• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်
  • မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို
  • နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး
  • NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မြေစမ်းခရမ်းပျိုးနေရတဲ့ အောင်ဇေယျစစ်ဆင်ရေး
ဆောင်းပါး

မြေစမ်းခရမ်းပျိုးနေရတဲ့ အောင်ဇေယျစစ်ဆင်ရေး

thanlwinkhetBy thanlwinkhetApril 24, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
ဧပြီ ၂၄၊ ၂၀၂၄။

ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် ဒုတိယအကြီးဆုံးဝင်ပေါက်ဖြစ်တဲ့ မြဝတီမြို့တပ်နယ်ရဲ့ အရေးပါဆုံး သင်္ကန်း ညီနောင်ဗျူဟာတစ်ခုလုံးကို ဧပြီလ ၅ ရက်ပါသိမ်းပိုက်နိုင်ခဲ့သလို နော်ကဆုံးကျန်နေတဲ့ မြို့စောင့်တပ် ခလရ ၂၇၅ ကိုလည်း ဧပြီလ ၁၁ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မြဝတီမြို့တိုက်ပွဲ ဆက်လက်ပြင်းထန် နေခဲ့ပြီး ခလရ ၂၇၅ ကို စစ်ကောင်စီက ဧပြီ ၂၃ ရက်မှာ ပြန်လည်ထိန်းချုပ်လိုက်တာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း မြဝတီဒေသကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက အင်အားထောင်ချီနဲ့ နိုင်ငံတော် အဆင့် တန်ပြန်စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲလာကာ အောင်ဇေယျစစ်ဆင်ရေးလို့ အမည်ပေးခဲ့ပါတယ်။

ဘားအံမြို့ကနေမြဝတီမြို့ဆီ ဦးတည်ချီတက်လာတဲ့ စစ်ယာဉ်တန်းကြီးဟာ ၂ ပတ်ကြာတဲ့အထိ လိုရာခရီး မရောက်နိုင်သေးဘဲ တော်လှန်ရေးတပ်တွေရဲ့ ဟန့်တားတိုက်ခိုက်မှုကြောင့် ဒေါနတောင်ခြေမှာပဲ ရှိနေပါတယ်။

ဂုဏ်သိက္ခာအတွက် ပထမဆုံးတန်ပြန်စစ်ဆင်ရေး
********

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြန်မာစစ်တပ်ဟာ ကြီးမားတဲ့စစ်ဆင်ရေးတွေ ပြုလုပ် တဲ့ အခါတိုင်း ဒေသအပေါ်မူတည်ပြီး အမည်နာမတွေပေးတတ်တယ်လို့ ဖော်ပြထားပါတယ်။

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာလည်း အလောင်းမင်းတရားကြီးကို စစ်ဘုရင်တစ်ပါးအနေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ရုပ်တုပြုလုပ်ထားတဲ့စမြန်မာစစ်တပ်အဖို့တော့ ထိုင်း – မြန်မာနယ်စပ် မြဝတီဒေသကို ထိုးစစ်ဆင်တဲ့အခါ အောင်ဇေယျစစ်ဆင်ရေးလို့အမည်ပေးတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

မကြာခင်မှာလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ ဗန္ဓုလစစ်ဆင်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ ဗလမင်းထင်စစ်ဆင်ရေးတို့ကို ဆင်နွှဲတော့မယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့ ၁၇ မြို့နဲ့ စခန်းပေါင်း ၃၀၀ ကျော်ပေး လိုက်ရတဲ့ ရှမ်းမြောက်ဒေသမှာ တန်ပြန်ထိုးစစ်တွေ မစတင်နိုင်သေးပေမယ့် မြဝတီဒေသကိုတော့ ဂုဏ်သိက္ခာအရ တန်ပြန်စစ်ဆင်ရေးဆင်နွှဲတဲ့ပုံပေါ်ပါတယ်။

စစ်ဆင်ရေးအင်အား
*******

မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှတ် ၄ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ရတခတိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ကျော်လင်းမောင် တို့နဲ့အတူ စစ်ဘက်ရေးရာအစည်းအဝေးတစ်ရပ်ကို ဧပြီလပထမပတ်အတွင်းက ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးဟာ ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ဒုစစ်ခေါင်းဆောင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာပဲ အင်အား ၁,၅၀၀ ထက်မနည်းတဲ့ အောင်ဇေယျစစ်ဆင်ရေး ပေါ်ပေါက်လာပါတော့တယ်။

အောင်ဇေယျစစ်ဆင်ရေးမှာ တပ်မ ၅၅ ကို အဓိကအသုံးပြုထားပြီး တပ်မ ၄၄ က လက်ကျန်အင်အားတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ တပ်မ ၅၅ မှာ လောက်ကိုင်အညံ့ခံတပ်သားတွေလည်းပါဝင်ပေမယ့် လက်ရှိစစ်ကောင်စီ တပ်မတွေထဲမှာတော့ ဖွဲ့စည်းပုံအပြည့်ဆုံးတပ်မတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က တပ်မ ၅၅ က တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၈၀၀ နီးပါး လောက်ကိုင်မှာလက်နက်ချခဲ့ပါတယ်။

လက်နက်ချဖို့ဆုံးဖြတ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ယောက်ကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ငါးယောက်ကတော့ သေဒဏ်ချမှတ်ခံရတာမျိုးရှိပေမယ့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းကတော့ အရန်အင်အားကိုသာ ရွှေ့ပြောင်းခံခဲ့ရပါတယ်။

သူ့အစား တပ်မ ၅၅ တပ်မမှုးနေရာကို ဗိုလ်မှူးကြီး အောင်စိုးမင်း ကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပေးပြီး စစ်ကောင်စီ က ခန့်အပ်လိုက်ပါတယ်။ အောင်ဇေယျစစ်ဆင်ရေးယာဉ်တန်းမှာ သံချပ်ကားယာဉ်တွေ၊ တံတားထိုးတပ်ဖွဲ့တွေ၊ ယန္တရားတပ်တွေလည်းပါဝင်နေတယ်လို့ ရှေ့တန်းတော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗျုဟာအသစ်
*****

စစ်ကောင်စီဟာ အောင်‌ဇေယျစစ်ဆင်ရေးဆင်နွှဲရာမှာ ကွပ်ကဲမှုအောက်ကနေ လုံခြုံရေးအတွက် အထူးအလေး ထားလာပါတယ်။ ဘားအံမြို့ကနေ ကော့ကရိတ်မြို့အထိလမ်းကြောင်းမှာ အဆင်ပြေခဲ့ပေမယ့် ကော့ကရိတ်ကနေ မြဝတီအကြားနယ်မြေကတော့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုဖြစ်တဲ့အတွက် အန္တရာယ် တွေကြားကဖြတ်ကျော်ရမယ့်စစ်ဆင်ရေးအတွက် ဗျူဟာအသစ်တစ်ခုကို စစ်ကောင်စီကအသုံးပြုလာပါတယ်။

အရင်ကလည်း စစ်ကောင်စီအနေနဲ့ အင်အားရာနဲ့ချီပါဝင်တဲ့ မြေပြင်စစ်ယာဉ်တန်းတွေကို စစ်ကူအနေနဲ့ စေလွှတ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းမှာပဲ မကွေးတိုင်းမြောက်ပိုင်းကနေ ချင်းပြည်နယ်ဘက်ကို မြေပြင်စစ်ကူအဖြစ် ယာဉ်တန်းစေလွှတ်ခဲ့ဖူးခဲ့ပြီး လောင်းရှည်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရတဲ့အတွက် အောင်မြင်မှုမရခဲ့ပါဘူး။

အဲဒီလိုပဲ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကရင်နီပြည် ဖရူဆိုမြို့ကနေ ဖားဆောင်၊ ဘော်လခဲမြို့နယ်တွေဘက်ကို စစ်ကောင်စီကအစီး ၆၀ ပါတဲ့ ယာဉ်တန်းတစ်ခု စေလွှတ်ခဲ့ပါတယ်။ အဲဒီယာဉ်တန်းဟာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အချိန် ၂ လကျော်ကြာမှ ရောက်ခဲ့ပါတယ်။

အခုတစ်ခါ‌ အောင်ဇေယျစစ်ဆင်ရေးမှာတော့ အင်အားထောင်ဂဏန်းပါတဲ့ စစ်ကြောင်းချီရာမှာ ကင်းထောက် လေယာဉ်တွေပျံဝဲစေကာစောင့်ကြပ်ခဲ့သလို တော်လှန်ရေးတပ်တွေ တိုက်ခိုက်လာရင်လည်း လေကြောင်းတိုက် ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ကော့ကရိတ်အနီးတိုက်ပွဲတွေမှာ စစ်ကောင်စီက ဓာတုဓာတ်ငွေ့ဗုံးတွေပါ အသုံးပြုခဲ့တဲ့အတွက် တော်လှန်ရေး ရဲဘော်တွေ မူးဝေအော့အန်တာမျိုးခံစားခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်းဆီက သိရပါတယ်။

မြဝတီဒေသက ဘယ်လောက်အရေးပါသလဲ
*******

ရာဝတီးလို့ ကရင်လူမျိုးတွေခေါ်ကြတဲ့ မြဝတီမြို့ဟာ ထိုင်း – မြန်မာကုန်သွယ်ရေးရဲ့ ဒုတိယအကြီးဆုံး လမ်း ကြောင်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယအစိုးရနဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ၃ နိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြဝတီဂိတ်ကနေ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၁,၁၄၇ သန်း အထိရှိခဲ့တယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းအရသိရပါတယ်။

အဲဒါကြောင့်ပဲ စစ်ကောင်စီက မြဝတီဒေသတဝိုက်ကိုထိန်းချုပ်ဖို့အတွက် တပ်အင်အားအများအပြားချထားခဲ့တာ ဖြစ်ပါတယ်။ သင်္ကန်းညီနောင်အခြေချစစ်ဗျူဟာ တပ်ရင်း ၃ ခု၊ ခလရ ၂၇၅ တပ်ရင်းတွေဟာ မြဝတီမြို့အပြင်မှာ ကပ်လျက်တည်ရှိနေပါတယ်။

မြဝတီကုန်သွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်နိုင်ရင် စစ်ကောင်စီရဲ့ ဝင်ငွေရရှိမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မှာဖြစ်တဲ့အတွက် ကရင်တော်လှန် ရေးတပ်တွေက ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက ပိတ်ဆို့နိုင်ရေး ကြိုးပမ်းလာခဲ့ပါတယ်။

အဲဒါကြောင့်ပဲ မြို့ကိုအပေါ်စီးကနေမြင်နိုင်တဲ့ လက်ခတ်တောင်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း သိမ်းပိုက်နိုင်ခဲ့ သလို အခုနှစ် မတ်လအတွင်းမှာလည်း သင်္ကန်းညီနောင်ဗျူဟာတပ်ရင်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်အကျော်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာလည်း တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကျား ဖြန့်လုပ်ငန်းတွေလည်ပတ်နေပြီး ကရင်အမျိုးသားတပ်မတော် – KNA အသွင်ပြောင်း နယ်ခြားစောင့်တပ်- BGF ရဲ့ ဌာနချုပ်လည်း ဖြစ်ပါတယ်။

အတိတ်နဲ့မတူတော့တဲ့ အခြေအနေ
*****

မြန်မာစစ်တပ်သမိုင်းမှာ ဒေါနတောင်တန်းကိုဖြတ်ကျော်တဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ဖူးပါတယ်။ ၁၉၉၀ ကျော်ကာလတွေမှာ ကရင်အမျိုးသားအစည်းအရုံး – KNU ကို အကြီးအကျယ်ထိုးစစ်ဆင်ခဲ့ပါတယ်။

နောင်တစ်ချိန်မှာ BGF ဖြစ်လာမယ့် ဗိုလ်မှူးကြီးစောချစ်သူရဲ့ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ပူးပေါင်းပြီး အဲဒီအချိန်တုန်းက KNU ဗဟိုဖြစ်ခဲ့တဲ့ မာနယ်ပလောကို ၁၉၉၅ ခုနှစ်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဖလူး၊ ဝမ်ခသစ် အပါအဝင် ထိုင်း – မြန်မာနယ်စပ်အနီးက အမာခံစခန်းတွေကိုလည်း KNU အနေနဲ့ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အထိနာခဲ့တဲ့ကာလတွေ ဖြစ်ခဲ့ပါတယ်။

ကရင်ပြည်နယ်ဘက်ကို ထိုးစစ်ကြီးတွေဆင်နွှဲနိုင်ဖို့အတွက် အဲဒီအချိန်တုန်းက အာဏာရယူထားတဲ့ နဝတ အစိုးရ ဟာ နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။

၁၉၉၄ ဖေဖော်ဝါရီ ၄ ရက်မှာ ကချင်လွတ်လပ်ရေးတပ်တော် – KIA နဲ့ အပစ်ရပ်သဘောတူခဲ့ပြီး ကချင်စစ်မျက်နှာကို ရှောင်လွှဲခဲ့ပါတယ်။ အဲဒီလိုပဲ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်တော် – PSLA နဲ့လည်း ၁၉၉၁ မှာ အပစ်ရပ်ခဲ့ပါတယ်။

လက်ရှိအခင်းအကျင်းမှာတော့ စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း စစ်မျက်နှာအများအပြားကို ရင်ဆိုင် နေရပြီး နေရာတိုင်းမှာလည်း အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ကရင်စစ်မျက်နှာတစ်ခုတည်းကိုပဲ အာရုံစိုက် လိုက်မယ်ဆိုရင် စစ်ကောင်စီအတွက် နောက်ကျောမလုံမယ့်အနေအထားမျိုး ဖြစ်လာပါတယ်။

စစ်ကောင်စီအတွက်အသက်သွေးကြောဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေအနားကိုလည်း အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်က နီးကပ်လာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် မာနယ်ပလော စစ်ဆင်ရေးအပါအဝင် ၁၉၉၀ ကျော်ကာလ စစ်ဆင်ရေးတွေမှာ သင်္ကန်းညီနောင်အခြေချ စစ်ဗျူဟာက အဓိက ရှေ့တန်း အမိန့်ကွပ်ကဲမှု ဖြစ်ခဲ့ပါတယ်။

အခုကာလမှာတော့ ဗျူဟာမှူးအပါအဝင် အရာရှိအဆင့် ၆၇ ဦး၊ တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦးဟာ KNU ဆီ ဧပြီလ ၅ ရက်မှာ လက်နက်ချဝင်ရောက်လာခဲ့ပါတယ်။

ဆယ်စုနှစ် ၃၀ ကျော်အကြာမှာ စစ်ကောင်စီတပ်ရဲ့ အခြေအနေက အဘက်ဘက်က ဆုတ်ယုတ်လာပါတယ်။

စစ်ကောင်စီအတွက်တော့ အောင်ဇေယျစစ်ဆင်ရေးဆိုတာ ပထမဆုံးတန်ပြန်ထိုးစစ်ဖြစ်နေပြီး ဗျူဟာအပြောင်း အလဲလုပ်ထားတဲ့ မြေစမ်းခရမ်းပျိုး စစ်ဆင်ရေးတစ်ခုလည်း ဖြစ်နေပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ဆင်ရေးဟာ အထိအခိုက်သေဆုံးမှုတွေများပြားနေပြီး ဒေါနတောင်ကို ၂ ပတ်ကြာတဲ့အထိ မကျော်ဖြတ်နိုင်တာဟာ စစ်ကောင်စီအတွက်တော့ အရှက်ရဖွယ်ဖြစ်နေပါတော့တယ်။

************
Telegram – > https://t.me/ThanLwinKhetNews/4437
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9548

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှမ်းပြည်တပ်မတော် SSA နှစ် ၆၀ ပြည့်အခမ်းအနား ဝမ်ဟိုင်းဌာနချုပ်တွင်ကျင်းပ
Next Article ထိုင်း-မြန်မာနယ်စပ်မြို့က ၃၆ နာရီတိုက်ပွဲ 
thanlwinkhet
  • Website

Related Posts

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

မကြီးငွေ အဆူမခံချင်တော့ပါ (ဆောင်းပါး)

September 22, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

October 17, 2025

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

October 17, 2025

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

October 17, 2025

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

October 15, 2025

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

October 15, 2025

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို

October 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.