ဘုန်းမောင်
(၃) စာသင်ကျောင်းနဲ့သက်ဆိုင်တဲ့အဆောက်အအုံတွေ တိုက်ခိုက်ခံနေရ
စာသင်ကျောင်းဆောင်တွေ သင်ထောက်ကူပစ္စည်းတွေနဲ့ ကျောင်းပိုင်ပစ္စည်းတွေလို့သတ်မှတ်ထားတဲ့အရာတွေကို ပစ် မှတ်ထားဖျက်ဆီးတာက ကျောင်းသားတွေရဲ့ပညာသင်ကြားရေးကိုထိခိုက်စေတဲ့ အကြောင်းရင်းတွေပဲဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စာသင်ကျောင်းတွေ စစ်ရေးဆိုင်ရာအဆောက် အအုံအဖြစ် တမင်ရွေးချယ်အသုံးပြုနေပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက် ည ၁၀ : ၀၀ အချိန်မှာ စစ်ကောင်စီက ဘီးလင်းမြို့နယ်ထဲကကျေးရွာ ၁ ရွာကို ဗုံး ၁၂ ကြဲ ချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဗုံးတွေက KECD စာသင်ကျောင်းဝင်းတွေထဲလည်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာထဲမှာရှိတဲ့နေအိမ် ၇ လုံး၊ ကျောင်းအဆောက်အအုံ ၄ လုံးနဲ့ ဘုန်း တော်ကြီးကျောင်း ၁ ကျောင်း ထိခိုက်ခဲ့ပါတယ်။
စာမေးပွဲပညာရေးစနစ်နဲ့ CDM
__________
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး အစီရင်ခံစာပြုစုနေတဲ့ကာလအတွင်း KNU ထိန်းချုပ်နယ်မြေတွေနဲ့ နှစ်ဖက် ရောနှောထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသက မိဘနဲ့ကျောင်းသားတွေဟာ စစ်ကောင်စီကဖွင့်လှစ် ထားတဲ့စာသင်ကျောင်းတွေမှာတက်ရောက်ပြီး ပညာဆက်လက်သင်ကြားဖို့ငြင်းဆန်ခဲ့တဲ့အတွက် စစ်ကောင်စီပညာ ရေးဝန်ကြီးဌာနလက်အောက်ခံစာသင်ကျောင်းတွေကို မဖွင့်လှစ်နိုင်တော့ပါဘူး။ ပညာရေးဝန်ထမ်းတွေအပေါ် စစ် ကောင်စီကဖမ်းဆီးထိန်းသိမ်းတာ၊ ညှဥ◌်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေရှိခဲ့သော်ငြားလည်းပဲ ကျောင်းဆရာ အရေအတွက်အများအပြား CDM မှာပါဝင်ခဲ့ကြပါတယ်။
မူတြော်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့အလုပ်တွေကိုဆက်မ လုပ်ကြဖို့နဲ့ မူတြော်ခရိုင်ထဲကထွက်ခွာသွားကြဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး မူတြော်ခရိုင်မှာရှိတဲ့ KNU အုပ်ချုပ်ရေးဌာနက အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်တွင်းကကျောင်း သား၊ မိဘနဲ့ ဆရာဖြစ်သူတွေကိုယ်တိုင်က စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတဲ့အတွက် ဘူးသိုမြို့နယ်ထဲက ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားလုံး ရပ်တန့်သွားခဲ့ပါတယ်။
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းတချို့က KECD ရဲ့သင်ရိုးညွှန်းတမ်းကို စတင်လက်ခံသင်ကြားခဲ့ပါတယ်။ ထို့အတူ ဖာပွန်မြို့နယ်မှာလက်ရှိဖွင့်လှစ်ထားတဲ့စာသင်ကျောင်းတွေက KECD ကျောင်းတွေသာဖြစ်ကြပါတယ်။ အချို့ ကျောင်းတွေက KECD သင်ရိုးညွှန်းတမ်းနဲ့ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရလက်ထက်ကသင်ကြားခဲ့ တဲ့သင်ရိုးညွှန်းတမ်းကို အသုံးပြုသင်ကြားပေးနေကြပါတယ်။ CDM ဆရာအများစုက KECD သင်ရိုးညွှန်းတမ်းနဲ့မရင်း နှီးတဲ့အတွက် NLD အစိုးရလက်ထက်ကသင်ကြားခဲ့တဲ့သင်ရိုးညွှန်းတမ်းကိုပါ အသုံးပြုသင်ကြားပေးနေရခြင်းဖြစ်ပါ တယ်။
နေရာရွှေ့ပြောင်းသင်ကြားနေရတဲ့ မြန်မာ့ပညာရေး
________________
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေအပေါ် စစ်ကောင်စီရဲ့တိုက်ခိုက်မှု တွေနဲ့ အရပ်သားနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေတိုးမြှင့်လာနေခြင်းက အိုးအိမ်မဲ့အရေအတွက်ကို ပိုပြီးတိုးမြှင့်လာ စေခဲ့ပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းက ပညာသင်ကြားရေးမှာ အဓိကကျတဲ့အတားအဆီးကြီးတစ်ခုဖြစ်ပါတယ်။
ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် လူငယ်တချို့နဲ့ကလေးတချို့ကတော့ ပဋိပက္ခမရှိတဲ့နောက်ထပ်နေရာတွေဆီ ရောက်အောင်ထွက်ပြေးကြသလို တချို့ကတော့လည်း နယ်စပ်တလျှောက်မှာရှိတဲ့ရွှေ့ပြောင်းကျောင်းတွေမှာ ပညာ ဆက်လက်သင်ကြားဖို့ ထိုင်းနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။
ပညာရေးအပေါ် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေအတွက် လုံခြုံရေးနဲ့ဥပဒေဆိုင်ရာသက်ရောက်မှုတွေ
_______________
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအတန်ကြာကတည်းက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ ပညာရရှိ ဖို့အတွက် ခြိမ်းခြောက်မှုများစွာနဲ့ စိန်ခေါ်မှုများစွာရှိနေခဲ့ပါတယ်။ ဆယ်စုနှစ်များစွာကတည်းက ဒေသခံပြည်သူတွေ ဟာ “ဗမာမှုပြုရေး”ရဲ့လက်အောက်ခံဖြစ်ခဲ့ရပါတယ်။ အစိုးရအဆက်ဆက်ကလည်း ဒေသခံတွေရဲ့ဒေသန္တရဘာသာစ ကားကိုလုံးဝဂရုမစိုက်ခဲ့ဘဲ တိုင်းရင်းသားလူနည်းစုတွေနဲ့မနီးစပ်တဲ့ မြန်မာအစိုးရရဲ့သင်ရိုးညွှန်တမ်းကိုသာပြဋ္ဌာန်းခဲ့ ပါတယ်။
၂၀၂၀ ခုနှစ်တုန်းကလည်း ကိုဗစ်ကြောင့် စာသင်ကျောင်းတွေကို အချိန်အကန့်အသတ်မရှိ ပိတ်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဆက်တိုက်ဆိုသလို လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အတင်းအဓမ္မရွှေ့ပြောင်းရတာတွေ တိုးမြှင့်လာခဲ့ပါတယ်။
UDHR ရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆ အပါအဝင် နေရာအများအပြားမှာ ပညာသင် ကြားခွင့်နဲ့ပတ်သက်တဲ့ လူတွေရဲ့အခွင့်အရေးအမျိုးမျိုးကိုပြဋ္ဌာန်းထားပါတယ်။ ဒီအစီရင်ခံစာမှာဖော်ပြထားတဲ့ စာသင် ကျောင်းတွေအပေါ် စစ်ကောင်စီရဲ့ဆက်တိုက်တိုက်ခိုက်မှုတွေက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ ပညာရေးဆိုင်ရာ ရှင်းလင်းမှုကို ချိုးဖောက်ရာလည်းရောက်ပါတယ်။
ပညာသင်ကြားခွင့်မှာ ယဥ◌်ကျေးမှုဆိုင်ရာဘဝနေထိုင်ခွင့်တွေအပါအဝင် အခြားသောလူ့အခွင့်အရေးတွေ ဆက်စပ် ပါဝင်နေပါတယ်။ “ကလေးငယ်တွေရဲ့ပညာရေးမှာ ကိုယ်ပိုင်ယဥ◌်ကျေးမှု၊ ဘာသာစကားနဲ့ တန်ဖိုးအသီးသီးကို လေးစားမှု စတာတွေပါဝင်နေပါတယ်” ။ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေနေထိုင်နေကြတဲ့ ပြည်နယ်တွေဟာ မိခင်ဘာသာစကားကိုသင်ကြားနိုင်ဖို့ ဒါမှမဟုတ် မိခင်ဘာသာစကားနဲ့ပညာသင်ကြားခွင့်ရနိုင်ဖို့က ပြည်နယ်အာဏာ ပိုင်တွေမှာ တာဝန်ပိုရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းကစပြီး စစ်ကောင်စီဟာ သူတို့ထိန်းချုပ် ထားတဲ့စာသင်ကျောင်းတွေကိုသာတက်ရောက်ဖို့ မိဘနဲ့ကျောင်းသားတွေကို ဖိအားပေးနေခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၂၆၀၁ ကိုအတည်ပြုခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ တွေမှာပါဝင်တဲ့ ပညာရေးဆိုင်ရာအခွင့်အရေးတွေကိုကာကွယ်ဖို့နဲ့ ‘လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းအသီးသီးအတွက် ပညာရေးရဲ့တန်ဖိုးဖြတ်မရနိုင်တဲ့အခန်းကဏ္ဍကိုလေးစားဖို့’အလေးပေးထားပါတယ်။ ကရင်ပြည်နယ်မှာ ၃ နှစ်တာကာ လအတွင်း စာသင်ကျောင်းတွေပိတ်ထားရတာ ဒါမှမဟုတ် စာသင်ကျောင်းတွေကို ပစ်မှတ်ထားဖျက်ဆီးခဲ့တာတွေ ကြောင့် ပညာရေးကဏ္ဍအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပါတယ်။
‘ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် – CRC’ မှာဆိုရင်လည်း ကလေးငယ်တွေရဲ့ပညာရေးဆိုတာ ကိုယ်ပိုင်ယဥ◌်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနဲ့ ကိုယ်ပိုင်တန်ဖိုးတွေအပေါ် လေးစားတတ်တဲ့စိတ်ဓာတ်တွေဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်ရမယ်လို့ဆိုထားပါတယ်။ အထူးသဖြင့် လူနည်းစုတွေစုဖွဲ့နေထိုင်ကြတဲ့နိုင်ငံတွေဟာ မိမိတို့ရဲ့ မိခင်ဘာသာစကားကိုသင်ယူဖို့ ဒါမှမဟုတ် မိခင်ဘာသာစကားနဲ့သင်ကြားပို့ချတာတွေအတွက်တာဝန်ရှိပြီး လူနည်းစု တွေရဲ့သမိုင်း၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားနဲ့ ယဥ◌်ကျေးမှုတွေကိုအသိပညာပေးဖို့ တာဝန်ရှိပါတယ်။ International Criminal Law – ICL အရဆိုရင်လည်း ဥပဒေအရအကာအကွယ်ပေးထားတဲ့အရာဝတ္ထုတွေကို ရည်ရွယ် ချက်ရှိရှိတိုက်ခိုက်ခြင်းက ရောမဥပဒေ (Rome Statute) အရ ရာဇဝတ်မှုတစ်ရပ်အဖြစ် ယူဆနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အစီရင်ခံစာအတိုင်းဆိုရင်တော့ စစ်ကောင်စီဟာ စာသင်ကျောင်းတွေနဲ့ကလေးတွေ မိဘနဲ့ဆရာ တွေ ရပ်ရွာတွေအပေါ်တိုက်ခိုက်နေခြင်းက စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်ဆိုတာ အရှင်းလင်းဆုံးဖော်ပြ ထားချက်တွေပဲဖြစ်ပါတော့တယ်။
Ref: KHRG