ရေတာရှည်မြို့နယ်တွင် ၁ လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွား
*********************************
သံလွင်ခက်
နိုဝင်ဘာ ၂ ၊ ၂၀၂၃။
ပဲခူးတိုင်းအရှေ့ပိုင်း၊ ရေတာရှည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ ပုဝါနီစစ်ကြောင်း၊ ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား အောက်တိုဘာလ ၁ လအတွင်း တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု PDF စစ်ရုံးချုပ်က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
ရေတာရှည်မြို့နယ်ရှိကျေးရွာများတွင် စစ်ကောင်စီနှင့် ပုဝါနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ၂ ဦး အပါအဝင် ၈၀ ကျော်သေဆုံးခဲ့ပြီး ၃၄ ဦးကျော် ဒဏ်ရာ ရ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ၂ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲများအတွင်း RPG နှင့် ၆၀ မမ ဗုံးသီးများသိမ်းဆည်းရမိခဲ့သည်ဟု PDF စစ်ရုံးချုပ်ကထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေယာဉ်နှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲပစ်ခတ်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၂ လုံးပျက်စီးခဲ့ပြီး အရပ်သား ၅၅၀ ကျော် စစ်ရှောင်ခဲ့ရသည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2279
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6029