ယမင်းဖူးပွင့်အောင်
မေ ၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခဲ့သော ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဝက်လက်မြို့နယ် ရှိမ္မကားဗျူဟာကုန်း ရဲစခန်းမှ စျေးဝယ်ရန်ထွက်ခွာလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ကိုယမန်နေ့ ညနေ ၄ နာရီခန့်က မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုံမှန် ဈေးဆင်းဝယ်နေကြအချိန်တွင် ပြည်သူများကိုလည်း ထိခိုက်မှုမရှိစေရန်အစီအစဉ်ဆွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) စျေးဆင်းဝယ်ချိန်ကို ခန့်မှန်းပြီး ပါဆယ်မိုင်းချ(မိုင်းထောင်)ထားခဲ့တယ်။ သူတို့ရောက်တဲ့အချိန်မှာခွဲလိုက်တယ်”ဟု၎င်းက ပြောသည်။
စျေးလာဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးစလုံး သေဆုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ရှိမ္မကားရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်သယ်ယူသွားသည်ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်သားနှစ်ဦး၊ ရဲတပ်သားတစ်ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတစ်ဦးတို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အတည်ပြုသည်။
ရှိမ္မကား ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် အထိုင်ချတပ်စွဲထားပြီး အဆိုပါ မိုင်းခွဲမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို လာရောက်ပစ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ညပိုင်းကလည်း ရှိမ္မကားရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့နှင့်ထိပ်တိုက်တွေ့သည့် ဒေသခံပြည်သူ ခြောက်ဦးကို ရိုက်နှက်မှုများရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
Photo -(လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ /ပုံဟောင်း )
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/950
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4113
Website ->https://eng.thanlwinkhet.net