• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်မီဒီယာများ
သတင်းဆောင်းပါး

စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်မီဒီယာများ

thanlwinkhetBy thanlwinkhetNovember 11, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြတ်မင်း
နိုဝင်ဘာ ၁၂၊ ၂၀၂၃။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မြန်မာနိုင်ငံရဲ့ဝါဒဖြန့်ချီရေးစစ်မျက်နှာ ကို ထောင့်ပေါင်းစုံကနေတွေ့မြင်လာရပြီးစစ်အာဏာရှင်ဝါဒဖြန့်ချီရေးနဲ့ ဒီမိုကရေစီဝါဒဖြန့်ချီရေးတို့ရဲ့ တိုက်ပွဲ တွေက ပိုမိုပြင်းထန်လာပါတယ်။စစ်အာဏာရှင်ဝါဒဖြန့်ချီရေးကတော့ ငွေအား၊ အာဏာအားနဲ့ အစစ အရာရာအထက်စီးရထားတယ်လို့ထင်စရာရှိပေမယ့် တကယ့်ဓမ္မတရားကတော့ သူတို့နဲ့အတူရှိမနေဘဲဒီမိုကရေစီဘက် တော်သားတွေနဲ့အတူ ရှိနေပါတယ်။

အထက်မှာပြောခဲ့သလို ဝါဒဖြန့်တာနဲ့တဆက်တည်းဆိုသလို သတင်းတု၊ သတင်းမှားတွေ၊အမုန်းစကားတွေက လည်း ရောပါနေတာကိုသတိထားမိပါတယ်။ စစ်တပ်ရဲ့ဝါဒဖြန့်မှုတွေကို ပုံနှိပ်၊အသံနဲ့ ဆိုရှယ်ပလက်ဖောင်းတွေ လို့ အမျိုးအစားခွဲပြီးဖော်ပြရရင်- စကစ တိုက်ရိုက်မီဒီယာတွေအနေနဲ့ သတင်းစာ – ၄ စောင်၊ ရုပ်မြင်သံကြား ၃ခု၊ ရေဒီယိုလိုင်း ၂ခု ၊ စကစလော်ဘီ ပုံနှိပ်မီဒီယာတွေအနေနဲ့ ဂျာနယ် ၂ စောင်၊ သတင်းစာ ၁ စောင် ၊ စကစလော်ဘီသတင်းဌာနတွေအနေနဲ့ သူရိယ နေဝန်း၊ Myanmar Hardtalk၊ Myanmar Nation Voice၊ Myanmar Guardian ၊ စကစ လော်ဘီ Telegram အကောင့်တွေအနေနဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ကိုသက်၊
ဘညွန့်၊ Moe Hein၊ Thazin Oo စသဖြင့် တွေ့မြင်ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြား။ (ဓာတ်ပုံ - Twitter)
စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြား။ (ဓာတ်ပုံ – Twitter)

စစ်ဝါဒဖြန့်ချီမှုအစ
*****************

လွတ်လပ်ရေးရပြီးသိပ်မကြာခင်မှာဘဲ ပြည်တွင်းစစ်ကိုရင်ဆိုင်ဆင်နွှဲခဲ့ရတဲ့ စစ်တပ်က သူတို့ဟာမမှားသောစစ်ပွဲ၊ တရားသောစစ်ပွဲကို ဆင်နွှဲနေတာဖြစ်တဲ့အကြောင်း တောက်လျှောက်ဆိုသလိုဝါဒဖြန့်ချီခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ကနေ ၁၉၅၈ ခုနှစ် ၊ ၁၉၆၀ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်စတဲ့ကာလတွေမှာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးက ဘယ်သူ့မျက်နှာ ကိုမှကြည့်စရာမလိုဘဲလွတ်လွတ်လပ်လပ်ဝါဒဖြန့်ချီနိုင်ခဲ့ပါတယ်။ ဝါဒဖြန့်ချီတဲ့အထဲမှာ လူနည်းစုအသီးသီးကို တိုက်ခိုက်တာ၊နိုင်ငံရေးအရအတိုက်အခံဖြစ်တဲ့ ဒီမိုကရေစီအင်အားစုတွေကိုတိုက်ခိုက်တာစတဲ့ အကြောင်းအရာမျိုးတွေကို တွေ့နိုင်ပါတယ်။

၁၉၈၈ – ၉၀ နောက်ပိုင်း နဝတ၊ နအဖ ခေတ် ပြည်တွင်းစစ်အရှိန်လျော့ကျသွားချိန်အချို့မှာ စစ်တပ်ကဘယ် အစိုးရနဲ့မှမတူအောင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်သူကြီးတွေဖြစ်တဲ့အကြောင်း မျောက်မင်းအူသံဝါဒဖြန့်ချီမှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ၂၀၂၁ နွေဦးတော်လှန်ရေးပေါ်ပေါက်လာတဲ့အခါမှာလည်းမြန်မာစစ်တပ်က မမှားသော စစ်၊ တရားသောစစ်အတွက် ရွာတွေမီးရှို့ရင်း၊ မိန်းမတွေကို မုဒိမ်းကျင့်ရင်း၊ကလေးတွေသတ်ရင်း ဆင်နွှဲလာပါတော့တယ်။

၂၁ ရာစုက နည်းပညာပေါက်ကွဲနေတဲ့ခေတ်ဖြစ်တဲ့အားလျော်စွာ စစ်တပ်ရဲ့ ဝါဒဖြန့်ချီမှုတွေကလည်းအရင်ခေတ် တွေကလို သတင်းစာတွေ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားလိုင်းတွေတင်မကတော့ဘဲလူမှုကွန်ရက်တွေ၊ ဆိုရှယ်ပလက် ဖောင်းတွေကတဆင့် ဝါဒဖြန့်ချီလာတာတွေ့ရပါတယ်။

စစ်တပ်ရဲ့ဝါဒဖြန့်ချီရေးကို ဘက်ပေါင်းစုံကတွေ့မြင်နေရသလို သူတို့ရဲ့ဝါဒဖြန့်ချီမှုကိုလေ့လာကြည့်ရင်ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သတင်းတု၊ သတင်းမှား အများအပြားဖြန့်ချီနေတာ တွေ့ရပါတယ်။ဖြစ်ရပ်တချို့ကိုထုတ်ပြရ ရင် – ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာက စာသင်ကျောင်းကို လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်မှာ ကလေးငယ် ၇ ဦးသေဆုံးခဲ့ပေမယ့် မြန်မာ့အလင်းသတင်းစာမှာတော့ စစ်တပ်က နယ်မြေရှင်း လင်းရေးလုပ်ရင်းတိုက်ပွဲဖြစ်ပွားတာကြောင့် ကျောင်းသားတွေအပါဝင် လူအများအပြား သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အလားတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးမှာရှိတဲ့မုန်လိုင်ခက်စစ်ဘေး‌ရှောင်စခန်းကို စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲကြဲခဲ့ပေမယ့်ယမ်းသိုလှောင်ရုံပေါက်ကွဲလို့ ၂ လသားကလေးငယ် အပါအဝင် လူ ၃၀ သေဆုံးခဲ့တယ်လို့မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါဖော်ပြချက်တွေက စစ်တပ်ရဲ့သတင်းတု၊သတင်းမှားဖြန့်ချီမှုပုံစံတစ်မျိုးဖြစ်ပြီး နိုင်ငံပိုင်သတင်းစာကနေ တရားဝင်လိမ်လည်ဖြန့်ချီ နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြား။ (ဓာတ်ပုံ - Twitter)
စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြား။ (ဓာတ်ပုံ – Twitter)

အထက်ပါဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရတဲ့ဒေသခံတွေရဲ့ပြောကြားချက်အရစစ်တပ်ရဲ့လုပ်ရပ်က ထင်ရှားနေပေမယ့် သူတို့ရဲ့သတင်းတွေမှာတော့ ဒေသအခြေစိုက်တိုင်းရင်းသားတော်လှန်ရေးတပ်တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်တွေရဲ့လုပ်ရပ်မျိုးနဲ့သတင်းမှားတွေလှိုင်လှိုင်ဖြန့်ချီနေတာ တွေ့ရမှာပါ။

စစ်ဝါဒ ကျဆုံးရမည်
******************
အခုတင်ပြခဲ့တဲ့ စကစ ဝါဒဖြန့်ချီရေးမီဒီယာရဲ့ထိရောက်မှုကို ပြန်လည်ခြုံငုံသုံးသပ်ရမယ်ဆိုရင်အထက်မှာ ဖော်ပြ ထားတဲ့ မီဒီယာတွေ၊ သတင်းသမားအမည်ခံတွေက သူတို့ကိုယ်ကျိူးအတွက်ပြည်သူ့ကိုမှိုင်းတိုက်တဲ့ အရေး အသားတွေ၊ အထင်အမြင်မှားစေတဲ့သတင်းတွေနဲ့တော်လှန်ရေးကိုပုံဖျက်နေကြတာပါ။

သူတို့ဘယ်လိုပဲ ရေးရေး၊ ဘယ်လိုပဲပြော‌ပြော လူထုအတွက်ကတော့ ဘာမှထိရောက်မှုမရှိလှပါဘူး။ပျူစောထီးကို သူတို့ပဲဖွဲ့ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မသိပါဘူးလို့ပြောပါတယ်။ စစ်သားတွေကရွာတွေမီးရှို့ပေမယ့်လည်း မရှို့ပါဘူးပဲ ပြောပါတယ်။စစ်ဝါဒီတွေဟာ အရာရာကို လက်နက်နဲ့ထိန်းချုပ်ထားနိုင်တယ်လို့အတွေးအမြင်ရှိကြသူတွေဖြစ်တာကြောင့် သူ့လက်နက်ကိုင်တပ်တွေကိုလည်း သူ့ဝါဒမှိုင်းနဲ့အုပ်စီးထားနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အားထုတ်မှုတွေ အောင်မြင်လား၊မအောင်မြင်ဘူးလားဆိုတာကိုတော့ မကြာခင်မှာ တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။အဓမ္မသမားတွေအတွက်တော့ ကမ္ဘာမှာ နေရာမရှိပါဘူး။

“စစ်အာဏာဝါဒဖြန့်ချီရေး – မုချကျဆုံးရမည်”

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကရင်နီပြည်မြို့သိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်အထိနာသည့် သတင်းနှင့်အတူ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေ
Next Article ကရင်နီပြည် ၁၁.၁၁ စစ်ဆင်ရေး၌ စစ်ကောင်စီတပ်စခန်း ၇ ခုနှင့် လက်နက်မျိုးစုံ ၁၀၀ ခန့် သိမ်းဆည်းရရှိ
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.