈေးနှုန်းအထိ ကျဆင်းနေပါတယ် (Thaiger 2021)။ ဒေသတွင်းမှာ ဈေးနှုန်းတွေတည်ငြိမ်နေတာ ဒါမှမဟုတ် ကျဆင်းနေတာတွေရှိနေပေမယ့် ထုတ်လုပ်မှုက ဆက်ပြီးတိုးနေပါတယ်။ ဖမ်းဆီးတာတစ်ခုတည်းနဲ့တော့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ (Reed 2021)
Reed ကပဲ “အာဏာမသိမ်းခင်အချိန်တုန်းကတော့ ကုန်တင်ကားတွေကို Scan ဖတ်ပြီး မူးယစ်ဆေးရှာဖွေခဲ့ကြ သလို အာဏာသိမ်းပြီးတော့လည်း အဲဒီနည်းလမ်းကို ကျင့်သုံးနေတုန်းပါပဲ။ ဒါပေမယ့် ကွာခြားချက်က တံစိုး လက်ဆောင်အဖြစ် ပိုက်ဆံပေးပြီး ဒီနည်းလမ်းကို ဖြတ်ကျော်နိုင်တာပဲ” လို့ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့်လည်း မူးယစ်ဆေးစီးဆင်းမှုအပေါ် စစ်အာဏာသိမ်းမှုက အကျိုးသက်ရောက်နေပုံပေါ်ပါတယ်။ စစ်တပ် က အာဏာသိမ်းလိုက်တဲ့အတွက် စပြီးဖြစ်ပေါ်လာခဲ့တဲ့ရှုပ်ထွေးမှုတွေထဲမှာ အရင်ကတည်းက အမြင့်ဆုံး အခြေအနေမှာရှိနေခဲ့တဲ့ မူးယစ်ဆေးထုတ်လုပ်မှုကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။
နိဂုံး
****
ဖော်ပြခဲ့တဲ့သုတေသနပြုလုပ်ချက်က ဒီကနေ့ကာလမှာရရှိနိုင်တဲ့အချက်အလက်နဲ့ သတင်းတွေအပေါ် အခြေခံ ကျကျကိုင်တွယ်ပြီး မြန်မာနိုင်ငံတွင်းက မူးယစ်ဆေးစီးပွားရေးလုပ်ငန်းတွေရဲ့ အကြမ်းဖျင်းအခြေအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာ ဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာကို ချဉ်းကပ်ကြည့်ခဲ့ခြင်းပါ။ အထူးသဖြင့်က အာဏာသိမ်းပြီးနောက် ပိုင်း ဖြစ်ပါတယ်။
အာရှ ၈ နိုင်ငံနဲ့ အနောက် ၄ နိုင်ငံက ဆောင်းပါးတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်လိုက်တဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မူးယစ်ဆေးဖမ်းဆီးရမိခဲ့မှုတွေမြင့်တက်နေပြီး မူးယစ်ဆေးကုန်သွယ်မှု အပေါ် စောင့်ကြည့်လေ့လာရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေသူတွေရဲ့ ထင်မြင်ယူဆချက်ကတော့ “မြန်မာစစ် တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဖမ်းဆီးရမိခဲ့မှုတွေ ပိုပြီး မြင့်တက်လာခဲ့တယ်” ဆိုတာပါပဲ။ အာဏာသိမ်းပြီးနောက်ပိုင်းလတွေမှာ ထိုင်းနိုင်ငံရဲ့နယ်စပ်တွေအပေါ် ပိုပြီးထိန်းချုပ်နိုင်ဖို့ အုပ်ချုပ်ရေးအပြောင်း အလဲတွေ ဆောင်ရွက်ခဲ့ရတဲ့အတွက် ကူးသန်းရောင်းဝယ်ရေးမြန်ဆန်ဖို့ လာအိုကတဆင့်လုပ်ကိုင်ဖို့ လမ်း ကြောင်းပြောင်းခဲ့ပါတယ်။
ဒါ့အပြင် အဓိကရုဏ်းနှိမ်နင်းဖို့ ရဲတပ်ဖွဲ့တွေကိုတာဝန်ပေးထားရတဲ့အတွက် မူးယစ်ဆေးကုန်သွယ်နေတဲ့ နယ်မြေ တွေမှာ အင်အားလျော့သွားခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထွန်း ကားလာတဲ့ လာဘ်ထိုးလိုက်ရင် Scan ဖတ်စက်တွေလည်း အလုပ်မလုပ်ကြတော့တဲ့ ကိစ္စမျိုးတွေပါ။
မူးယစ်ဆေးလုပ်ငန်းက အမြစ်ပြတ်ဖို့ခက်ပါတယ်။ မြန်မာနိုင်ငံမှာဆို မူးယစ်ဆေးပြန့်ပွားခဲ့ရတာ အကြောင်းအမျိုး မျိုးရှိနေပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီးအားကောင်းလာပါတယ်။ ဥပမာ – ဘိန်းသုံးစွဲတာနဲ့ ရိုးရာအစဉ်အလာကို ရောနှောပစ်တာမျိုးပါ။ ဆိုလိုတာက မူးယစ်ဆေးသုံးစွဲတာကို လူမှုဘဝပုံစံတစ်မျိုးအဖြစ် လက်ခံလိုက်ပြီး ကျန်းမာ ရေးအတွက် အသုံးပြုတယ်ဆိုတဲ့ကိစ္စမျိုးပါ။ ဒါ့အပြင် မြန်မာစစ်တပ်က တိုင်းပြည်မှာ ဩဇာအရှိဆုံးလူတွေနဲ့ လက် တွဲပြီး မူးယစ်ဆေးလုပ်ငန်းမှာ ထဲထဲဝင်ဝင်ပတ်သက်နေတဲ့အတွက် မူးယစ်ဆေးလုပ်ငန်းကိုစောင့်ကြည့်ဖို့က တကယ်ကိုခက်ခဲလွန်းပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး David Mathieson က “မြန်မာစစ်တပ်က မူးယစ်ဆေးဝါးပပျောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထားသလိုမျိုး ဟန်ဆောင်နေပြီး အနောက်အုပ်စုကလည်း အဲဒါကို ယုံကြည်ချင်ယောင်ဆောင်နေတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လမှာတော့ မြန်မာအာဏာပိုင်တွေက မူးယစ်ဆေးတန်ချိန်ပေါင်းများစွာကို ဖျက်ဆီးပြခဲ့ပါတယ်။ ကုလ သမဂ္ဂကလည်း မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စိတ်ကြွဆေးထုတ်လုပ်မှုစံချိန်တင်အဆင့်ကို ရောက်နေပြီလို့ သတိ ပေးထားပါတယ်။ ပညာရှင်တချို့ကတော့ အခုတောက်လောင်နေတဲ့မီးတောက်တွေဟာ “စစ်တပ်အနေနဲ့ ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းဖို့အလေးမထားဘဲ ကာလရှည်ကြာ မီးနဲ့ကစားခဲ့တဲ့အတွက် ရောင်ပြန်ဟပ်ချက်တွေ” လို့ ယုံကြည်ထားကြပါတယ်။
“Maria Elena Sassaroli” ရေးသားသော “Myanmar’s drug economy before and after the coup” ကို ဆီလျော်အောင် ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကလေးအကျဉ်းထောင်တွင် ထောင်ဝင်စာပို့ရန်ခက်ခဲနေ
Next Article ဝိုင်းမော်ရှိ တပ်စခန်းကြီးတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.