သံလွင်ခက်
ဇွန် ၁ ၊ ၂၀၂၃ ။
မိုးဗြဲအနောက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီလေတပ်က တိုက်လေဖြင့် ယနေ့နံနက်အစောပိုင်း၌ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ဇွန်လ ၁ရက် နံနက်၄နာရီဝန်းကျင်အချိန်တွင် မိုးဗြဲ–ပီကင်းလမ်းပေါ်ရှိ ကယန်းဒေသနယ်မြေလုံခြုံရေး ဂိတ်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး၂လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
အဆိုပါဂိတ်သည် ကယန်းပြည်သစ်တပ်မတော်၏ ဂိတ်တစ်ခုဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရမှု၌ ကယန်းပြည်သစ်ရဲဘော်များ ထိခိုက်ဒဏ်ရာရအခြေနေကို မသိရသေးဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဖော်ပြထားသည်။
ကယန်းပြည်သစ်ပါတီ၊ ကယန်းသစ်တပ်မတော် KNLP/KNLA သည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ မည်သည့်ဘက်မှရပ်တည်ခြင်းမရှိပဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးဗြဲအနောက်ခြမ်း အနောက်ကယန်းဒေသကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေရာ ပြီးခဲ့သောလက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံးနှင့် စစ်ရှောင်စခန်းများထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ–ယနေ့နံနက်ပိုင်း၌ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ယကန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို ပျက်စီးမှု ။ဓာတ်ပုံ-PKPF
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1281
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4782
Website ->https://eng.thanlwinkhet.net