စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ ပုဏ္ဏားကျွန်းစျေးတန်းမီးလောင်နေ
**********************
မိခိုင်
နိုဝင်ဘာ ၂၄၊ ၂၀၂၃။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပုဏ္ဏားကျွန်းမြို့မစျေးတန်းကြီး ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ် ၂ နာရီကျော်ကစတင်၍ မီးလောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ကုလားတန်မြစ်ပေါ်တွင်ရှိသည့် စစ်ကောင်စီရေတပ်က ယမန်နေ့ ညနေဘက်ကစ၍ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့တွင်တော့ ပုဏ္ဏားကျွန်းစျေးတန်းကို လက်နက်ကြီးကျ၍ မီးလောင်နေခြင်းဖြစ်ကြောင်း မြို့ခံ ၁ ဦးက ပြော သည်။
” လက်နက်ကြီးကျလို့ မီးလောင်နေတာ။ စျေးတန်း မီးလောင်နေတယ်။ မြို့ခံတွေတော့ နည်းနည်းရှိတယ် ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စျေးဆိုင်အများအပြားမီးလောင်နေပြီး မီးမငြိမ်းနိုင်သေးကြောင်း ဈေးသယ်အမျိုးသမီး ၁ ဦးက ပြောသည်။
” မီးက တစ်တန်းလုံး လောင်နေတယ်။ အကုန်လုံး ပါလောက်တယ်။ အများကြီး လောင်နေတာ ” ဟု ၎င်းက ဆိုသည်။
ပုဏ္ဏားကျွန်းစျေးကို နိုဝင်ဘာလ ၁၆ ရက်ကစတင်၍ ပိတ်ထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံတချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။
ပုံစာ – ပုဏ္ဏားကျွန်းစျေးတန်း မီးလောင်နေသည်ကိုတွေ့ရစဥ်။
ဓာတ်ပုံ – ဒေသခံ။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2545
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6382