• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကရင်နီပြည်မြို့သိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်အထိနာသည့် သတင်းနှင့်အတူ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေ
တိုက်ပွဲသတင်း

ကရင်နီပြည်မြို့သိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်အထိနာသည့် သတင်းနှင့်အတူ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေ

thanlwinkhetBy thanlwinkhetNovember 11, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကရင်နီပြည်မြို့သိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်အထိနာသည့် သတင်းနှင့်အတူ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေ

**************************************

သံလွင်ခက်

နိုဝင်ဘာ ၁၁ ၊ ၂၀၂၃ ။

လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး အရှင်ဖမ်းဆီးရမိသည့် သတင်းများထွက်ပေါ်လာနေမှုနှင့်အတူ လေကြောင်းကနေတိုက်ခိုက်မှုများကိုလည်း စစ်ကောင်စီဘက်က ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည် ။

လေယာဥ်များပတ်ဝဲပျံနေပြီး ပစ်ခတ်၊ ဗုံးကြဲမှုများလည်းမကြာမကြာရှိနေသည်ဟု တိုက်ပွဲဖြစ်ပွားရာ

ထေးငှားလျားရပ်ကွက်အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦး ကပြောသည် ။

” အခုလည်းလေယာဥ်ဗုံးကြဲတယ် ။ စက်သေနတ်တွေနဲ့ပစ်တယ် ။ မနက်ကလည်း သုံးကြိမ်လောက်ရှိတယ်။ အပြင်လည်း ထွက်မရတော့ ဘယ်နေရာလည်း မသိရဘူး ။ နီးတယ်အသံတော့တော်တော်ကျယ်တယ် ။ အိမ်ဘေးနည်းနည်းလောက်မှာလည်း လက်နက်ကြီး သုံးခါကျတယ် “ဟု ၎င်းက နေ့လည် ၂ နာရီခွဲခန့်တွင်ပြောသည် ။

ထေးငှားလျားရပ်ကွက်နှင့် ရေယိုကျေးရွားကြားရှိ စစ်ကောင်စီဂိတ်ကိုလည်း ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ  လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ရေယိုသီလရှင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည် ။

” တချို့ထိခိုက်တာတွေရှိတယ် ။ သေတယ်လည်း ပြောသံကြားနေကြတယ် ။ အပြင်ထွက်လို့မရတော့ အတိအကျမသိရဘူး “ဟု ထေးငှားလျားရပ်ကွက်မှ ဒေသခံ အမျိုးသမီးကပြောသည် ။

လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ တပ်စွဲထားသည့်နေရာများနှင့် ဂိတ်များကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့ နေ့လည် ၁၂ နာရီမှစ၍ အပြင်မထွက်ကြရန် မာရှယ်လောထုတ်ပြန်ထားသောကြောင့် လွိုင်ကော်မြို့ပေါ်၌ အသွားအလာရှင်းနေသည်။

” ညီမတို့ရပ်ကွက်ကတော့ မာရှလောဆိုတော့ အိမ်မှာပဲကိုယ်စီနေနေကျတယ်။ ပုံမှန်ပါပဲရှင့် ။  ၁၂ ကနေ

စ ထုတ်တယ်ပြောနေကြတယ် ။ လိုင်းမှာလည်း တင်ထားတာတွေ့မိတယ် ။ အသေအချာလိုက်ကြေငြာတာတော့မရှိသေးဘူး “ဟု လောဓမ္မရပ်ကွက် ဒေသခံကပြောသည် ။

ယနေ့တွင် ဖော်ဆောင်နေသည့် တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်၍လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က လွိုင်ကော် – ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ  ၊ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအားအသုံးပြု၍ အသွားအလာမပြုလုပ်ကြရန် ယနေ့နံနက်ပိုင်း၌ သတိပေး ထုတ်ပြန်ထားသည် ။

အဆိုပါလမ်းကြောင်း နေရာများအနီးတစ်ဝိုက်တွင်

ယနေ့ နိုဝင်ဘာလ ၁၁ရက် မှစ၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အများပြည်သူများအနေဖြင့် ခရီးသွားလာခြင်း နှင့် နေအိမ်ပြင်ပထွက်၍ သွားလာခြင်းများအား မလိုအပ်လျှင် မပြုလုပ်ကြဘဲ လုံခြုံသောနေရာများတွင်သာ နေထိုင်ကြပါရန် KNDFက  အထူးတိုက်တွန်း ဖော်ပြထားသည် ။

ကရင်နီပြည်တွင်  လွိုင်ကော်မြို့အပါအဝင် မိုးဗြဲ ၊ နန်းမယ်ခုံ နှင့် ဖယ်ခုံမြို့များတွင်လည်း ယနေ့နံနက်အစောပိုင်းကတည်းက တချိန်တည်း တိုက်ပွဲများဖြစ်ပွားနေခဲ့သည်ဟု ဒေသခံများထံမှ သိရသည် ။

ပုံစာ-ယနေ့ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေသည့် လွိုင်ကော်မြို့၌ အသွားအလာများရှင်းလင်းနေမှု ။

ဓာတ်ပုံ-Jobs For Kayah

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2375

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=6171

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကရင်နီပြည် မြို့လေးမြို့၌တိုက်ပွဲဖြစ်ပွား
Next Article စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်မီဒီယာများ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.