သံလွင်ခက်
စက်တင်ဘာ ၁၀ ၊၂၀၂၄။
ယမန်နေ့ နေ့လည်ပိုင်းက ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကဲလင်းဆိပ်ကျေးရွာနှင့် ရှားတော ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့ပြီး (၁၂)ဦးဒဏ်ရာရခဲ့သည် ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကဲလင်းဆိပ်ကျေးရွာစာသင်ကျောင်းနှင့် ရှားတောကျေးရွာရှိ အရပ်သား အဆောက်အဦးများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက် အဆောက်အဦးများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး ယခုလ စက်တင်ဘာ၆ တစ်ရက်တည်းမှာပဲ နမ့်ခမ်းမြို့အပါအဝင် နောင်ချို၊ မင်းတပ်၊ မြိုင်မြို့နယ် လက်ယက်မကျေးရွာ၊ဖယ်ခုံမြို့နယ် လအိစစ်ရှောင်စခန်း တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့သည်ဟု NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံ-တောင်ပိုင်းတိုင်း စစ်ဒေသ
ပုံစာ- စစ်ကောင်စီ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများ