သံလွင်ခက်
မေ ၁၂၊ ၂၀၂၃။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာရှိ စစ်ကောင်စီ ရဲကင်း ယနေ့နံနက် ၉ နာရီခန့်ကမီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျေးရွာနေ ဒေသခံများထံက သိရသည်။
စစ်အာဏာသိမ်းပြီးနောက် အဆိုပါ ရဲကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေထိုင်ခြင်းမရှိတော့သည့်စခန်းတစ်ခု ဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ဖမ်းထားတဲ့ ကားသုံးစီး ရှိတယ်။ အဲဒါ ရှို့လိုက်တာလို့ ပြောနေကြတယ်။ လူထိတာတော့ မကြားမိဘူး” ဟု၎င်းကပြောသည်။
အဆိုပါ ရဲကင်းသည် ဆိပ်မူကျေးရွာ၊ ရပ်ကွက် ၄ တွင် တည်ရှိပြီး မီးရှို့ခံရပြီးနောက် မီးသတ်ဌာနက လာရောက်ငြိမ်းသက်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ရဲကင်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် PDF တပ်ဖွဲ့ဝင်များက မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသော်လည်း သံလွင်ခက်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုနှစ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ပြင်းထန်ကာ စစ်ရေးတင်းမာလျက်ရှိသည်။
၂၀၂၃ခုနှစ် မေလ ၉ ရက်နေ့က ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ညောင်ပင်ကုန်းအတက်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။
Photo Crd-ဖားကန့်မြို့အဝင် မြင်ကွင်း။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/992
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4179
Website ->https://eng.thanlwinkhet.net