• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူတွင် ထပ်မံ စစ်ရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်
  • မြန်မာဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ
  • အင်ဒိုဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်များနှင့် မတွေ့ဆုံခဲ့ဟု NUCC ထုတ်ပြန်
  • ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း
  • မြန်မာ တစ်ထောင်ကျော်အပါ မင်းလက်ပံကျားဖြန့်ဝင်းထဲက လူ ၂၆၀၀ ကျော်ကို KNU လုံခြုံစွာ ကယ်ထုတ်
  • နတ်ရေကန် ဗျူဟာကုန်းမကြီးတွင် စစ်ကော်မရှင်တပ်သား ၃၀၀ ခန့် ပိတ်မိနေ
  • မဲဆောက်တဝိုက် နယ်စပ်ဂိတ်များကို ထိုင်းဘက်က ယာယီပိတ်
  • ထိုင်းဘက်ခြမ်းကို ကျတဲ့ လက်နက်ကြီးကျည် ဘယ်သူပစ်သလဲ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လွိုင်ကော်တွင် ယနေ့နံနက်အစောပိုင်းကတည်းကတိုက်ပွဲ ပြင်းထန်နေ
တိုက်ပွဲသတင်း

လွိုင်ကော်တွင် ယနေ့နံနက်အစောပိုင်းကတည်းကတိုက်ပွဲ ပြင်းထန်နေ

thanlwinkhetBy thanlwinkhetNovember 14, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လွိုင်ကော်တွင် ယနေ့နံနက်အစောပိုင်းကတည်းကတိုက်ပွဲ ပြင်းထန်နေ

********************************

သံလွင်ခက်

နိုဝင်ဘာ ၁၄ ၊ ၂၀၂၃ ။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် လွိုင်ကော်မြို့တွင် ယနေ့နံနက်အစောပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေကြရသည်ဟု ဒေသခံများထံမှသိရသည် ။

လွိုင်ကော်တွင် နောင်ယား ၊ထေးငါးလျား၊ နာနတ်တော၊ ဒေဥခူ စသည့်ရပ်ကွက်များဘက်တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည် ။ ယမန်နေ့ ညပိုင်း၌လည်း လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ခတ်နေခဲ့သည်အပြင်  ယနေ့နံနက်ပိုင်းတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်အသံစုံကို ကြားနေရ သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။


တိုက်ပွဲဖြစ်ပွားရာ အနီးဆုံးရပ်ကွက်များတွင် ပြည်သူတချို့သည် ပြီးခဲ့သည့် ၃ရက် နိုဝင်ဘာ ၁၁ ရက်၊ညနေပိုင်းကတည်းက ရှောင်တိမ်းကြသော်လည်း ယနေ့အထိ ပိတ်မိနေသေးသည့် ဒေသခံများလည်းရှိနေသေးသည် ။

“ကျွန်မအဒေါ်လည်းပိတ်မိနေတယ်။ စစ်ရှောင်တွေနဲ့ ။ မနေ့ညထိတော့ထွက်မရသေးဘူး ။ ကျည်တွေပါစင်တယ်အိမ်က။ ဘေးအိမ်လည်းလက်နက်ကြီးကျထားတယ် ။လောလောဆယ်ကယ်ထုတ်ဖို့လုပ်ဆောင်ကြမယ်ထင်တယ် “ဟု နောင်ကယားရပ်ကွက်တွင် ဆွေမျိုးများနှင့်စစ်ရှောင်များ ပိတ်မိနေသည့်အခြေအနေအား လွိုင်ကော်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

ပိတ်မိနေသည့် ဒေသခံများနှင့်စစ်ဘေးရှောင်များကို ကယ်ထုတ်ရန်၊ ကားများနှင့်ဆီများအဓိကလိုအပ်နေသည်ဟုလည်း နာနတ်တောရပ်ကွက်မှဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

” ကျွန်မတို့ဆို ဆီတွေ အကုန်ပြတ်ပြီ။ ရှာဝယ်လို့လည်းမရဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ ဖုန်းဘေလ်တွေပါ ပြတ်ကုန်တာ   “ဟု နာနက်ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည် ။

ပိတ်မိနေသည့်စစ်ရှောင်များနှင့်ဒေသခံများကို လူမှုရေးအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကယ်ထုတ်ပေးနေမှုများ လုပ်ဆောင်နေပြီး စက်သုံးဆီအကူအညီများလည်း အဓိကလိုအပ်နေသည်ဟု ကူညီကယ်ထုတ်ပေးနေသူတစ်ဦးကပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာများနှင့်နီးသည့်လွိုင်ကော်မြို့ ရပ်ကွက်များတွင် ကရင်နီအခြားမြို့နယ်များက လာရောက်ရှောင်တိမ်းနေသူများပါရှိနေသောကြောင့် လက်ရှိတိုက်ပွဲများအတွင်း၌ စစ်ရှောင်များနှင့်ဒေသခံထောင်ချီတို့သည် အကူအညီများလိုအပ်နေသည်ဟု သိရသည် ။

တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် အရပ်သားပစ်မှတ်များကိုပါ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လွိုင်ကော်၌ ပြည်သူ ၅ ဦးထက်မနည်းသေဆုံးထားသည်ဟု သိရသည်။

လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်ရှိစစ်ကောင်စီတပ်စခန်းများကို ကရင်နီတော်လှန်ရေးတပ်များစုပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် “၁၁.၁၁ စစ်ဆင်ရေး”ကို ယခုလ နိုဝင်ဘာ၁၁ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေကာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှသိရသည်။

ပုံစာ-လက်ရှိလွိုင်ကော်မြို့ပေါ်တိုက်ပွဲတွင်း၌ ထိခိုက်ပျက်စီးမှုများ။

***

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2405

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=6215

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီကပစ်ခတ်သည့်လက်နက်ကြီးကြောင့် ရခိုင်ဒေသခံ ၁ ဦး ဒဏ်ရာရ
Next Article ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်း ထပ်မံသိမ်းပိုက်ခံရ
thanlwinkhet
  • Website

Related Posts

မြန်မာဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ

December 4, 2025

တန့်ဆည် မူးတိမ်ရွာရှိ စစ်တပ်နှင့် ပျူစခန်း သိမ်းပိုက်ခံရ

November 28, 2025

ကျောက်တော်ကို ဗုံးကြဲ၍ ၇ ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရ

November 28, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူတွင် ထပ်မံ စစ်ရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်
  • မြန်မာဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ
  • အင်ဒိုဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်များနှင့် မတွေ့ဆုံခဲ့ဟု NUCC ထုတ်ပြန်
  • ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း
  • မြန်မာ တစ်ထောင်ကျော်အပါ မင်းလက်ပံကျားဖြန့်ဝင်းထဲက လူ ၂၆၀၀ ကျော်ကို KNU လုံခြုံစွာ ကယ်ထုတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူတွင် ထပ်မံ စစ်ရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်

မြန်မာဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ

အင်ဒိုဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်များနှင့် မတွေ့ဆုံခဲ့ဟု NUCC ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူတွင် ထပ်မံ စစ်ရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်

December 4, 2025

မြန်မာဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ

December 4, 2025

အင်ဒိုဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်များနှင့် မတွေ့ဆုံခဲ့ဟု NUCC ထုတ်ပြန်

December 4, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း

December 3, 2025

မြန်မာ တစ်ထောင်ကျော်အပါ မင်းလက်ပံကျားဖြန့်ဝင်းထဲက လူ ၂၆၀၀ ကျော်ကို KNU လုံခြုံစွာ ကယ်ထုတ်

December 2, 2025

နတ်ရေကန် ဗျူဟာကုန်းမကြီးတွင် စစ်ကော်မရှင်တပ်သား ၃၀၀ ခန့် ပိတ်မိနေ

December 2, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.