မောင်ဘဦး စက်တင်ဘာ ၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အနီးနား ကျေးရွာများကို နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်ရှောင်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်တွင် ယင်းစက်ရုံကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရပြီးနောက် အင်အား ၆၀ ရှိသည့် စစ်ကောင်စီတပ်သည်…