နန်းဆုပန်ခန့်
ဒီဇင်ဘာ ၆၊ ၂၀၂၃။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့ တိုက်ပွဲအတွင်း ခလရ-၈၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးဝန်းကျင် လက်နက်ချအညံ့ခဲ့ပြီး ရင်းမှူးနဲ့ ခွဲမှူးတွေ လည်း ပါဝင်တယ်လို့ KNU ဗဟိုက ယနေ့မှာ ထုတ်ပြန်ပါတယ်။
လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ဗိုလ်မှူး ကျော်လတ်ခိုင် (၃၉) နှစ် – ဒုရင်းမှူး ၊ဗိုလ်ကြီး အာကာစိုး (၃၃) နှစ် – တပ်ခွဲမှူး၊ ဗိုလ်ကြီး နိုင်နိုင်ထွန်း (၃၄) နှစ် – အင်ဂျင်နီယာ တပ်စုမှူး၊ ဒုအရာခံဗိုလ် လှသိန်း (၅၈) နှစ် – အထွေထွေ၊ ဒုအရာခံဗိုလ် သန်းအောင် (၅၁) နှစ် – အထွေ ထွေ၊ တပ်ကြပ် စန်းဦး (၃၂)နှစ် – တပ်စိပ်မှူး၊ တပ်ကြပ် ထူးကိုကို (၃၃) နှစ် – အထွေထွေ၊ တပ်ကြပ် ဟန်ထွန်း (၄၈) နှစ် – ယာဉ်မောင်း၊ ဒုတပ်ကြပ် မောင်ဇော် (၄၀) နှစ် – အထွေထွေ၊ တပ်သား သူရလင်း (၃၃) နှစ် – ရဲဘော်၊ တပ်ကြပ် တောလူ (၅၄) နှစ် – တပ်စိတ်မှူး၊ တပ်သား ဝေယံစိုး (၃၂) နှစ် – ရဲဘော်၊ ဒုတပ်ကြပ် တင်ထွန်းဇော် (၄၅) နှစ် – ဒုတပ်စိပ်မှူး၊ ဒုအရာခံဗိုလ် ဝင်းမင်းထွန်း (၄၂) နှစ် – အထွေထွေ၊ တပ်ကြပ်ကြီး သက်နိုင် (၅၆) နှစ် – စက်မောင်း၊ တပ်ကြပ် သက်ဦး (၄၃) နှစ် – အထွေထွေ၊ ဒုတပ်ကြပ် ဌေးလွင် (၅၀) နှစ် – မွေးမြူရေး၊ တပ်သား စိုင်းအွန်ခမ်း (၂၉) နှစ် – ရဲဘော် နဲ့ တပ်သား ရဲမင်းနိုင် (၃၂) နှစ် – ရဲဘော် တို့ဖြစ်ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက် ည ၁၁ ကျော်မှာ KNLA ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မုန်းမြို့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရမိကြောင်းလည်း KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မုန်းမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်း နဲ့ တံတားထိပ်ဂိတ်စခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ ပြီး အင်အား ၁၅၀၀ နဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတယ် လို့ သိရပါတယ်။
ပုံစာ- မုန်းမြို့နယ်တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သူများနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
ဓာတ်ပုံ – KNU
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2647
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6519