စစ်ဗိုလ်ချုပ်တွေလက်အောက်က အမြန်ရုန်းထွက်ဖို့ ရန်ကုမှာ ဆန္ဒထုတ်ဖော်
********************************
သံလွင်ခက်
နိုဝင်ဘာ ၂၅ ၊ ၂၀၂၃ ။
ကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်နိုင်ကြဖို့ ရန်ကုန်မြို့ကလူငယ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အသက်အန္တရာယ်စိုးရိမ်ရပြီး လုံခြုံရေးတင်းကြပ်ထားတဲ့ အခြေအနေတွေ ကြားမှာပဲ လူသူစည်းကားတဲ့ စျေးတစ်ခုမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
” ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ။ ပြည်သူနဲ့ အတူရပ်တည်ပါ။ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ။ ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ် ။ လူထုလည်း စိတ်ချမ်းသာမယ်။ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်” လို ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ကိုနန်းလင်းက တိုက်တွန်းဟောပြောခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်ဆန္ဒပြမှုတွေနဲ့ အောက်ခြေက တပ်မတော်သားတွေ အမြင်မှန်တွေရဖို့ဟောပြော အသိပညာပေးခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ပြည်သူတချို့ကို ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2552
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6389