• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»တိုက်ပွဲသတင်း»ကသာတွင် ပြည်သူ ၇ ဦးခန့် သတ်ဖြတ်ခံလိုက်ရ
တိုက်ပွဲသတင်း

ကသာတွင် ပြည်သူ ၇ ဦးခန့် သတ်ဖြတ်ခံလိုက်ရ

thanlwinkhetBy thanlwinkhetSeptember 18, 2023No Comments1 Min Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

ကောင်းချစ်အောင်

စက်တင်ဘာ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်များပစ်ခတ်ခံရပြီးနောက် မြစ်ကမ်းဘေးရှိ အရပ်သားပြည်သူ ၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက  သတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

မန္တလေးမြို့မှဆန်တက်လာသည့် စစ်သင်္ဘော ၆ စင်း ရောက်ရှိလာမည့်သတင်းကို ကြိုတင်သိရသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်     ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မိုးတားတိုက်နယ် ပကဖ ဒုတာဝန်ခံ အိန်ဂျလာ က သံလွင်ခက် ကို ပြောသည်။

“အင်အား၂၀၀လောက်ရှိတယ်။ ၁၀၇ မမနဲ့ ၃ လုံးလောက်ထိသွားတော့ ၁ စီးက ရပ်သွားတယ်။ စစ်သင်္ဘောကနေစက်လက်တွေနဲ့ တရစပ်ပြန်ပစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်သင်္ဘောများသည် ရေလယ်ခေါင်တွင်ကျောက်ချရပ်နားပြီး အင်အား ၄၀ ကျော်ပါ စက်လှေ ၁ စီးဖြင့် ကမ်းကပ်လာခဲ့ရာ ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဘက်က ရေယာဥ်များပေါ်မှ လက်နက်ကြီး၊ စက်လက်နက်များဖြင့် တရပ်စပ်ပစ်ကူပေးနေခြင်းနှင့်ကာကွယ်ရေးတပ်များဘက်က ကျည်အင်အားနည်းလာခြင်းတို့ကြောင့် ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တုပ်ကြီးကျေးရွာကိုဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ်အလုံး ၃၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံ ၁ ဦး ကဆိုသည်။

“တုပ်ကြီးရွာကနေ လှမ်းပစ်တယ်ထင်လို့ မီးလာရှို့တာပေါ့။ မီးရှို့ခံထားရတဲ့ ၃ လောင်းတွေ့တယ်။ ရေစပ်မှာလည်းအလောင်း ၄ လောင်းကိုသတ်ဖြတ်ထားတဲ့ သွေးကွက်တွေတွေ့တယ်။ ရေထဲမျောချလိုက်တာနဲ့တူတယ်“ဟု ၎င်း ကဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် တုပ်ကြီးရွာထဲကပြန်လည်ထွက်ခွာချိန်တွင် ရေနီရွာဘက်ကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့ရသေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကိုသတ်ဖြတ်ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူ ၅ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါစစ်သင်္ဘောများသည် မန္တလေးမြို့မှလက်နက်ရိက္ခာများတင်ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး ယနေ့မှာတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသည်ဟု ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းကစပြီး စစ်ကောင်စီက စစ်လက်နက်ရိက္ခာများကို ရေကြောင်းဖြင့် ကချင်ပြည်နယ်ဘက်သို့ပို့ဆောင်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

**************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1975

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=5634

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleတပ်မဟာ ၃ နယ်မြေအတွင်း လေကြောင်းအတိုက်ခံရမှုကြောင့် ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ
Next Article မတရားအခွန်ကောက်ခံနေသည့် ချောက်မြို့နယ်စည်ပင်ရုံးကို ဗုံးခွဲသတိပေး
thanlwinkhet
  • Website

Related Posts

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

September 25, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.