ကရင်ပြည်နယ်၊ မြဝတီဒေသတွင်းမှာရှိတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေက ထိန်းသိမ်းထားသူကို ကရင်နယ်ခြားစောင့်တပ်(BGF)က သင်္ကြန်အစီအစဉ်တစ်ခုကို ကျင်းပပေးခဲ့ပါတယ်။
နိုင်ငံတကာကနေ ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေချိန်မှာ မြန်မာနှစ်သစ်သင်္ကြန်ကို ဆင်နွှဲဖို့ တောင်းဆိုလာတာကြောင့် BGF ရဲ့ ဦးဆောင်သူတွေက ကျင်းပပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒီအစီအစဉ်မှာတော့ ရေပက်ကစားတာတွေ၊ BGF မိသားစုဝင်တွေရဲ့ စတုဒိသာကျွေးမွေးတာတွေပါဝင်ခဲ့သလို အချို့ထိန်းသိမ်းခံကျားဖြန့်လုပ်သားတွေဟာ ဆင်ရုပ်တံဆိပ်ပါ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ရေပက်ကစားခဲ့ကြပါတယ်။
ဓါတ်ပုံ – BGF











