စကခမှူး ရုပ်အလောင်းကို ပြန်ပို့ရန် MNDAA က ဆက်သွယ်သော်လည်း စစ်ကောင်စီကအကြောင်းမပြန်
********
ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၇၊ ၂၀၂၃။
ကိုးကန့်ဒေသမြောက်ပိုင်းတွင် သေဆုံးသွားသော စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် – စကခ ၁၂ ၊ စကခမှူး အောင်ဇော်လင်း၏ရုပ်အလောင်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က စစ်ကောင်စီထံ ပြန်ပို့ရန်ဆန္ဒရှိနေပြီး သက်ဆိုင်ရာဌာနနှင့်ဆက်သွယ်သော်လည်း အကြောင်းပြန်ခြင်းမရှိသေး ဟု The Kokang က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲတည်ဆောက်ခဲ့သော ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ၊ ကုန်းကြမ်း နေရာများရှိ တပ်စခန်းများကို MNDAA က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာအနှံ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။
ရှောင်တိမ်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်အပါအဝင် စကခမှူးသည် ရှောက်ကိုင်အုပ်စုတစ်နေရာတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ၏ ပိတ်ဆို့ပစ်ခတ်မှုကြောင့် ချေမှုန်းခံခဲ့ရ ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင်လည်း စစ်ကောင်စီက နှစ်ပေါင်း ၃၀ နီးပါးတပ်စွဲထားနိုင်ခဲ့သည့် ကိုးကန့်ကုန်းကြမ်းတပ်စခန်းကြီးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ -The Kokang
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2660
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6538