လက်နက်၊ခဲယမ်းအများအပြား ထောက်ပို့ထားသည့် လားရှိုးရှိ စစ်ကောင်စီတပ်စခန်း၂ ခုကို TNLA သိမ်းပိုက်
********************************
သံလွင်ခက်
နိုဝင်ဘာ ၄ ၊ ၂၀၂၃ ။
ရှမ်းပြည်မြောက်ပိုင်း၌ ထိုးစစ်ဆင်ခံနေရသည့်ကာလအတွင်း၌ စစ်ကောင်စီက ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ခဲယမ်းများချထားပေးသည့်စခန်းနှင့် ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုံးထားသည့် စခန်းတစ်ခုတို့ကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်သည် ။
တအာင်းတပ်မတော် PSLF/TNLA ၏ တပ်မဟာ၆ စစ်ဒေ၊ လားရှိုးမြို့နယ်ရှိ မိုင်းကျတ်တပ်စခန်းသို့ စစ်ကောင်စီက ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းများချပေးခဲ့ရာ ခဲယမ်းသေတ္တာ ၅ ခုကို TNLAက ယမန်နေ့၌ ကြားရယူနိုင်ခဲ့သည့်အပြင် ယနေ့တွင် အဆိုပါစခန်းကို အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ။
အဆိုပါ မိုင်းကျက်တပ်စခန်းကို ယနေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီး စခန်းအား တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည် ။
တအာင်းတက်မတော် TNLAသည် ယနေ့တွင် မိုင်းကျတ်တပ်စခန်းအပြင် လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပ.သ.စ စခန်းတို့နှင့် တပ်မဟာ(၂)စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ မိုးလိုတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ။
ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော
ဂျာယန်ပြည်သူစစ်စခန်းသည် စစ်ကောင်စီက ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုံးထားသည့် စခန်းတစ်ခု ဖြစ်ပြီး အဆိုပါစခန်းအား သိမ်းပိုက်စဥ် ပြည်သူစစ် တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် စခန်းတွင်းမှ လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ နှင့်၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံး၊ ယာမဆေးပြား ထုတ်ကြီး ၃၉ထုပ် ကျော် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စခန်းမှ ဖမ်းဆီးရမိသူများအနက် စခန်းတာဝန်ရှိသူများ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင် ၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင် နှင့် ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့အား ထိန်းသိမ်းထားပြီး ကျန်တပ်ဖွဲ့ဝင် ၃၄ ဦး အား နေရပ်သို့ ပြန်လွှတ်ပေးခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2310
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6075