• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးဝါးရောင်းဝယ်မှုအခြေအနေ အပိုင်း – ၁
ဆောင်းပါး

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးဝါးရောင်းဝယ်မှုအခြေအနေ အပိုင်း – ၁

thanlwinkhetBy thanlwinkhetMay 21, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
မေ ၂၁၊ ၂၀၂၄။

(ဆောင်းပါးဟောင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်)

နိဒါန်း

မြန်မာနိုင်ငံသမိုင်းမှာ ဗုဒ္ဓဘာသာခေတ် မတိုင်မီက ၃၇ မင်းနတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ခဲ့ပါ
တယ်။ လူသိများထင်ရှားတဲ့ဒဏ္ဍာရီတစ်ခုအရဆိုရင်တော့ အဲ့ဒီ ၃၇ မင်းနတ်တွေထဲက တစ်ပါးဖြစ်တဲ့
မောင်မင်းဖြူနတ် လို့လည်းခေါ်ကြသလို ဒလဆုံး မင်းရဲကျော်စွာနတ်လို့လည်းခေါ်တဲ့ နတ်တစ်ပါးဟာ
ဘိန်းအလွန်အကျွံသုံးစွဲတဲ့အတွက်ကြောင့် ၁၆ ရာစုအတွင်း သေဆုံးခဲ့ရသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို
လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘိန်းသုံးစွဲမှု ဘယ်လောက်ထိနက်ရှိုင်းခဲ့တယ် ဆိုတာနဲ့
ဘယ်အချိန် ကစပြီး သုံးစွဲခဲ့ကြတယ်ဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ဇာတ်လမ်း မွေးဖွားခဲ့ပြီး
နှစ်ပေါင်း ၅၀၀ ကျော်အကြာ ဒီကနေ့ကာလရဲ့ မြန်မာနိုင်ငံတော်ကြီးဟာလည်း ကမ္ဘာပေါ်မှာ
ဒုတိယအကြီးမားဆုံး ဘိန်း/ဟီးရိုးအင်းထုတ်လုပ်သူ ဖြစ်နေပြီး ကမ္ဘာအကြီးမားဆုံး
စိတ်ကြွဆေးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေပါတယ်။ နှစ်ခုလုံးပေါင်းလိုက်ရင်တော့ မြန်မာနိုင်ငံဟာ
ကမ္ဘာ့အကြီးမားဆုံး မူးယစ်ဆေးဝါး နိုင်ငံတော်ကြီးပါပဲ။

ကနဦးကာလတွေတုန်းကတော့ ဘိန်းကို ဒေသခံ အခြေခံလူတန်းစားတွေလောက်သာ သုံးစွဲခဲ့ကြပြီး
စိုက်ပျိုးထုတ်လုပ်မှုကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကာလတွေ
တလျှောက်မှာတော့ ဘိန်းစိုက်ပျိုးမှုတွေက နိုင်ငံတွင်းမှာ အချိန်နဲ့အမျှ တိုးပွားလာခဲ့ပြီး ရိုးရာဓလေ့၊
ပထဝီဝင်အခြေအနေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ပုံစံအမျိုးမျိုးပြောင်းလဲခဲ့ပါ
တယ်။ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ဒေသတွင်း မူးယစ်ဆေးဝါးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ဒီအချက်ကြောင့်ပဲ အစပိုင်းကာလတွေမှာ အကန့်အသတ်နဲ့သာရှိခဲ့တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေဟာ
နိုင်ငံ့လူမှု – စီးပွားရုပ်ဝတ္ထုရဲ့ အဓိကအစိတ် အပိုင်းတစ်ခုဖြစ်လာတဲ့အထိ
တဖြည်းဖြည်းချင်းပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းဈေးကွက်ရှိနေပြီးသား ဖြစ်တဲ့အတွက် ပိုပြီးဆွဲဆောင်မှုရှိတဲ့
မူးယစ်ဆေးဝါးအသစ်တွေ ထုတ်လုပ်ရောင်းဝယ်ဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် စပြီး
စမ်းသပ်ကြည့်ဖို့ အတွက်လည်း မြန်မာနိုင်ငံက အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ စိတ်ကြွဆေး ထုတ်လုပ်မှုပမာဏ တိုးမြှင့်လာခဲ့ပါတယ်။
စိတ်ကြွဆေးတွေထဲမှာ လူကြိုက်အများဆုံးက ယာဘ သို့မဟုတ် ယာမ (ရူးသွပ်ဆေးပြား)လို့ခေါ် တဲ့
စိတ်ကြွဆေးပြားဖြစ်ပြီး ချက်လုပ်ရာမှာ ကဖိန်းဓာတ်ပါဝင်မှုပမာဏ များတဲ့အတွက် အစွမ်းထက်တဲ့
စိတ်ကြွဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ အတွက် တိုင်းပြည်ရဲ့ လူမှုရေး၊
စီးပွားရေးနဲ့ နိုင်ငံရေးသွင်ပြင် လက္ခဏာတွေအပေါ် အကျိုးသက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။
အာဏာသိမ်း မှုအကျိုးဆက်က အစဉ်အဆက်ကြီးမားလာခဲ့တဲ့ မူးယစ်ဆေးဝါးကုန် သွယ်မှုအပေါ်
ဘယ်လိုအကျိုးသက်ရောက်စေမလဲ ဆိုတဲ့အချက်အပေါ် နိုင်ငံတကာပညာရှင်တွေနဲ့ အမျိုးမျိုးသော
သုတေသီတွေရဲ့စိတ်ဝင်စားမှု ကလည်း မြင့်တက်လာခဲ့ပါတယ်။ အများစုကတော့ အာဏာသိမ်းမှုက

မူးယစ်ဆေးကုန်သွယ်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်စေမလဲ၊ မူးယစ်ဆေးဝါးရောင်းဝယ်ရေး
ဖြစ်စဉ်အပေါ်ကိုလည်း ဘယ်လို အကျိုး သင်ရောက်စေမလဲ၊ နောက်ထပ်ပြီး နိုင်ငံရဲ့
နိုင်ငံရေးအခင်းအကျင်း သစ်ကြောင့် မြေအောက်စီးပွားရေးနယ်ပယ်နဲ့ ဝိသေသလက္ခဏာတွေ
ဘယ်လိုပြောင်းလဲသွားကြမလဲ စတဲ့အချက်တွေအပေါ် နားလည်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အခုဖော်ပြမယ့်စာတမ်းက အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း
မြန်မာ့မူးယစ်ဆေးအကြောင်း လေ့လာရာမှာ အထောက်အကူပြုပါ လိမ့်မယ်။ အပိုင်းသုံးပိုင်း
ခွဲခြားဖော်ပြမယ့်ဒီစာတမ်းမှာ ပထမနဲ့ဒုတိယ အပိုင်းတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့
ကုန်သွယ်ရေးကဏ္ဍမှာ မြန်မာနိုင်ငံက ကမ္ဘာ့ဗဟိုချက် ဖြစ်လာရတဲ့အကြောင်းအပြင် မူးယစ်ဆေး
စတင်ထုတ်လုပ်လာချိန်နဲ့ အကြောင်းရင်း. . စတာတွေကို ဖော်ပြ ထားပါတယ်။

တတိယအပိုင်းမှာတော့ အာဏာသိမ်းချိန်ကစပြီး မူးယစ်ဆေးကုန်သွယ် ရေးနယ်ပယ်နဲ့
ဝိသေသလက္ခဏာတွေရဲ့ အပြောင်းအလဲတွေကို အလေးထား ချဉ်းကပ်ထားပါတယ်။
အသေးစိတ်မဖော်ပြခင် အဓိကကျတဲ့ အချက်နှစ်ချက်ကို ဖော်ပြပေးပါဦးမယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးစတင်ချိန်
********

၁၆ ရာစုအစ ပထမကာလတွေမှာ အာရပ်ကုန်သည်တွေက မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီကို ဘိန်းစတင်
ယူဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် သမိုင်းဆိုင်ရာ စာသားအချက်အလက်တွေနဲ့ မှတ်တမ်းတွေမှာတော့
မြန် မာနိုင်ငံမှာ ၁၉ ရာစုမတိုင်ခင်အချိန်အထိ ဘိန်းစိုက်ပျိုးရေးနဲ့ ဘိန်းအသုံးပြုမှုကို
ရည်ညွှန်းထားတာမျိုး မတွေ့ရပါဘူး။ ၁၈၀၀ ပြည့်လွန်နှစ် တွေမတိုင်ခင်အထိ ဘိန်းသုံးစွဲမှုက

အခြေခံလူတန်းစားတွေအပေါ်ကို သာ အများဆုံးထိခိုက်စေခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး
ဗုဒ္ဓဘာသာကိုယ်ကျင့်သီလနဲ့ လူမှုအဖွဲ့အစည်းတွေက ထိန်းချုပ်ထားခဲ့ပါတယ်။ ဗြိတိသျှ
ကိုလိုနီလက်ထက်မှာတော့ အကန့်အသတ်နဲ့ ဘိန်းစိုက်ပျိုးခဲ့ပြီး ဒေသခံ ခေါင်းဆောင်တချို့ကို
တားမြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ ရှမ်းပြည်နယ်နဲ့ အရှေ့မြောက်ပိုင်းဒေသတချို့မှာ
နေထိုင်ကြသူသူတွေကတော့ တားမြစ်မှုကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး ဘိန်းစိုက်ပျိုးမှုက အင်နဲ့အားနဲ့ကို
တရားဝင်ဖြစ်နေတုန်းပါပဲ။ လက်ရှိဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းက ရှမ်းပြည်နယ်ကဖြစ်ပြီး
ရှမ်း၊ ကချင်ကြားက အိမ်ထောင်စု ပေါင်း ၁၉၀၀၀၀ နီးပါး ရှိပါတယ်။ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ဓာတု
ဆေးဝါးဓာတ်ခွဲခန်း အများစုကလည်း ရှမ်းတောင်တန်းဒေသတွေမှာ တည်ရှိနေတယ်လို့ ယူဆရပါတယ်။

“နိုင်ငံတကာ ဘိန်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး”လိုပဲ ဘိန်းထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးကလည်း
အတူတူ အရှိန်အဟုန်မြှင့် တိုးတက်လာခဲ့ပါတယ်။ အမှန်စင်စစ်တော့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှာ
ဘိန်းစိုက် ပျိုးရေးအတွက် လိုအပ်တဲ့ဘိန်းပင်ကို တရုတ်ပြည်တောင်ပိုင်းက တောင်ပေါ်ဒေသနေ
တောင်ပေါ်သားတွေက မြန်မာနိုင်ငံအရှေ့မြောက် ပိုင်းမှာရှိတဲ့ ဝေးလံသီခေါင်တဲ့
ရှမ်းပြည်နယ်ဒေသတွေအပါအဝင် ရွှေတြိဂံဒေသဆီကို ၁၉ ရာစုနှောင်းပိုင်း ကာလမှာ
စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယကမ္ဘာစစ်ကြီးပြီး တော့မှသာ
ဒေသတွင်းနဲ့ပြည်တွင်းဆီ ကြီးမားတဲ့ မူးယစ်ဆေးပျံ့နှံ့စီး ဆင်းမှုကြီး စတင်ခဲ့ပါတယ်။ ၁၉၄၉
ခုနှစ်မှာတော့ မော်စီတုန်းက တရုတ်ပြည်မှာ ဘိန်းထုတ်လုပ်ရေးကို တားမြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း
ဘိန်းစိုက်ပျိုးရေးက တရုတ်ပြည်ယူနန်ကနေ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်။
ကူမင်တန်အကြွင်းအကျန်တွေကလည်း ကွန်မြူနစ်တွေကို တိုက်ခိုက်ဖို့ ငွေကြေးလိုအပ်တဲ့အတွက်
ရှမ်းတောင်တန်းဒေသတွေမှာ မူးယစ်ဆေးရောင်းဝယ်ဖို့ တက်တက် ကြွကြွ လှုပ်ရှားခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာတော့ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်
ဆိုတဲ့ အတွေးအခေါ်ကို စတင်မိတ် ဆက်ပေးခဲ့ပါတယ်။ ဒီအခြေအနေတွေအောက်က မြန်မာနိုင်ငံက

ပြည်တွင်းအသုံးပြုနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို အိမ်နီးချင်းနိုင်ငံတွေဆီကနေ
မှောင်ခိုတင်သွင်းလာခဲ့ရတဲ့အတွက် လူအများစုအတွက် ဘိန်းနဲ့ ဘိန်းဖြူက
ကြားခံဖလှယ်ရေးပစ္စည်းဖြစ်ခုဲ့ ပါတော့တယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်ရေး တိုးလာနေတာကို တားဆီးဖို့
အတွက် ၁၉၇၄ ခုနှစ်မှာ မြန်မာစစ်တပ်က “မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော
ဆေးဝါးများဥပဒေ”ကိုပြဋ္ဌာန်းခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းကာလတွေမှာတော့ CCDAC (မူး ယစ်ဆေးဝါး အလွဲသုံးစားမှု
ထိန်းချုပ်ရေးဗဟိုကော်မတီ) နဲ့ ကုလသမဂ္ဂ သဘောတူညီချက်ရခဲ့ပါတယ်။ အဲဒီသဘောတူညီချက်က
၁၉၇၆ – ၁၉၈၁ ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၆ ဒဿမ ၅ သန်း တန်ဖိုးရှိတဲ့
မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ငန်းစီမံချက်ဖြစ်ပြီး နော်ဝေ အစိုးရက ထောက်ပံ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ သုံးစွဲမှုကိုထိန်းချုပ်နိုင်ဖို့က စိန်ခေါ်မှုတစ်ခုဖြစ်တယ်ဆိုတာ
တဖြည်းဖြည်း ထင်ရှားသိသာလာပါတယ်။ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာမှာ
နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ပြီးစွက်ဖက်ဖို့ ကလည်း အရင်ကထက် ပိုခက်ခဲလာပြီး စိန်ခေါ်မှုတစ်
ရပ်အနေနဲ့ ရှိနေတုန်းပါပဲ။ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းကာလတွေမှာ မြန်မာနိုင်ငံက
ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်သူဖြစ်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်အလယ်ပိုင်းအထိ ဆက်လက်
ထိန်းသိမ်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်အတွင်း ထုတ်လုပ်မှုက အမြင့်ဆုံးကိုရောက်ရှိ
သွားခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတော့ အကြောင်းအမျိုးမျိုးကြောင့် (အဓိကက တော့ ကမ္ဘာ့ဘိန်းဖြူဈေးကွက်
အပြောင်းအလဲကြောင့်) နိုင်ငံတွင်း မူးယစ်ဆေးဝါထုတ်လုပ်မှုက တဖြည်းဖြည်း ကျဆင်းသွားခဲ့ပါတယ်။

၂၀၀၆ – ၂၀၁၃ ကြားကာလအတွင်းမှာတော့ မူးယစ်ဆေးဝါးနဲ့ဆက်စပ် နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့ HIV နဲ့
AIDS ကြောင့် အပျော့စားပြန်လည်ရှင် သန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း HIV နဲ့ AIDS ပြန့်ပွားမှုက
လက်ရှိ အချိန်ထိ ကြီးမားတဲ့ပြဿနာတစ်ရပ် ဖြစ်နေစဲပါပဲ။ ၂၀၁၄ ခုနှစ်အတွင်း ထုတ်လုပ်မှုတွေ
နောက်တစ်ကြိမ်ပြန်ပြီး လျော့ကျသွားခဲ့ပြန်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ
ဘိန်းစိုက်ပျိုးဧက ၇၂၈၉၆ (၂၉၅၀၀ ဟက်တာ)ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၁၁ ရာခိုင်နှုန်း ဒါမှမဟုတ်
၃၆၀၀ ဟက်တာအထိ လျော့ကျသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တည်းက ဆက်တိုက် ကျဆင်းလာခဲ့တာ
ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းတာက မူးယစ်ဆေးဈေးကွက်ပြိုလဲသွားတာနဲ့ မဆိုင်ပါ
ဘူး။ ဆန့်ကျင်ဘက်ပြောရရင်တော့ ဘိန်းစိုက်ပျိုးမှုနှေးကွေးလာတာနဲ့ ဘိန်းဖြူအမြတ်အစွန်း
နည်းပါးသွား တာကြောင့် စိတ်ကြွဆေးထုတ်လုပ်မှု သိသိသာသာ တိုးလာခဲ့တဲ့အပြင် တခြား
ဓာတုဆေးဝါးထုတ်လုပ်မှု တွေ တိုးမြှင့်လာတာနဲ့ တိုက်ဆိုင်နေပါတယ်။ ဓာတုဆေးဝါးပစ္စည်းတွေကို
မှောင်ခိုကူးတာက ဘိန်းထက် ပိုပြီးလွယ်ကူနေပါတယ်။ ၂၀၁၀ ခုနှစ်တွေတလျှောက် အရှေ့နဲ့
အရှေ့တောင်အာရှမှာ စိတ်ကြွဆေးဖမ်းဆီး ရမှုက ၆၄၀ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အများစုက တော့
မဲခေါင်မြစ်အောက်ပိုင်း ကုန်သွယ်ရေးတွေအပေါ် ပိုပြီး အာရုံစိုက် လာခဲ့ကြပါတယ်။ UNODC
(ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး) က “အခုချိန်မှာတော့ မြန်မာနိုင်ငံက
ဒေသတွင်းနိုင်ငံတွေအတွက် စိတ်ကြွဆေးအဓိကအရင်း အမြစ်ဖြစ်လာနေပြီး ကမ္ဘာ့ထိပ်တန်း
စိတ်ကြွဆေးဖြန့်ဖြူးတဲ့နိုင်ငံ ဖြစ်လာနိုင်ပါတယ်”လို့ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလရက်စွဲနဲ့ နောက်ဆုံးအစီရင်ခံစာမှာတော့ အမျိုးအစားကွဲပြားတဲ့ ဒေသတွင်း
ဓာတုဆေးဝါးဈေးကွက်ကို ဆက်ပြီးတိုးချဲ့နေတဲ့ ဘိန်းထုတ်လုပ်မှုနဲ့ ဝယ်လိုအားက
ဆက်တိုက်ကျဆင်းနေတုန်းပဲလို့ ဖော်ပြထားပါတယ်။ (မကြာသေးခင်ကပဲ မြန်မာနိုင်ငံရဲ့

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေက အရင်ကထက် နှစ်ဆတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂက
ဖော်ပြထားပါတယ်။)

မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဈေးကွက် ဘာကြောင့်ကြီးမားလာရသလဲ
*******

ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရေးတွေ
ဘာလို့တိုးတက်ကြီးမားလာခဲ့သလဲ ဆိုတာကို အကျဉ်းသဘောဖော်ပြပြီး တဲ့နောက် ဒေသတွင်းမှာရှိတဲ့
မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှု နောက်ကွယ်မှာရှိနေတဲ့ ဖိအားတွေအကြောင်း သေချာနားလည်ဖို့
လိုအပ်လာပါတယ်။ မူးယစ်ဆေး ထုတ်လုပ်ရေးမှာ မြန်မာနိုင်ငံက အဓိကဇာတ်ကောင်ဖြစ်လာခဲ့တဲ့
အဓိကအချက် ၆ ချက်ရှိပါ တယ်။

ပထမအချက်က၊ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုပါ။ မြန်မာနိုင်ငံရဲ့ပြည်နယ် တွေမှာ သက်ဆိုင်တဲ့လူနည်းစု
တိုင်းရင်းသားအုပ်စုငယ်လေးတွေ သီးခြားနေထိုင်နေကြပြီး ကိုယ့်ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်း
ထားကြပါတယ်။ တိုင်းပြည်တွင်းရှုပ်ထွေးတဲ့ လူမှုရေးပြဿနာတွေက မူးယစ်ဆေးစွဲလမ်းမှု ပြဿနာလိုပဲ
ဖြေရှင်းရမယ့်ကိစ္စတွေပါပဲ။ ဒါပေမဲ့လည်း ကိုယ့်အုပ်စုတစ်ခုတည်းကိုပဲ သန်မာစေခြင်းကလည်း နိုင်ငံ
တွင်းလိုအပ်တဲ့ စည်းလုံးရေးကို ပြိုကွဲစေပါတယ်။ ဒီလိုပြိုကွဲနေတာက စစ်အာဏာရှင်စနစ် ဆက်ပြီး
သက်ဆိုးရှည်စေနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရာစုနှစ်များစွာ ဘိန်းစိုက်ပျိုး စားသုံးလာခဲ့သလို

ဘိန်းအသုံး ပြုမှုကိုလည်း လူနေမှုဘဝပုံစံအဖြစ် လူမှုရေးအရ လက်ခံထားပြီး ဆေး
ဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် သုံးစွဲခဲ့ကြတဲ့ သမိုင်းကြောင်းနဲ့လည်း ဆက်စပ်နေပါသေးတယ်။

ဒုတိယက ပထဝီအနေအထားနဲ့ ရာသီဥတုအခြေအနေဖြစ်ပြီး ရွှေတြိဂံ ဒေသဆိုရင်လည်း ဘိန်းစိုက်ဖို့
အတွက် ကောင်းမွန်တဲ့သဘာဝပေး အခြေအနေတွေကို ပိုင်ဆိုင်ထားပါတယ်။ မဲခေါင်မြစ်နဲ့
ရောက်မြစ်တို့ရဲ့ ဆုံဆည်းမှုကလည်း ဘိန်းစိုက်ပျိုးဖို့အတွက် မြေဩဇာအကောင်းဆုံးပါပဲ။
စိတ်ကြွဆေးနဲ့ ဓာတုဆေးဝါး ထုတ်လုပ်ရေးတွေက ပထဝီဝင်အခြေ အနေတွေနဲ့ သက်ဆိုင်နေပါတယ်။
မူးယစ်ဆေးဓာတ်ခွဲခန်းတွေ ရှိနေတယ်လို့ယူဆရတဲ့ တောင်တန်းတွေနဲ့တောရိုင်း ကုန်းမြေတွေဆီ
မော်တော်ကားနဲ့ သွားလာလို့မရ တဲ့အတွက် အတိုင်းအဆမရှိ မူးယစ်ဆေး ထုတ်လုပ်ပေးနိုင်တဲ့
စံပြပတ်ဝန်းကျင်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဘိန်းနဲ့စိတ်ကြွဆေးထုတ်လုပ်တဲ့ ဒေသတွေဖြစ်တဲ့
ရှမ်းပြည်နယ်က ထိုင်း၊ တရုတ်နှစ်နိုင်ငံလုံးနဲ့ နယ်မြေ ချင်းထိစပ်လွန်းနေပြီး အရင်က
ဘိန်းတစ်မျိုးတည်းရှိနေခဲ့ရာမှာ အခုတော့ စိတ်ကြွဆေးဝယ်လိုအားပါ အရမ်းများလာခဲ့ပါတယ်။
မြောက်ဘက်ကဒေသအများစုက တရားမဝင်ကုန်သွယ်ရေးကိုအားပေးတဲ့ ထိရောက်တဲ့
အုပ်ချုပ်ရေးကင်းမဲ့ နေတဲ့ အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း
ပိုပြီးဆိုးရွားလာခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Maria Elena Sassaroli” ရေးသားသော “Myanmar's drug economy before and after the coup” ကို
ဆီလျော်အောင်ရေးသားပါသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစက်ရုံအချို့တွင် ထောက်ပံ့ကြေး ၁,၀၀၀ ပေးသော်လည်း သတ်မှတ်လုပ်ခနှုန်းထားမရောက်
Next Article ကလေးအကျဉ်းထောင်တွင် ထောင်ဝင်စာပို့ရန်ခက်ခဲနေ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.