• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်ကောင်စီက သတင်းသမားတွေကို အငြိုးအတေးဖြင့်ခြိမ်းခြောက်နေဟု သတင်းသမားများရှုမြင်
နေ့စဉ်သတင်း

စစ်ကောင်စီက သတင်းသမားတွေကို အငြိုးအတေးဖြင့်ခြိမ်းခြောက်နေဟု သတင်းသမားများရှုမြင်

thanlwinkhetBy thanlwinkhetDecember 7, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီက သတင်းသမားတွေကို အငြိုးအတေးဖြင့်ခြိမ်းခြောက်နေဟု သတင်းသမားများရှုမြင်

******************

မိခိုင်

ဒီဇင်ဘာ ၇၊ ၂၀၂၃။

စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ သတင်းသမားများအား အငြိုးအတေးဖြင့် ခြိမ်းခြောက်နေဟု သတင်းသမားများက ရှုမြင်နေကြသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ စဥ်ဆက်မပြတ် စစ်ရာဇဝတ်ကျူးလွန်မှုများကို ရခိုင်ပြည်နယ်ရှိ သတင်းထောက်များက ရေးသားဖော်ပြနေသည့်အတွက် ယခုကဲ့သို့ ခြိမ်းခြောက်နေခြင်းဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး ထိန်းချုပ်ထားသည့် ရခိုင်နေ့စဥ် facebook page က သတင်းထောက်များအပေါ် ခြိမ်းခြောက်မှုများ ရှိနေခြင်းဖြစ်သည်။

ယခုကဲ့သို့ သတင်းသမားများအပေါ် အငြိုးအတေးထားနေခြင်းနှင့်ပတ်သက်ပြီး သတင်းထောက် ၁ ဦးက  ” အရင်ကတည်းကလည်း ရခိုင်သတင်းဌာနတွေ၊ သတင်းသမားတွေကို သိပ်ပြီး အမြင်ကြည်တာမဟုတ်ဘူးလေ။ ဆိုတော့ သူတို့ရဲ့ ရာဇ၀တ်မှုအကြောင်း ဖော်ထုတ်ရေးသားနေတဲ့ သတင်းဌာနတွေကို ပိုပြီးတော့ အငြိုးအတေးထားလာတာပေါ့ ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်တွင် စစ်ကောင်စီ၏ ရခိုင်နေ့စဥ် facebook page က Western News ၊ Narinjara , Development Media Group ၊ Border News Agency ၊ Arakan Bay News – ABN ၊ Cuckoo Chay Vlog ၊ Arakan Princess Media ၊ Voice Of Westland ၊ One Nation News စသည့် ရခိုင်ရှိမီဒီယာအားလုံးမှာ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ စစ်ရေးပဋိပက္ခများဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားများ ဖြန့်ချိလှုံ့ဆော်ရေးသားနေသည့် တရားမဝင်မီဒီယာများဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ယင်းအပေါ် သတင်းထောက် ၁ ဦးက ” တရားမ၀င်တဲ့ အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ သတင်းဌာနတွေ ကို ဒီလို တရားမ၀င်ဘူးလို့ ပြောတာကတော့ ရယ်စရာဖြစ်နေတာပေါ့ဗျာ” ဟု မှတ်ချက်ပြုသည်။၊

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများတွင် စစ်ကောင်စီက အကြမ်းဖက်မှု၊ လူ့အခွင့် အရေးချိုးဖောက်မှုနှင့် စစ်ရာဇ၀တ်မှုများ တောက်လျှောက်ကျုးလွန်လာခြင်းဖြစ်ပြီး ၎င်းတို့၏ ရာဇ၀တ်မှုများအကြောင်း ဖော်ထုတ်ရေးသားနေသည့် သတင်းဌာနများကို ပို၍ အငြိုးအတေးထားလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆုံးအရှုံးကြီးမားနေသည့်အတွက် သတင်းထောက်များနှင့် ပြည်သူများအား ယခုကဲ့သို့ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်က အမျိုးသမီးသတင်းထောက် ၁ ဦးက ဆိုသည်။

” မြန်မာတစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီလိုအချိန်မှာ စစ်ကောင်စီအနေနဲ့ တပ်စခန်းတွေဆုံးရှုံးနေတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေမှာ လူအင်အားအရကော အများကြီးဆုံးရှုံးနေတဲ့အချိန်မှာ ရရင်ရသလို စစ်ကောင်စီက လိုက်လုပ်နေတယ်။

မီဒီယာတွေကို တရားစွဲတာတင်မကဘဲ သိသင့်သိထိုက်တဲ့သတင်းမှန်တွေ လိုက် share နေတဲ့သူတွေကိုပါ ခြိမ်းခြောက်နေတာကတော့ ကျွန်မတို့သက်တမ်းတလျှောက်မှာ တစ်ခါမှမတွေ့ဖူးဘူး။ သူတို့အတွက် ကျွန်မတို့မှာ ပြောစရာမရှိတော့ဘူး။ စစ်တပ်ရဲ့လုပ်ရပ်ဖြစ်တဲ့ ကြွက်မနိုင်ရင် ကျီကို မီးတိုက်နေတာလို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

ရခိုင်မီဒီယာများကဖော်ပြသည့် သတင်းများပြန်လည်မျှဝေသည့် ပြည်သူများကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်နေသည်ကိုတွေ့ရသည်။

စစ်ကောင်စီက ” ရခိုင်က မီဒီယာများတွင် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ Copy ယူ၍ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများအား အရေးယူရန် စာရင်းပြုစုနေကြောင်း သိရှိရသည် ” ဟု ဆိုထားသည်။

ယခုကဲ့သို့ စစ်ကောင်စီလုပ်ဆောင်နေသည်က ၎င်းတို့၏ဇာတ်သိမ်းခန်းရောက်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်က နောက်ထပ်အမျိုးသမီး သတင်းထောက် ၁ ဦးကလည်း ဝေဖန်သည်။

” သတင်းမှန်တွေကို အမှောင်ချချင်လို့ သတင်းထောက်တွေကို လိုက်ဖမ်းရုံတင်မကဘူး။ သတင်းမှန်တွေကို sharing လုပ်နေတဲ့ ပြည်သူတွေကိုပါ ခြိမ်း ခြောက်မှုတွေဖြစ်လာတယ်။  ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ နောက်ဆုံးလက်နက်ကို ထုတ်သုံးနေတာလို့မြင်တယ်။ သူ့အတွက် ဇာတ်သိမ်းပိုင်းရောက်နေပြီဆိုတာကိုလည်း မပြောပေမယ့် ဖော်ပြရာရောက်နေတာလို့ မြင်တယ် ” ဟု ပြောသည်။

ပြည်ပ၌နေထိုင်သည့် သတင်းသမားများအပေါ်လည်း ဗီဇာသက်တမ်းတိုးသည့်အချိန်တွင် ဖမ်းဆီးအရေးယူရန် စီစဥ်နေကြောင်း ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်း ကမူ ရခိုင်နေ့စဥ် facebook page မှာ မိမိတို့ page မဟုတ်ကြောင်း နီးစပ်သည့် သတင်းထောက်များအား ပြောဆိုထားသည်ဟု စုံစမ်းသိရှိရသည်။

ယခင်ကမူ စစ်ကောင်စီ၏ ရခိုင်နေ့စဥ် facebook page ပျက်သွားသည်ကိုတွေ့ရသော်လည်း လက်ရှိ ရခိုင်နေ့စဥ် facebook page တွင် ညွှန်ပြထားသည့် Telegram link နှင့် ယခင်ကရှိခဲ့သည့် ရခိုင်နေ့စဥ်ကို ညွှန်ပြထားသည့် Telegram link မှာ တူညီနေသည်ကိုတွေ့ရသည်။

*******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2654

YouTube- > https://youtu.be/SpxIBpTYop8

Website – https://thanlwinkhet.net/?p=6525

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမုန်းမြို့တိုက်ပွဲမှာ ခလရ – ၈၄ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးဝန်းကျင် လက်နက်ချအညံ့ခံ
Next Article စစ်အာဏာသိမ်း၃ နှစ်နီးပါးကာလအတွင်း စက်သုံးဆီနှင့် ဆန်ဈေး ၂ ဆ ကျော်မြှင့်တက်
thanlwinkhet
  • Website

Related Posts

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

Leave A Reply Cancel Reply

Recent Posts

  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.