• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကလေးအကျဉ်းထောင်တွင် ထောင်ဝင်စာပို့ရန်ခက်ခဲနေ
နေ့စဉ်သတင်း

ကလေးအကျဉ်းထောင်တွင် ထောင်ဝင်စာပို့ရန်ခက်ခဲနေ

thanlwinkhetBy thanlwinkhetMay 21, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကလေးအကျဉ်းထောင်တွင် ထောင်ဝင်စာပို့ရန်ခက်ခဲနေ

*******

ယမင်းဖူးပွင့်အောင်

မေ ၂၁၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် ထောင်ဝင်စာပေးပို့ရန်အခက်အခဲများရှိနေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

ကလေးအကျဉ်းထောင်သည် မြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့်အတွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ကျော်ဖြတ်ရပြီး ထောင်ဝင်စာပေးပို့ရာတွင် ကန့်သတ်မှုများစွာလည်းရှိနေသည်ဟု အကျဉ်းသားကူညီသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “ ထောင်ဝင်စာက အလှူရှင်တွေကလှူတယ်ဆိုရင်တောင် အထဲမှာနေတဲ့အကျဉ်းသားရဲ့အချက်အလက်တွေ၊ နာမည်၊ အဖေနာမည်၊ ပုဒ်မရယ် ကျတဲ့နှစ်တွေရယ် မသိဘူးဆိုရင် ပို့လို့မရဘူး။ သွားတဲ့အချိန်မှာ သူတို့ဂိတ်တွေမနည်းဘူးဖြတ်ရတယ်လေ။  လူ ၁ ဦးကို ပါဆယ်ထုပ် ၂ ထုပ်ပဲပို့ခွင့်ပေးတယ်။ အိမ်က ကော်ဖီ ၁၅ ထုပ်ပေးရင် ၁၀ ထုပ်လောက်ပဲရတာတွေရှိတယ်။ အစားအ သောက်တွေကအစ အပြည့်တော့မရောက်ဘူး”ဟု ပြော သည်။

အကျဉ်းထောင်ထဲတွင် အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သည့် ထောက်ပံ့မှုများ မရရှိသောကြောင့် ထောင်ဝင်စာပြတ်လပ်သည့်အချိန်တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်ရသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦးက သူ၏အတွေ့အကြုံကို ပြောသည်။

“အိမ်ကပို့မယ့်အလှည့်နဲ့ ထောင်ဝင်စာပိတ်တဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံတော့ ထောင်ဝင်စာမရလိုက်ဘူး။ ဟင်းတွေဘာမှ စားစရာမရှိတော့ဘူး။ ကန်စွန်းရွက်အရိုးအရင့်ကို မည်းနေအောင်ပြုတ်ထားတာတွေ ဒါတွေနဲ့ဘယ်လိုမှစားလို့အဆင်မပြေဘူး။ ငပိဆိုလည်း ဝက်ကျွေးတဲ့ငပိတွေ၊ လုံးဝနံစော်ပြီး စားလို့မရဘူး” ဟုပြော သည်။

ပြီးခဲ့သည့် ဧပြီလက နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်တွင် ကလေးအကျဉ်းထောင်က အကျဉ်းသား ၂၀ ခန့်သာ လွတ်မြောက်ခဲ့ပြီး နိုင်/ကျဉ်း ၁ ဦးမျှ ပါဝင်ခြင်းမရှိဟုလည်း ကလေးအကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးအကျဉ်းထောင်များနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အကျဉ်းထောင်များကို ပြောင်းရွှေ့ခံရသည့် နိုင်/ကျဉ်းမိသားစုဝင်များအနေဖြင့်လည်း ထောင်ဝင်စာပို့နိုင်သည့် အကြိမ်ရေ လျော့နည်းသွားသည်ဟု နိုင်ငံရေးအကျဉ်းသူ ၁ ဦး၏ အစ်မဖြစ်သူ မဝေဝေ(အမည်လွှဲ) က ပြောသည်။

၎င်းက “အရင်က အင်းစိန်ထောင်မှာ ၁ နှစ်ခွဲလောက်နေရတယ်။ အမိန့်ချပြီးတော့ နေရာမရှိတော့လို့ဆိုပြီး သာယာဝတီထောင်ကို ပြောင်းရတယ်။ ကားခတင် ၁ သိန်းခွဲလောက်ရှိတော့ ၁ လ ၁ ခေါက်လောက်ပဲသွားနိုင်တယ်။ ပစ္စည်းပို့တဲ့နေရာမှာလည်း အကန့်အသတ်ရှိတော့ ၁ ခေါက်ပဲ ပို့နိုင်တာ သိပ်တော့အဆင်မပြေဘူးပေါ့” ဟုပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ၇၆ နှစ်မြောက် လွတ် လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ကလေးမြို့အကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၁ ဦးမျှပါဝင်ခဲ့ခြင်းမရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုအချိန်အထိ နိုင် ငံရေးအကျဉ်းသား စုစုပေါင်း ၂၆,၇၀၀ ဦးဖမ်းဆီးခံခဲ့ရပြီး ၂၀,၄၇၃ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉,၀၀၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP ကထုတ်ပြန်ထားသည်။

****

Telegram – > https://t.me/ThanLwinKhetNews/4651

YouTube -> https://youtu.be/b23CL15_vH0

Website -> https://thanlwinkhet.net/?p=10127

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးဝါးရောင်းဝယ်မှုအခြေအနေ အပိုင်း – ၁
Next Article အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးရောင်းဝယ်မှုအခြေအနေ – ဇာတ်သိမ်းပိုင်း
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.