ဝက်လက် ရွှေပန်းကုံးရွာရဲစခန်းအားသိမ်းပိုက်ရရှိ
****************************
သံလွင်ခက်
နိုဝင်ဘာ ၂၅ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးရွာ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်များက စီနင်းတိုက်ခဲ့ရာ စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်၁ စစ်ဒေသက ယနေ့တွင်သတင်းထုတ်ပြန်သည်။
ရွှေပန်းကုံးရွာ ရဲစခန်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့မှ နိုဝင်ဘာလ (၂၁) ရက်တွင် စခန်းသိမ်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း၌ ရန်သူ့ဘက်မှ (၃) ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် (၁၆) ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် လက်နက်ငယ် (၃၁) လက်၊ ကျည်မျိုးစုံ (၆၄၀၀) ကျော်၊ လက်ပစ်ဗုံး (၃၂) လုံး၊ မိုင်း (၆) လုံး၊ ကျည်အိမ် (၃၈) ခု၊ ငွေကျပ် (၉၀၀,၀၀၀) သိန်းကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် (၁) စီး၊ Mi-35 (၁) စီးတို့ဖြင့် ရဲစခန်းနှင့် တည်တောကျေးရွာဘက်သို့ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2546
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6385