• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဘာသာပြန်ဆောင်းပါး»စစ်ကောင်စီ၏ရွေးကောက်ပွဲအိပ်မက်အပေါ် တရုတ်နိုင်ငံ၏ကူညီပံ့ပိုးနေမှုများ
ဘာသာပြန်ဆောင်းပါး

စစ်ကောင်စီ၏ရွေးကောက်ပွဲအိပ်မက်အပေါ် တရုတ်နိုင်ငံ၏ကူညီပံ့ပိုးနေမှုများ

thanlwinkhetBy thanlwinkhetAugust 27, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဩဂုတ် ၂၇ ၊ ၂၀၂၃။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲလုပ်ငန်းစဥ်များ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းပြီးစီးရမည် ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ဖူးသည်။ လက်ရှိမှာတော့ စစ်ခေါင်း ဆောင်ပြောဆိုထားသောအချိန်ရောက်လာခဲ့ပြီဖြစ်သော်လည်း ရွေးကောက်ပွဲကတော့ ဖြစ်မလာသေးပါ။

ပြီးခဲ့သောဇူလိုင်လ ၃၁ ရက်တွင် စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးခေါ်ဆိုခဲ့ပြီး “သာမန်မဟုတ်သည့်အခြေအနေ”ဆိုသောအကြောင်းပြချက်ဖြင့် နောက်ထပ် ၆ လ သက်တမ်းထပ်မံတိုးလိုက်ပြန်ပါသည်။ ထိုကဲ့သို့သက်တမ်းတိုးနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁ (ခ) နှင့် ပုဒ်မ ၄၂၅ ကိုအသုံးပြုခဲ့ပါသည်။ ပုဒ်မ ၄၂၁ (ခ)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပေးအပ် ထားသောတာဝန်များ ပြီးမြောက်အောင်မဆောင်ရွက်နိုင်သေးခြင်းနှင့် ပုဒ်မ ၄၂၅ တွင်တော့ သတ်မှတ်ကာလ တိုးမြှင့်ပေးရန် ဖော်ပြတောင်းဆိုခြင်းများပါဝင်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်ရန် စောင့်ဆိုင်းနေသော ပြည်သူများ
၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်ရန် စောင့်ဆိုင်းနေသော ပြည်သူများ

အဆိုပါပုဒ်မနှစ်ခုစလုံးတွင် သာမန်အားဖြင့် ၆ လနှစ်ကြိမ် သက်တမ်းတိုးမြှင့်နိုင်ကြောင်းဖော်ပြထားသော်လည်း ယခုအချိန်မှာတော့ သက်တမ်းတိုးနေသည်က ၄ ကြိမ်ရှိသွားခဲ့ပြီလည်းဖြစ်သည်။ သာမန်အားဖြင့် ၆ လနှစ်ကြိမ်ဆို သော်လည်း လက်ရှိဖြစ်ပျက်နေသည်များအား သာမန်မဟုတ်သည့်အခြေအနေများအဖြစ် အနက်ကောက်ယူကာ ၆ လနှစ်ကြိမ်ထက် ကျော်လွန်သက်တမ်းတိုးနေခြင်းလည်းဖြစ်သည်။ ယင်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကလည်း ခွင့်ပြုပေးထားသည်ဟုဆိုပါသည်။

ယခုတစ်ကြိမ်တွင်တော့ ရွေးကောက်ပွဲလုပ်နိုင်မည့် အခင်းအကျင်းနှစ်ရပ်ရှိရမယ်ဟု စစ်ကောင်စီခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလာပါသည်။ အဆိုပါ အခင်းအကျင်းနှစ်ရပ်မှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာ များကိုချန်လှပ်ထားရန်နှင့် တစ်နိုင်ငံလုံး မဖြစ်မနေရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်ကြသည်။ ယင်းအခင်းအကျင်း နှစ်ရပ်စလုံးတွင် “နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိရေး”ကလည်း အဓိကကျ သည် ဟု ဆိုပါသည်။

“တစ်ဘက်မှာကျ မဲစာရင်းမှန်ဖို့လိုမယ်။ ဒီအတွက် သန်းခေါင်စာရင်းအရေးကြီးတယ်။ သန်းခေါင်စာရင်းကောက်တဲ့ အခါ တိုက်ခိုက်မှု ၊ ခြိမ်းခြောက်မှုတွေကြောင့် နှောင့်နှေးနေရတယ်”ဟု စစ်ကောင်စီခေါင်းဆောင်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်ရန် စောင့်ဆိုင်းနေသော ပြည်သူများ
၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်ရန် စောင့်ဆိုင်းနေသော ပြည်သူများ

အာဏာသိမ်းပြီးနောက်ပိုင်း လူထုထောက်ခံမှုကင်းမဲ့ခြင်း ၊ အာဏာလက်ကိုင်ပြုကာ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း စသည့် တရားဝင်မှုအကျပ်အတည်းကို စစ်ကောင်စီကရင်ဆိုင်နေရပါသည်။ ထို့ကြောင့်လည်း စစ်ကောင်စီ၏ရွေးကောက်ပွဲ အိပ်မက်အကြောင်းပြချက်များက “ဂျာအေးသူ့အမေရိုက်”ဖြစ်နေတော့သည်။ စစ်ကောင်စီဘက်ကတော့ “အကြား အလပ်မရှိ”ရွေးကောက်ပွဲကျင်းပနိုင်စေရမယ်။ “အလောတကြီးဆောင်ရွက်လို့မရဘဲ စနစ်တကျပြင်ဆင်သွားမယ်” ဟု ပြောဆိုထားပါသည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကိုတော့ စစ်ကောင်စီက ကတိမပေးနိုင်သေး သည့်အတွက် “သာမန်မဟုတ်”ဆိုသောဝေါဟာရကိုကိုင်စွဲပြီး အကြိမ်ကြိမ်သက်တမ်းတိုးတာမျိုး ဖြစ်လာနိုင်ပါသေး သည်။

အလုပ်မဖြစ်တဲ့အာဆီယံ
**********************
အာဏာသိမ်းပြီး ၂ လအကြာ ဧပြီလ ၂၄ ရက်တွင် အင်ဒိုးနီးရှားနိုင်ငံ ၊ ဂျကာတာမြို့၌ အာဆီယံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရန် သဘောတူညီချက် ၅ ရပ် (5PC) ပြဋ္ဌာန်းခဲ့ပါသည်။ 5PC ထွက် လာပြီးချိန်မှာတော့ မြန်မာစစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန်မာပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ပြီးလည်းဖြစ်သည်။ အာဏာသိမ်းကာလ ၂ နှစ်ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း အာဆီယံအနေ ဖြင့် ၎င်းတို့ချမှတ်ထားသော 5 PC တိုးတက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါ။ အနောက်နိုင်ငံများကလည်း ” မြန် မာ့အရေးမှာ အာဆီယံအဖွဲ့က ဦးဆောင်အခန်းကဏ္ဍက ခေါင်းဆောင်ပေးပါ”ဟု ဆိုကာ အာဆီယံနောက်ကွယ် တွင်ပုန်းအောင်းပြီး လက်ရှောင်နေခဲ့ပါသည်။

အချိန်များကြာလာသည်နှင့်အမျှ အာဆီယံပြင်ပရှိ အင်အားကြီးနိုင်ငံများပါဝင်သော အာဆီယံအပေါင်း (+) ချဥ်း ကပ်မှု (ASEAN Plus) ဖြင့် မြန်မာ့အရေးဖြေရှင်းသင့်သည်ဟူသော ယူဆမှုများရှိလာခဲ့ပါသည်။ တရုတ် ၊ ဂျပန် ၊ အာ ဆီယံနှင့် ကုလသမဂ္ဂ စသည်တို့၏ အထူးသံတမန်များက ညှိနှိုင်းပေးရန်ဖြစ်သော်လည်း လက်တွေ့မှာတော့ ဘာ တစ်ခုမျှဖြစ်မလာခဲ့ပါ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် မစ္စနိုလင်းဟေဇာ သည်လည်းပဲ ၎င်း၏ တာဝန်ယူချိန်သက်တမ်း ၁၈ လသာကုန်ဆုံးသွားခဲ့သည်။ မြန်မာ့အရေးတွင် ထူးခြားသောတိုးတက်မှုများမပြနိုင်ဘဲ ဇွန်လမှာပင် ရာထူးသက်တမ်းကုန်သွားခဲ့ပါသည်။

တကယ်တမ်းလက်တွေ့ဖြစ်လာသည်များက ထိုင်း ၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့က စစ်ကောင်စီနှင့် အိမ်နီးချင်းသံတ မန်ရေးချဥ်းကပ်မှုများ ပိုမိုပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် တစိတ်တပိုင်းအာဆီယံချဥ်းကပ်မှု လမ်းကြောင်းသစ်ပေါ်ပေါက်လာခဲ့ပြန်သည်။

သဘောထားကွဲလွဲမှုတွေနဲ့ပတ္တရားဆွေးနွေးပွဲ
****************************************

ပြီးခဲ့သောဇွန်လ ၁၉ ရက်က ထိုင်းနိုင်ငံပတ္တရားမြို့တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမုဒ်ဝီနိုင်း က အလွတ်သဘောအစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားဖိတ်ကြား ခဲ့သော်လည်း အင်ဒိုနီးရှား ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများ မတက်ရောက်ခဲ့ပေ။ ထိုအလွတ်သဘောအစည်း အဝေးသို့ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတက်ရောက်ခဲ့ပြီး တရုတ် နှင့် အိန္ဒိယနိုင်ငံများက ကိုယ်စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ “ဒီနေ့အစည်းအဝေးကိုတက်ရောက်လာသူတိုင်း ကျေနပ်ပျော်ရွှင်ကြပါတယ်။ တိုးတက်မှုလည်းရှိတယ်။ ပြဿနာတော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြတယ်။ နယ်စပ်တလျှောက်က အခြေအနေတွေအပြင် အွန်လိုင်းလိမ်လည်မှုတွေ ၊ တခြား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုပါ ဆွေးနွေးနိုင်ခဲ့ ကြတယ်” ဟုပြောသည်။

တိုးတက်မှုများရှိခဲ့သည်ဆိုသော်ငြား ကရင်ပြည်နယ် ၊ မြဝတီမြို့အနီးရှိ KK Park သို့ လူကုန်ကူးခံခဲ့ရသော အိန္ဒိယ လူမျိုးများနှင့်ပတ်သက်ပြီး အိန္ဒိယသံရုံးထံဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လုပ်ရကိုင်ရသည်မှာ လွန်စွာခက်ခဲ နေကြောင်း အမည်မဖော်လိုသော သံရုံးကိုယ်စားလှယ်တစ်ဦးကပြောသည်ဟု South China Morning Post တွင် ဖော်ပြထားပါသည်။ အဆိုပါ သံရုံးကိုယ်စားလှယ်ကပင် –

“အဲဒီလိုနေရာမျိုးတွေဆိုတာ ရဲတွေသွားပြီး လူတွေကိုပြန်ကယ်လို့ရတဲ့နေရာမျိုးတွေ မဟုတ်ဘူး။ အဲဒီလို လူကုန် ကူးခြံဝန်းကြီးတွေအပေါ် အစိုးရက တိုက်ရိုက်ဩဇာမသက်ရောက်ဘူး”ဟု ပြီးခဲ့သော ၂ နှစ်က နိုင်ငံတော်အာဏာ မတရားသိမ်းယူခဲ့သော စစ်ကောင်စီကိုရည်ညွှန်းပြီး ပြောဆိုခဲ့ပါသည်။

ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် ရှည်လျားသောနယ်စပ်စည်းကို အတူမျှဝေယူထားကြရသဖြင့် နယ်စပ်ဖြတ်ကျော် မှုခင်းများဖြစ်ကြသည့် လူကုန်ကူးမှု ၊ မူးယစ်ဆေးဝါး ၊ လက်နက်နှင့် အခြားသောမှောင်ခိုကူးမှုများအား ပူးပေါင်း နှိမ်နင်းရန် ၊ လောင်စာစွမ်းအင်နှင့် အခြားသောရင်းနှီးမြှုပ်နှံမှု စသည့် ဆက်ဆံရေးပေါင်းများစွာရှိနေပါသည်။ ပတ္တရားဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “အလွတ်သဘောဆွေးနွေးမှု”ဟူ၍သာဖော်ပြခဲ့ပြီး အဆိုပါအစည်းအဝေးကြောင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ထင်ရှားပါသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ သိုသိပ်သောတကိုယ်တော်မြန်မာပြည်ခရီးစဥ်နောက်ပိုင်း ဇူလိုင်လ ၂၆ ရက်တွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဘရာဟင် က မြန်မာ့အရေးဖြေရှင်းနိုင်ရန်အတွက် အာဆီယံနိုင်ငံများအနေ ဖြင့် လွတ်လပ်ခွင့်ရှိရှိဖြင့် တရားဝင်မဟုတ်သော ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်သင့်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအပေါ် တရုတ်နိုင်ငံရဲ့အကူအညီ
****************************************
ဩဂုတ်လ ၁ ရက်ကပင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများကတာဝန်ရှိသူများနှင့် တရုတ်ကွန်မြူနစ်ပါ တီ ၊ ဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနက ဒုတိယဝန်ကြီး ဆွန်ဟိုင်းယမ် တို့ ဘေဂျင်းမြို့တွင်တွေ့ဆုံခဲ့ ကြသည်။ ၎င်းတိုင်းရင်းသားပါတီများမှာ စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ဖို့ပြင်ဆင် နေကြသော တိုင်းရင်းသားနိုင်ငံရေးပါတီများလည်းဖြစ်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဆွန်ဟိုင်းယမ် က တရုတ်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းကိုလျှောက်လှမ်းရာတွင် မြန်မာနိုင်ငံအား အခိုင်အမာထောက်ခံကြောင်းပြောကြားခဲ့သည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများအပါအဝင် နိုင်ငံရေးပါတီအသီးသီး နှင့် ကူးလူးဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန် ၊ နိုင်ငံတော်အုပ်ချုပ်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာအတွေ့အကြုံ များ အပြန်အလှန်ဖလှယ်ကြရန်နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းကြဖို့တိုက်တွန်း ကြောင်းကိုပါ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံ တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသူ ပြည်သူတစ်ဦး
မြန်မာနိုင်ငံ တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသူ ပြည်သူတစ်ဦး

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ဖို့ပြင်ဆင်နေကြသော တိုင်းရင်းသားနိုင်ငံရေးပါတီ များကို ဘေဂျင်းမြို့သို့မဖိတ်ကြားခင် ၂၀၂၃ ခုနှစ် မတ်လတွင်လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာ ချန်းဟိုင် နှင့် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး တို့တွေ့ဆုံခဲ့ကြသေးသည်။ ထိုကဲ့ သို့တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံတွင်းရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ထားမှုအခြေ အနေများနှင့်ပတ်သက်ပြီး ဦးသိန်းစိုးထံ မေးမြန်းတာမျိုးရှိခဲ့ပါသည်။

” မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဖြစ်ဖို့ တရုတ်နိုင်ငံကလည်း လိုလားပါတယ်” ဟု တရုတ်နိုင်ငံဘက်က ပြောဆိုခဲ့ဖူး သည်။ စစ်ကောင်စီကလည်း သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ခဲ့သလို ရွေးကောက်ပွဲလုပ်နိုင်ရေးကို ပထမဦးစားပေး လုပ်ငန်းစဥ်အဖြစ် ပြောင်းလဲလိုက်ပါသည်။ တရုတ်နိုင်ငံကလည်း စစ်ကောင်စီအိပ်မက်ကိုအကောင်အထည်ဖော် နိုင်ရန် ကူညီပံ့ပိုးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တရုတ်ကွန်မြူနစ်ပါတီ ၊ ဗဟို ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနက ဖိတ်ကြားခဲ့လေသည်။ မကြာသေးခင်ကလည်း စစ်ကောင်စီ ရွေး ကောက်ပွဲကော်မရှင်သည် ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်ခဲ့သေးသည်။ ထို့နောက်မှ ဒုတိယမြောက်နိုင်ငံခြား ခရီးစဥ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဥ်အတွင်း တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ ၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း ၊ ပါတီ တည်ထောင်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာ ချန်းဟိုင် က ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် နည်းဥပဒေပြင်ဆင်ပြဋ္ဌာန်းရေး ၊ မဲစာရင်းပြုစုရေးနှင့် နိုင်ငံရေးပါတီများအပေါ်စိစစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ထံ လာရောက်မေးမြန်းခဲ့သေး သည်။

မီဒီယာတွေကနေ တိုးမြှင့်ဝါဒဖြန့်ဖို့ကြိုးစားလာတဲ့တရုတ်နိုင်ငံ
********************************************************
ပြီးခဲ့သောဇူလိုင်လပထမပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ၊ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးအပါအဝင် Sky Net ရုပ်သံလိုင်းပိုင်ရှင် ရွှေသံလွင်ကုမ္ပဏီတို့နှင့် တွေ့ဆုံခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် ၏ ကမ္ဘာလုံးဆိုင်ရာအစီအမံ ၃ ရပ်တွင်းက ကမ္ဘာလုံးဆိုင်ရာယဥ်ကျေးမှုအစီအမံနှင့်ပတ်သက်ပြီး မြန်မာလူထုကြားစိမ့်ဝင်ပျံ့နှံ့ထောက်ခံလာအောင်ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့ပါသည်။ မေလတွင်လည်း တရုတ်-မြန်မာနှစ်နိုင်ငံက မီဒီယာအဖွဲ့အစည်း ၂၀ နီးပါးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ဖိတ်ခေါ်ခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးအစီအမံများနှင့်ပတ်သက်ပြီး ရှင်းပြခဲ့သေးသည်ဟု သိရသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံများနှင့်ပတ်သက်သည့် အခြေခံမူများကို စစ်ကောင်စီကလည်းထောက်ခံထား ပြီး လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်းပေါင်းစည်းရေးစီမံကိန်းများနှင့် ချိတ်ဆက်အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဦးစားပေးပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးအစီအမံများနှင့်ပတ်သက်သည့်ဖိုရမ်များတွင် စစ်ကောင်စီကိုတက်ရောက်ခွင့်ပြုထားပြီး ဇူလိုင်လ ၉ – ၁၀ ရက်များတွင် ဘေဂျင်းမြို့၌ကျင်းပခဲ့သော “ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်ဖိုရမ်” ပထမအကြိမ်အဆင့်မြင့်ညီလာခံသို့ စစ်ကောင်စီကတက်ရောက်ခဲ့ပါသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ပူးတွဲကြေညာချက်နှင့် အိမ်နီးချင်းသံတမန်နည်းလမ်း
*******************************
ဇူလိုင်လဆန်းမှာပဲ တရုတ်နှင့်နီးစပ်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က အချက် ၈ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါပူးတွဲကြေညာချက်တွင် နိုင်ငံတကာကလာရောက်ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများကို မနှောင့်ယှက်ရန် ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) လူပုဂ္ဂိုလ်များကို မနှောင့်ယှက်ရန် ၊ ဆက်ကြေး တောင်းယူခြင်းမျိုးမပြုလုပ်ရန် ၊ လူကုန်ကူးခြင်းများမပြုလုပ်ရန်နှင့် အတင်းအဓမ္ဓလုပ်အားစေခိုင်းတာမျိုးရှောင် ကြဥ်ရန် စသည့်အချက်များပါဝင်သည်။ ပူးတွဲကြေညာချက်ပါအချက်များကို လိုက်နာမှုမရှိပါက ထိထိရောက် ရောက်အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

အာဆီယံ-တရုတ်ဗဟိုဌာန(ACC)ကိုအသုံးပြုပြီး စစ်ကောင်စီဝန်ကြီးများနှင့်ပူးပေါင်းဆောင်ရွက်မှုများ တရုတ်နိုင်ငံ က ပိုမိုဆောင်ရွက်လာပါသည်။ ပြီးခဲ့သောဇူလိုင်လအတွင်း ACC က တရုတ် – အာဆီယံဖိုရမ် ၅ ခုထက်မနည်းကျင်း ပခဲ့ပြီး စစ်ကောင်စီ၏ သက်ဆိုင်ရာဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ACC အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံး ကျွန်း(Mr. Shi Zhongjun) ကိုယ်တိုင်သည်ပင် နေပြည်တော်သို့လာရောက်ခဲ့ပြီး စစ်ကောင်စီ၏ နိုင်ငံခြားရေး ၊ ပညာရေး ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပါသေးသည်။

ဖော်ပြပါအချက်များကိုကြည့်ခြင်းဖြင့် တရုတ်နိုင်ငံသည် တရုတ် – အာဆီယံဆက်ဆံရေးကတဆင့် စစ်ကောင်စီပါဝင်မှု ပိုမိုကျယ်ပြန့်လာအောင်ဆောင်ရွက်နေကြောင်း သိသာထင်ရှားပါသည်။

ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံဒေသတွင်းဖိုရမ်တွင် တရုတ်နိုင်ငံ၏တကျော့ပြန် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ မစ္စတာဝမ်ယီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏လက်တွေ့ကျသောဖြေရှင်းမှုများနှင့် တကိုယ်တော်မြန်မာနိုင်ငံခရီးစဥ်ကိုလည်း အလေး ထားကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အာဆီံယံ၏ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူရပ်တည်ကြောင်းနှင့် အပြု သဘောဆောင်သော ကိုယ်ပိုင်နည်းလမ်း ၊ ကိုယ်ပိုင်အခန်းကဏ္ဍကနေ တရုတ်နိုင်ငံက ဆက်လက်ပါဝင်နေမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါသည်။

မြန်မာ့အရေးတွင် အာဆီယံ၏ကြိုးပမ်းနေမှုများအပြင် အိမ်နီးချင်းသံတမန်ရေးနည်းလမ်းဖြင့်ချဥ်းကပ်ဖို့ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ပိုမိုအားစိုက်နေကြပါသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံ၏ရပ်တည်ချက်ကလည်း အငြင်းပွားဖွယ်ရာအဖြစ် ဆက်လက်ရှိနေတုန်းပင်ဖြစ်သည်။

Ref: ISP-Myanmar, Bangkok Post, SCMP

***************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1873
YouTube- > https://youtu.be/vrLW9EkW9kk
Website -> https://thanlwinkhet.net/?p=5413
Website ->https://eng.thanlwinkhet.net

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီက လေကြောင်းသုံးဗုံးကြဲ
Next Article ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန် နှင့် ကျချိန် ( အပိုင်း – တစ် )
thanlwinkhet
  • Website

Related Posts

အရှေ့တီမော၏ မြန်မာစစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေး အပြောင်းအလဲ

October 3, 2025

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.