သံလွင်ခက်
ဩဂုတ် ၉ ၊ ၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းရှိကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ်(PNO) က ဆန်နှင့်ငွေကောက်ခံနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရှေ့တန်းတပ်သားများအတွက်ဟုဆိုကာ ပအိုဝ်း ပြည်သူ့စစ်(PNO)တပ်ဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကတည်းက စာပို့အကြောင်းကြားထားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ဒီနေ့က နောက်ဆုံးထည့်ရမှာ။ မရှိတဲ့သူလည်း ရှိတဲ့သူတွေဆီက ချေးပြီးသွားထည့်တယ်။ မထည့်တဲ့သူရှိရင်ဖမ်းမယ်လို့ ခြိမ်းခြောက်တာတွေရှိနေတယ်။ သူတို့ကောက်တာက အခုမှမဟုတ်ဘူး။ အရင်ကလည်း ကောက်တယ်။ မပေးရင် မူးယစ်ဆေးဝါး ၊ PDFနဲ့ပတ်သက်တယ်ဆိုပြီးဖမ်းတယ်”ဟုပြောသည်။
ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းတွင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး ပအိုဝ်းပြည်သူ့စစ်(PNO)က တစ်အိမ်လျှင်ဆန် ၂ ပြည်နှင့် ငွေ ၄ ထောင်ကျပ် ကောက်ခံနေခြင်းဖြစ်သည်။
ကုန်ဈေးနှုန်းမြင့်တက်ပြီး အခက်အခဲများဖြစ်နေချိန်တွင် လူထုအပေါ် အကြောင်းအမျိုးမျိုးပြကာ ငွေကောက်ခံခြင်းမျိုးများမပြုလုပ်သင့်ဟု တိုင်းရင်းသားအရေး လေ့လာသူ များက ပြောသည်။
ရှေ့တန်းတပ်သားများအတွက်ကြောင်းပြကာ ဆန်နှင့်ငွေကောက်ခံသော်လည်း စစ်ကောင်စီနှင့် PNO ထိပ်ပိုင်းခေါင်းဆောင်များ ချမ်းသာသွားသည်ဆိုသည့် ဝေဖန်မှုများလည်းရှိနေသည်။
ပုံစာ– ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေသည့်မြင်ကွင်း။
Photo-Crd
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1744
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.net/?p=5206
Website ->https://eng.thanlwinkhet.net