သံလွင်ခက်
မေ ၁၂၊ ၂၀၂၃။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဝင်ရောက်လာနိုင်ရာလမ်းကြောင်းအဖြစ် ပညာရှင်များမှန်းထားသည့် မြို့နယ်များတွင် ပါဝင်နေသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းရှိ ဒေသခံများ ယနေ့တွင် ဆက်လက်ရွှေ့ပြောင်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။
ငမန်းရဲကျွန်းဒေသတွင် ကျေးရွာ ၁၃ ရွာရှိပြီး ယမန်နေ့ မေလ ၁၁ ရက်တွင် အဆိုပါဒေသရှိ ပြည်သူများကို ရက္ခိုင့်တပ်တော် (ULA/AA) က ကူညီရွှေ့ပြောင်းပေးနေခဲ့သည်။
လက်ရှိတွင် ငမန်းရဲကျွန်းဒေသများသည် မင်းပြားမြို့နယ်ဘက်ကို အဓိကပြောင်းရွှေ့ကြပြီး ယမန်နေ့၌ ပြည်သူ၂၀၀၀ ကျော် ကြိုတင်ရှောင်တိမ်းနေခဲ့ရာ ယနေ့တွင် ကျေးရွာ ၁၃ ရွာမှ ကျန်ရှိလူဦးရေအားလုံးနီးပါးပြောင်းရွှေ့ကြပြီ ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် မြေပုံ၊ မင်းပြား၊ ပေါက်တော စသည့် မြို့နယ်များ၌ သဘာဝဘေးအန္တရာယ်ရှိသည့် အနိမ့်ပိုင်းကျေးရွာများရှိ ဒေသခံများကို မေလ ၁၀ ရက်ကတည်းက ရက္ခိုင့်တပ်တော်(ULA/AA) က ကူညီပို့ရွှေ့ပြောင်းပေးနေခဲ့သည်ဟု သိရသည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/999
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4196
Website ->https://eng.thanlwinkhet.net