• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီကား ၂ စီးကို ရက္ခိုင့်တပ်တော် – AA မိုင်းဆွဲတိုက်ခိုက်
တိုက်ပွဲသတင်း

စစ်ကောင်စီကား ၂ စီးကို ရက္ခိုင့်တပ်တော် – AA မိုင်းဆွဲတိုက်ခိုက်

thanlwinkhetBy thanlwinkhetNovember 13, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီကား ၂ စီးကို ရက္ခိုင့်တပ်တော် – AA မိုင်းဆွဲတိုက်ခိုက်

***********************

မိခိုင်

နိုဝင်ဘာ ၁၃၊ ၂၀၂၃။

ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့အကြား ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ မနက်ပိုင်း ၃ နာရီဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေသည်။

ယနေ့ မနက်ပိုင်း ၇ နာရီလောက်တွင်လည်း မင်းပြား တိုင်းဗဟို ၉ မှထွက်ခွာလာသည့် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နံနက် ၇နာရီကျော်လောက် ဖြစ်မယ် ။ တိုင်းဗဟို ၉ ကထွက်လာတဲ့ ကား ၂ စီးကို မိုင်းဆွဲလိုက်တယ်။ ကားက မီးလောင်နေတယ်လို့ ပြောကြတယ်။ လူအသေအပျောက်တော့ သေချာမသိဘူး ” ဟု မင်းပြားဒေသခံ ၁ ဦးက ပြောသည်။

မနက် ၉ နာရီအထိ မင်းပြားမြို့နယ်၊ ဖားပြိုးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့် တပ်တော် – AA တို့ ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့်လှမ်းထုနေသည် ဟုဆိုသည်။

“အခုထိ လက်နက်ကြီး ထုနေတယ် ။ မင်းပြား ကျိန်းတောင်ထက်ကနေပြီး တိုက်ပွဲဖြစ်နေတဲ့နေရာကို လက်နက် ကြီးနဲ့ လှမ်းပစ်နေတာ။ Navy လည်း တက်လာတာတွေ့တယ် ” ဟု ၎င်းက ဆိုသည်။

မင်းပြားမြို့ထက်တွင်ရှိနေသည့် စစ်ကောင်စီတပ်ကလည်း စစ်ကား ၂ စီးထွက်သွားသည်ကိုတွေ့ရပြီး စစ်ကောင်စီ က အင်အားဖြည့်တင်းနေကြောင်း ဒေသခံများကဆိုကြသည်။

မင်းပြားဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေသော်လည်း မိမိနေအိမ်တွင်သာ နေထိုင်နေကြရကြောင်း ပြောသည်။

ယနေ့ မနက်ပိုင်း ၃ နာရီကျော်လောက်ကစတင်၍ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ်တော် AA က ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်းများကို သိမ်းယူသွားသည်ဟုလည်း ပြောဆိုနေကြသည်။ ယခုကိစ္စကို သိရှိနိုင်ရန်အတွက် ရက္ခိုင့်တပ်တော် – AA အား သံလွင်ခက် အနေဖြင့်ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AAတို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၆ ရက် တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စကြောင့် နှစ်ဘက်နားလည်မှုဖြင့် တိုက်ပွဲရပ် တန့်ထားခြင်းဖြစ်ကာ ယခု နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ကာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ပုံစာ – ရက္ခိုင့်တပ်တော် – AA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)။

ဓာတ်ပုံ – AA Info Desk

*******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2394

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=6198

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတိုက်လေယာဉ်အပျက်အစီးများကရင်ပြည်နယ်၌ တွေ့ရှိ
Next Article ရိဒ်တပ်စခန်းကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.