ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)ဒေသအတွင်း ကျားဖြန့်လုပ်ငန်းခွင်များမှ ထိန်းသိမ်းထားသူများကို မြဝတီမြို့ရှိ အားကစားရုံသို့ ဧပြီလ ၁၈ ရက်တွင် လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူက ပြောသည်။
အဆိုပါလွှဲပြောင်းထားသူများအား သက်ဆိုင်ရာအာဏာပိုင်များက စိစစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းသွားမည်ဟု ဆိုသည်။
DKBA ၏ ပြုစုထားသော စာရင်းများတွင် လွှဲပြောင်းပေးခဲ့သူအရေအတွက်မှာ ၂၇၇ ဦးရှိပြီး နိုင်ငံပေါင်း ၉ နိုင်ငံမှ ရောက်ရှိနေသူများဖြစ်သည်။
အဆိုပါ ၂၇၇ ဦးတွင် အီသီယိုးပီးယား ၂၅၂ ဦး၊ ကင်မရွန်း ၂ဦး၊ ရဝမ်ဒါ ၆ ဦး၊ နိုင်ဂျီးရီးယား ၄ဦး၊ ဆီယာလီယွန် ၅ဦး၊ မာလဝီ ၃ဦး၊ ဇင်ဘာဘွေ ၁ဦး၊ ဘူရွန်တီ ၃ ဦးနှင့် ဗီယက်နမ် ၁ ဦးတို့ဖြစ်သည်။
၎င်းတို့ထဲတွင် မဟာသင်္ကြန်အကြိုနေ့တွင် နေရပ်ပြန်ရေးစောင့်ဆိုင်းနေရသည်မှာ ကြာမြင့်လာသဖြင့် ဆန္ဒထုတ်ဖော်ခဲ့သူများပါဝင်သည်။
ဓါတ်ပုံ – ပေးပို့





