မြန်မာရွှေ့ပြောင်းများထပ်တိုးလာနိုင်သဖြင့် မဲဆောက်တွင် လုံခြုံရေးဇုန်ပြင် ဆင်ထားသင့်ဟု ကျွမ်းကျင်သူပြော
*********************
သံလွင်ခက်
မေ ၈၊ ၂၀၂၄။
မတ်လနှင့် ဧပြီလအတွင်း မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာမည့် မြန်မာရွှေ့ပြောင်းအရေအတွက် ထပ်တိုး လာနိုင်သဖြင့် ထိုင်း – မြန်မာနယ်စပ် မဲဆောက်ခရိုင်တွင် လုံခြုံရေးဇုန် သို့မဟုတ် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာစင်္ကြံတစ်ခု ထိုင်းအစိုးရက ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု ထိုင်းနိုင်ငံ၏ လုံခြံရေးဆိုင်ရာကျွမ်းကျင်သူ ၁ ဦးက ယမန်နေ့ မတ်လ ၇ ရက်တွင် ပြောဆိုလိုက်သည်။
အသက်ပြည့်မီသူ အမျိုးသား၊ အမျိုးသမီးတိုင်း မဖြစ်မနေစစ်မှုထမ်းဆောင်ရမည့် စစ်မှုထမ်းဥပဒေကို မြန်မာ စစ်ကောင်စီကပြဋ္ဌာန်းလိုက်ပြီးနောက် ယခုခြောက်သွေ့ရာသီတွင် မြန်မာနိုင်ငံ၌ တိုက်ပွဲများပိုမိုပြင်းထန်လာဦး မည်ဟုမျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်သလို ချူလာလောင်ကွန်တက္ကသိုလ်၊ နိုင်ငံ ရေးသိပ္ပံဌာနက တွဲဘက်ပါမောက္ခလည်းဖြစ်သည့် ပနီးတန် ဝတ်တနာယာဂွန် က Thai PBS ကိုပြောဆိုလိုက်ခြင်း ဖြစ် သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ တိုက်ပွဲများပြင်းထန်လာခြင်းနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ခြင်း တို့ကြောင့် စစ်မှုထမ်းခြင်းကရှောင်လွှဲနိုင်ရန် မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံဘက်သို့ ယခုလည်း တိမ်း ရှောင်လာနေကြသလို နောက်ထပ်လူပေါင်း ၁၀,၀၀၀ ဝန်းကျင် ထပ်မံရောက်ရှိနိုင်သည်ဟုလည်း သူကပြောသည်။
ငွေကြေးတတ်နိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့် ထိုင်းနိုင်ငံရှိအခြားဒေသများတွင် အဆင့် မြင့်ကွန်ဒိုတိုက်ခန်းများ ဝယ်ယူနေထိုင်လာကြသလို အချို့မိဘများကလည်း ၎င်းတို့သားသမီးများ ထိုင်းနိုင်ငံရှိ နိုင်ငံတကာကျောင်းများတွင် ပညာသင်ကြားရန် စေလွှတ်လျက်ရှိသည်ဟု သူကဆိုသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရက မည်သည့်ပြင်ဆင်မှုမျိုးကိုမျှ ဆောင်ရွက်ထားခြင်းမရှိသေးဟုလည်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည့်အပြင် မဲဆောက်တွင် လုံခြံရေးဇုန်ထူ ထောင်နိုင်ဖို့အတွက် ထိုင်းတပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းအစိုးရ က အထူးကော်မတီတစ်ရပ်ဖွဲ့စည်းသင့်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့အရေးဆွေးနွေးရန်အတွက် အာဆီယံနိုင်ငံများကိုတောင်းဆိုသင့်သည်ဟု ပြောသည်။
မြန်မာနိုင်ငံကနေ အစုလိုက်အပြုံလိုက်ဝင်ရောက်လာသူများအတွက် အကယ်၍သာ ထိုင်းနိုင်ငံတွင် ဒုက္ခသည် စခန်းများထူထောင်မည်ဆိုပါက ဒုက္ခသည်များအတွက်ကုန်ကျမည့်ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ နိုင်ငံများထံက အကူအညီရယူရန်လိုအပ်သည်ဟု ပနီးတန် က ဆိုသည်။
Ref: Thai PBS World
ဓာတ်ပုံ – The Nation
ပုံစာ – ထိုင်းနိုင်ငံ၏ နိုင်ငံရေးသိပ္ပံပညာရှင် ပနီးတန် ဝတ်တနာယာဂွန်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3662
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8180