သံလွင်ခက်
မေ ၃၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှ ထိပ်ပိုင်းခေါင်းဆောင်၅ နေရာအား ယနေ့တွင်အပြီးသတ်ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင်စတင်ကျင်းပခဲ့သော KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ယမန်နေ့၌ ဥက္ကဋ္ဌနေရာအားရွေးချယ်နိုင်ခဲ့ပြီး ယနေ့တွင် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ၊တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ စသည့် ထိပ်ပိုင်းရာထူးကြီး ၄နေရာအတွက် ရွေးချယ်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး KNU (၁၇)ကြိမ်မြောက် ကွန်ဂရက်မှ ရွေးကောက်တင်မြှောက်ခံရသောခေါင်းဆောင်ကြီးများမှာ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊
တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲ နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းတို့ဖြစ်သည်။
ပဒိုစောကွယ်ထူးဝင်းသည် ယခင်ဒုဥက္ကဋ္ဌနေရာမှ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်ပြီး ဒုဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြောက်ခံရသော ပဒိုစောဆဲဂေသည် လက်ရှိKNU တပ်မဟာ၃ ညောင်လေးပင်ခရိုင်ဥက္ကဌဖြစ်သည် ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/909
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4010
Website ->https://eng.thanlwinkhet.net