• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရပြီး မီးလောင်
  • မြင်းခြံတွင် စစ်ကော်မရှင်တပ်က ၄ ရက်ဆက် မီးရှို့၊ သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံး
  • မဲဆောက်တွင် စည်းကမ်းမဲ့ E-bike များကို ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ
  • တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ဖြေရှင်းမှုကို ရှောင်ကြဉ်ရန် အဖွဲ့အစည်းပေါင်းစုံ တိုက်တွန်း
  • မိတ္ထီလာမြို့တွင် ဝါယာရှော့ဖြစ်၊ အိမ် ၆ လုံးမီးလောင်
  • စစ်ကော်မရှင်က ဖလမ်းမြို့ကို ၅ လအတွင်း အကြိမ် ၂၅၀၀ ကျော် လေကြောင်းတိုက်ခိုက်
  • လောင်စာဆီချွေတာရေး ထိုင်းအစိုးရဌာနများ နေအိမ်မှအလုပ်လုပ်ရန် ညွှန်ကြား
  • ချင်းမိုင်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို ဓားထောက်အဓမ္မပြုကျင့်မှုဖြင့် မြန်မာအမျိုးသားတစ်ဦး အဖမ်းခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကသာတွင် ပြည်သူ ၇ ဦးခန့် သတ်ဖြတ်ခံလိုက်ရ
တိုက်ပွဲသတင်း

ကသာတွင် ပြည်သူ ၇ ဦးခန့် သတ်ဖြတ်ခံလိုက်ရ

thanlwinkhetBy thanlwinkhetSeptember 18, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

စက်တင်ဘာ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်များပစ်ခတ်ခံရပြီးနောက် မြစ်ကမ်းဘေးရှိ အရပ်သားပြည်သူ ၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက  သတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

မန္တလေးမြို့မှဆန်တက်လာသည့် စစ်သင်္ဘော ၆ စင်း ရောက်ရှိလာမည့်သတင်းကို ကြိုတင်သိရသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်     ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မိုးတားတိုက်နယ် ပကဖ ဒုတာဝန်ခံ အိန်ဂျလာ က သံလွင်ခက် ကို ပြောသည်။

“အင်အား၂၀၀လောက်ရှိတယ်။ ၁၀၇ မမနဲ့ ၃ လုံးလောက်ထိသွားတော့ ၁ စီးက ရပ်သွားတယ်။ စစ်သင်္ဘောကနေစက်လက်တွေနဲ့ တရစပ်ပြန်ပစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်သင်္ဘောများသည် ရေလယ်ခေါင်တွင်ကျောက်ချရပ်နားပြီး အင်အား ၄၀ ကျော်ပါ စက်လှေ ၁ စီးဖြင့် ကမ်းကပ်လာခဲ့ရာ ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဘက်က ရေယာဥ်များပေါ်မှ လက်နက်ကြီး၊ စက်လက်နက်များဖြင့် တရပ်စပ်ပစ်ကူပေးနေခြင်းနှင့်ကာကွယ်ရေးတပ်များဘက်က ကျည်အင်အားနည်းလာခြင်းတို့ကြောင့် ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တုပ်ကြီးကျေးရွာကိုဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ်အလုံး ၃၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံ ၁ ဦး ကဆိုသည်။

“တုပ်ကြီးရွာကနေ လှမ်းပစ်တယ်ထင်လို့ မီးလာရှို့တာပေါ့။ မီးရှို့ခံထားရတဲ့ ၃ လောင်းတွေ့တယ်။ ရေစပ်မှာလည်းအလောင်း ၄ လောင်းကိုသတ်ဖြတ်ထားတဲ့ သွေးကွက်တွေတွေ့တယ်။ ရေထဲမျောချလိုက်တာနဲ့တူတယ်“ဟု ၎င်း ကဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် တုပ်ကြီးရွာထဲကပြန်လည်ထွက်ခွာချိန်တွင် ရေနီရွာဘက်ကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့ရသေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကိုသတ်ဖြတ်ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူ ၅ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါစစ်သင်္ဘောများသည် မန္တလေးမြို့မှလက်နက်ရိက္ခာများတင်ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး ယနေ့မှာတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသည်ဟု ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းကစပြီး စစ်ကောင်စီက စစ်လက်နက်ရိက္ခာများကို ရေကြောင်းဖြင့် ကချင်ပြည်နယ်ဘက်သို့ပို့ဆောင်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

**************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1975

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=5634

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတပ်မဟာ ၃ နယ်မြေအတွင်း လေကြောင်းအတိုက်ခံရမှုကြောင့် ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ
Next Article မတရားအခွန်ကောက်ခံနေသည့် ချောက်မြို့နယ်စည်ပင်ရုံးကို ဗုံးခွဲသတိပေး
thanlwinkhet
  • Website

Related Posts

လယ်ဒိုတွင် စစ်တပ် စစ်ကြောင်းထိုး ဗုံးကြဲ၍ အရပ်သား ၃၀ ကျော် သေဆုံး၊ ရာနှင့်ချီ ဖမ်းဆီးခံထားရ

March 9, 2026

ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး

March 3, 2026

ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း စစ်တပ် ပတ်ကင်းကား ကြားဖြတ်တိုက်ခံရ၊ ၄ ဦးသေဆုံး

February 28, 2026

Leave A Reply Cancel Reply

Recent Posts

  • ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရပြီး မီးလောင်
  • မြင်းခြံတွင် စစ်ကော်မရှင်တပ်က ၄ ရက်ဆက် မီးရှို့၊ သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံး
  • မဲဆောက်တွင် စည်းကမ်းမဲ့ E-bike များကို ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ
  • တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ဖြေရှင်းမှုကို ရှောင်ကြဉ်ရန် အဖွဲ့အစည်းပေါင်းစုံ တိုက်တွန်း
  • မိတ္ထီလာမြို့တွင် ဝါယာရှော့ဖြစ်၊ အိမ် ၆ လုံးမီးလောင်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရပြီး မီးလောင်

မြင်းခြံတွင် စစ်ကော်မရှင်တပ်က ၄ ရက်ဆက် မီးရှို့၊ သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံး

မဲဆောက်တွင် စည်းကမ်းမဲ့ E-bike များကို ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ဖြေရှင်းမှုကို ရှောင်ကြဉ်ရန် အဖွဲ့အစည်းပေါင်းစုံ တိုက်တွန်း

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရပြီး မီးလောင်

March 11, 2026

မြင်းခြံတွင် စစ်ကော်မရှင်တပ်က ၄ ရက်ဆက် မီးရှို့၊ သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံး

March 11, 2026

မဲဆောက်တွင် စည်းကမ်းမဲ့ E-bike များကို ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

March 11, 2026

တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ဖြေရှင်းမှုကို ရှောင်ကြဉ်ရန် အဖွဲ့အစည်းပေါင်းစုံ တိုက်တွန်း

March 11, 2026

မိတ္ထီလာမြို့တွင် ဝါယာရှော့ဖြစ်၊ အိမ် ၆ လုံးမီးလောင်

March 10, 2026

စစ်ကော်မရှင်က ဖလမ်းမြို့ကို ၅ လအတွင်း အကြိမ် ၂၅၀၀ ကျော် လေကြောင်းတိုက်ခိုက်

March 10, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.