![]()
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံသို့ အာဏာသိမ်းစစ်တပ်မှ တပ်သား သုံးဦး အလင်းဝင်ခိုလှုံလာသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
အလင်းဝင်ခိုလှုံလာသူများမှာ စစ်တပ်လက်အောက်ခံ ခမရ-၅၈၁ တပ်ရင်းမှ အသက် ၂၃ နှစ်မှ ၂၅ နှစ်ကြား တပ်သားများဖြစ်ကြပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံခဲ့ရသော တပ်သားသစ်များ ဖြစ်သည်ဟု ဖော်ပြထားသည်။
KNU တပ်မဟာများတွင် စစ်မှုထမ်းတပ်သားများ လက်နက်ဖြင့် အလင်းဝင်ခိုလှုံမှုမှာ ဆက်တိုက်ဆိုသလို ရှိနေသည်။ KNU အနေဖြင့်လည်း ထိုသို့အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့များထံ လက်နက်ချအလင်းဝင်ပူးပေါင်းကြရန် ထပ်မံတိုက်တွန်းထားသည်။
ပုံစာ – KNLA ထံသို့ အလင်းဝင်ဘက်ပြောင်း ခိုလှုံလာကြသူများ (KNU)
