Month: April 2025

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)ဒေသအတွင်း ကျားဖြန့်လုပ်ငန်းခွင်များမှ ထိန်းသိမ်းထားသူများကို မြဝတီမြို့ရှိ အားကစားရုံသို့ ဧပြီလ ၁၈ ရက်တွင် လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူက ပြောသည်။ အဆိုပါလွှဲပြောင်းထားသူများအား သက်ဆိုင်ရာအာဏာပိုင်များက စိစစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းသွားမည်ဟု ဆိုသည်။ DKBA ၏ ပြုစုထားသော စာရင်းများတွင် လွှဲပြောင်းပေးခဲ့သူအရေအတွက်မှာ…

Read More

Loading

မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနှင့်ထိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ရည်စူးကာ မေတ္တာပို့ဆုတောင်းပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘာသာပေါင်းစုံမှာ ဦးဆောင်သူများနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး ဆုတောင်းစကားများပြောကြားခြင်းနှင့် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – သံလွင်ခက်

Read More

Loading

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်မြောက်လာသူ အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦးသာ ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ပြောသည်။ ယနေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄၈၉၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သည်။…

Read More

Loading

ကရင်ပြည်နယ်၊ ကေအဲန်ယူ၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ၊ ကော့ကရိတ်မြို့နှင့် ကျုုဒိုးမြို့အတွင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။ ဧပြီလလယ်ပိုင်းမှစပြီး တိုက်ပွဲပိုမိုပြင်းထန်လာခြင်းဖြစ်ပြီး ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) မှစကာ စစ်ကောင်စီဘက်မှ လေကြောင်း၊…

Read More

Loading

ဧပြီလ ၁၇ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးသည်ဟု အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

Read More

Loading

ယနေ့ မြန်မာသင်္ကြန်အတက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတပ်သည် Y-12 လေယာဉ်အမျိုးအစားဖြင့် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မြောက်ကမ္မရိုက်ရွာသို့ ဗုံးကြဲခဲ့သဖြင့် အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်နေရသော…

Read More

Loading

လူဦးရေ လေးသိန်းခွဲရှိသော ကရင်နီပြည်တွင် ဒေသခံ နှစ်သိန်းကျော်မှာ စစ်ဘေးရှောင်များဖြစ်သည်။ ရာနှင့်ချီနေသော စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံရင်း နှစ်သစ်ကူးကာလများကို ဖြတ်ကျော်ခဲ့ရသည်မှာ ၄ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို သင်္ကြန်ကာလအတွင်းပင် နေ့စဉ်ရက်ဆက်ကြုံတွေ့ခဲ့ရပြီး ကလေးငယ်များအပါအဝင် ဒေသခံအချို့မှာ နီးစပ်ရာရေချောင်းများတွင် ရေပက်ကစားခဲ့ကြရသည်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဒေသခံအချို့ ရေကစားနေကြသည့်…

Read More

Loading

ဘုန်းမောင် မြန်မာပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်တဲ့ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်ကဖြုတ်ချပြီးအာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၄ နှစ်ကျော်လို့ ၅ နှစ်ထဲရောက်လာခဲ့ပါပြီ။ အရပ်သားအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်း နိုင်ငံအနှံ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူတွေရဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် လူငယ်အများအပြားက လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ခဲ့ကြပါတယ်။…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီဒေသတွင်းမှာရှိတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေက ထိန်းသိမ်းထားသူကို ကရင်နယ်ခြားစောင့်တပ်(BGF)က သင်္ကြန်အစီအစဉ်တစ်ခုကို ကျင်းပပေးခဲ့ပါတယ်။ နိုင်ငံတကာကနေ ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေချိန်မှာ မြန်မာနှစ်သစ်သင်္ကြန်ကို ဆင်နွှဲဖို့ တောင်းဆိုလာတာကြောင့် BGF ရဲ့ ဦးဆောင်သူတွေက ကျင်းပပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ဒီအစီအစဉ်မှာတော့ ရေပက်ကစားတာတွေ၊ BGF မိသားစုဝင်တွေရဲ့ စတုဒိသာကျွေးမွေးတာတွေပါဝင်ခဲ့သလို အချို့ထိန်းသိမ်းခံကျားဖြန့်လုပ်သားတွေဟာ…

Read More

Loading

ဘုန်းမောင် (၃) စာသင်ကျောင်းနဲ့သက်ဆိုင်တဲ့အဆောက်အအုံတွေ တိုက်ခိုက်ခံနေရ စာသင်ကျောင်းဆောင်တွေ သင်ထောက်ကူပစ္စည်းတွေနဲ့ ကျောင်းပိုင်ပစ္စည်းတွေလို့သတ်မှတ်ထားတဲ့အရာတွေကို ပစ် မှတ်ထားဖျက်ဆီးတာက ကျောင်းသားတွေရဲ့ပညာသင်ကြားရေးကိုထိခိုက်စေတဲ့ အကြောင်းရင်းတွေပဲဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စာသင်ကျောင်းတွေ စစ်ရေးဆိုင်ရာအဆောက် အအုံအဖြစ် တမင်ရွေးချယ်အသုံးပြုနေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက် ည ၁၀ : ၀၀…

Read More