စစ်ရေးဆိုင်ရာကျူးကျော်မှုမှန်သမျှကို တိုက်ထုတ်သွားမည်ဟု UWSA ထုတ်ပြန်
***********************
ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၊ ၂၀၂၃။
ယခုဖြစ်ပွားနေသော အရှေ့မြောက်ဒေသတိုက်ပွဲများနှင့်ပတ်သက်၍ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ- UWSP က ယနေ့ နိုဝင်ဘာလ ၁ ရက်တွင် သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် UWSP/UWSA အနေဖြင့် မည်သည့်ဘက်ကမျှ ပါဝင်တိုက်ခိုက်မည်မဟုတ်ကြောင်းနှင့် လေကြောင်း၊ ကြည်းကြောင်းကနေ နယ်ကျော်ဝင်ရောက်လာသော မည်သည့်စစ်ရေးဆိုင်ရာကျူးကျော်မှုမှန်သမျှ ကိုမဆို တိုက်ထုတ်သွားမည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ UWSP/UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ကို သံလွင်ခက်က ဆက်သွယ် မေးမြန်းရာတွင် ထုတ်ပြန်ချက်မှန်ကန်ကြောင်းနှင့် တိုက်ပွဲများသည်လည်း “ဝ”ဒေသနှင့် နီးကပ်နေပြီဖြစ်သည်ဟု ဆိုသည်။
UWSP/UWSA သည် ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူအပေါ် ခြွင်းချက်မရှိကာကွယ်စောင့်ရှောက်ခွင့်အပြည့်အဝရှိပြီး “ဝ”ဒေသအတွင်းဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူများကို အခမဲ့ကူညီစောင့်ရှောက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ပါဖော်ပြထားသည်။
ပုံစာ- ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားတွင် တွေ့မြင်ရသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ဝင်များ မြင်ကွင်း။
ဓာတ်ပုံ – သံလွင်ခက်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2275
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6017