• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီကပစ်ခတ်သည့်လက်နက်ကြီးကြောင့် ရခိုင်ဒေသခံ ၁ ဦး ဒဏ်ရာရ
တိုက်ပွဲသတင်း

စစ်ကောင်စီကပစ်ခတ်သည့်လက်နက်ကြီးကြောင့် ရခိုင်ဒေသခံ ၁ ဦး ဒဏ်ရာရ

thanlwinkhetBy thanlwinkhetNovember 13, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီကပစ်ခတ်သည့်လက်နက်ကြီးကြောင့် ရခိုင်ဒေသခံ ၁ ဦး ဒဏ်ရာရ
*************

မိခိုင်
နိုဝင်ဘာ ၁၃၊ ၂၀၂၃။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ကြောင့် ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာက အသက် ၅၂ နှစ်အရွယ် လယ်သမား ၁ ဦးဖြစ်သည့် ဦးအောင်သိန်းဖြူ ဖြစ်သည်ဟု သိရသည်။

ဦးအောင်သိန်းဖြူ မှာ မိမိလယ်၌စပါးရိတ်သိမ်းနေချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများကြားသည့်အတွက် လယ်ထဲရှိတဲကိုတက်ကြည့်ချိန်တွင် လက်နက်ကြီးထိမှန်သွားခြင်းဖြစ်ကြောင်း ကျေးရွာသား ၁ ဦးက ဆိုသည်။

“သူက စပါးရိတ်နေတာကနေ လက်နက်ကြီးသံ၊ လက်နက်ငယ်သံတွေကြားလို့ တဲပေါ်က ကြည့်တာ။ အဲဒီအချိန် မှာ မင်းပြား ကျိန်းတောင်ထက်ကပစ်လိုက်တဲ့ လက်နက်ကြီးက သူနားလာကျတယ်။ အစ ထိသွားတာ။ နောက်ကျောဘက်မှာ ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် ဦးအောင်သိန်းဖြူ အား မင်းပြားဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူ နေကြောင်း မိသားစုဝင် ၁ ဦးက ပြောသည်။

“လက်ရှိကတော့ မင်းပြားဆေးရုံမှာ ကုနေပါတယ်။ ဒဏ်ရာပြင်းပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆိုသည်။

နံနက် ၇ နာရီဝန်းကျင်တွင် မင်းပြားမြို့ရှိ တိုင်းဗဟို ၉ စစ်ကောင်စီလေ့ကျင့်ရေးကျောင်းမှ မင်းပြားမြို့သို့ထွက်ခွာ လာသည့် စစ်ကောင်စီကား ၂ စီးကို ဖေသာပြင်နှင့် ဖားပြိုးကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် – AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် မင်းပြားကျိန်းတောင်ထက်တွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ပစ်ခတ်ခဲ့သဖြင့် ဖားပြိုးကျေးရွာအနီးဝန်းကျင်နှင့် ဖေသာပြင်ကျေးရွာသို့ လက်နက်ကြီးများကျရောက် ခဲ့သလို ဖေသာပြင်ဘုန်းတော်ကြီးကျောင်းအနီးကိုလည်း လက်နက်ကြီးများကျခဲ့ရောက်ခဲ့သည့်အတွက် ဦးအောင် သိန်းဖြူ မှာလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ်သံများတိတ်ဆိတ်နေပြီး ဒေသခံတချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ကျေးရွာသားများထံက သိရသည်။

ပုံစာ – မင်းပြားမြို့အဝင်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရိဒ်တပ်စခန်းကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်
Next Article လွိုင်ကော်တွင် ယနေ့နံနက်အစောပိုင်းကတည်းကတိုက်ပွဲ ပြင်းထန်နေ
thanlwinkhet
  • Website

Related Posts

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

Leave A Reply Cancel Reply

Recent Posts

  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.