• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး
  • စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ
  • မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ
  • ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်
  • သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ
  • အိန္ဒိယလေယာဉ်ပျက်ကျမှု အင်ဂျင်များသို့ လောင်စာဆီ ဖြတ်တောက်ခဲ့ဟု ကနဦးအစီရင်ခံစာထုတ်ပြန်
  • လင်းတလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃၀ ဦးသေဆုံး
  • သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဆိပ်ဖြူရှိ ကပစစက်ရုံများကို တိုက်ခိုက်ရာ ဗုံးသီးလောင်ချာထုတ်စက်ရုံနှင့် လက်နက်ဂိုထောင်များ ပျက်စီး
နေ့စဉ်သတင်း

ဆိပ်ဖြူရှိ ကပစစက်ရုံများကို တိုက်ခိုက်ရာ ဗုံးသီးလောင်ချာထုတ်စက်ရုံနှင့် လက်နက်ဂိုထောင်များ ပျက်စီး

thanlwinkhetBy thanlwinkhetJune 5, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

ဇွန် ၅၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၁ နှင့် အမှတ် ၂၂ နှစ်ခုကိုကာကွယ်ရေးတပ်ဖွဲ့များက ပစ်မှတ် ထားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ဗုံးသီးလောင်ချာထုတ်သည့် စက်ရုံနှင့် လက်နက်ဂိုထောင်များ ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ရက်တွင် ကပစ ၂၁ရှိ လက်နက်ဂိုထောင်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခဲ့ရာ ဗုံးသီးလောင်ချာထုတ်လုပ်သည့် အဆောက်အဦး ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ပခုက္ကူခရိုင် အမှတ် ၁၉တပ်ရင်း တပ်ရင်းမှုးဖြစ်သူ ကိုပိုင်က သံလွင်ခက်ကိုပြောသည်။

“ကျွန်တော်တို့ရင်းက ဆိပ်ဖြူဘာမထီတပ်ခွဲ ၁နဲ့ ၂တို့က သွားတိုက်တာ အဲဒီရက်မှာတော့လုံခြုံရေးနည်းတယ်လို့ပြောရတယ်။ ရန်သူ့ဘန်ကာနဲ့မီတာ၅၀၀ အကွာထိ ရောက်နိုင်ခဲ့တယ်“ဟု ဆိုသည်။

နောက်ပိုင်းရက်များတွင် စစ်ကောင်စီဘက်မှ လုံခြုံရေးတိုးမြှင့်လာခဲ့ပြီး ကပစ၂၁စက်ရုံတည်ရှိရာ ကန်ဇွန်းမကျေးရွာအနီး အနောက်ဘက် ၁မိုင်ခန့်အကွာရှိ လစခ ၉ လက်အောက်ခံ တပ်ရင်းအမှတ်– ၂၀၃၆  စစ်ကောင်စီကင်းပုန်းကို မေလ ၂၇ရက်၌ သွားရောက်တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

မေလ ၂၈ရက် ည ၁၁နာရီဝန်းကျင်တွင်လည်း ကပစ ၂၂အား ရှော့တိုက်ဒုံးအလုံးရေ ၅၀ ခန့်ပစ်ခဲ့ပြီး အထိအခိုက်မရှိဘဲ တိုက်ခိုက်နိုင်ခဲ့မှုအပေါ် အားရမှုရှိခဲ့သည်ဟု တပ်ရင်းမှူး ကိုပိုင်ကဆိုသည်။

“ဗျုဟာကျကျပဲ ကိုယ်ဘက်ကအထိအခိုက်မရှိတာပဲကြည့်ပေါ့ဗျာ။  ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁စစ်ဒေသမကွေးတိုင်းရုံး အမိန့်အောက်ကနေ စုစုစည်းစည်းတိုက်ကြတာပါ“ဟု၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ဂန့်ဂေါခရိုင်အမှတ်–၅တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ်–၁၉တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ်–၄တပ်ရင်း၊ ဆိပ်ဖြူပကဖ စသည့်အဖွဲ့များ ပါဝင်ခဲ့ကြသည်။

မကွေးတိုင်းတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)စုစုပေါင်း ၉ခုရှိသည့်အနက် ဆိပ်ဖြူမြို့နယ်အခြေစိုက်စက်ရုံများဖြစ်သည့် ကပစ–၂၁မှ လေယာဉ်ဗုံးများအဓိကထုတ်လုပ်ပြီး ကပစ–၂၂မှ စစ်ကောင်စီတပ်သားအများစုကိုင်ဆောင်သည့် MAရိုင်ဖယ်သေနတ်များ ထုတ်လုပ်သည်ဟု သိရသည်။

ရုပ်သံ–ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု(ပေးပို့)

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1330

YouTube -> https://youtu.be/E95gr8vKREs

Website -> https://thanlwinkhet.net/?p=4939

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကောလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးအထက် သေဆုံး
Next Article Should Find Single Females Searching For Guys? Begin Here!
thanlwinkhet
  • Website

Related Posts

သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို

July 11, 2025

ရခိုင်ရှိ ကျေးရွာ နေအိမ်ဆိုင်ခန်းများ အခွန်နှုန်းထား လျှော့ပေးစေလို

July 11, 2025

မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို

July 3, 2025

Leave A Reply Cancel Reply

Recent Posts

  • ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး
  • စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ
  • မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ
  • ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်
  • သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး

စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ

မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ

ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး

July 14, 2025

စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ

July 14, 2025

မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ

July 14, 2025

ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်

July 12, 2025

သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ

July 12, 2025

အိန္ဒိယလေယာဉ်ပျက်ကျမှု အင်ဂျင်များသို့ လောင်စာဆီ ဖြတ်တောက်ခဲ့ဟု ကနဦးအစီရင်ခံစာထုတ်ပြန်

July 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.