ရိဒ်တပ်စခန်းကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်
*************************
သံလွင်ခက်
နိုဝင်ဘာ ၁၃၊ ၂၀၂၃။
ချင်းပြည်နယ်၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ်တွင်ရှိသည့် စစ်ကောင်စီတပ်၏ ရိဒ်တပ်စခန်းကုန်းကို ယနေ့ နံနက်အစောပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါတပ်စခန်းသည် နယ်စပ်တွင်တည်ရှိပြီး တိုက်ပွဲအတွက် အရေးကြီးသည့်စခန်း ၁ ခုဖြစ်သည်ဟု ချင်းအမျိုး သားတပ်မတော် – CNA က သတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စွဲထားသည့် ရိဒ်တပ်စခန်းကုန်းကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်တွင် အဆိုပါရိဒ်တပ်စခန်းကုန်းကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို သံလွင်ခက်က ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။
ပုံ – ရိဒ်မြို့စစ်ကောင်စီစခန်းကုန်း။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2400
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6206