ဧပြီ ၂၅ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအားKNLAပူးပေါင်းတပ်က ယမန်နေ့ ဧပြီလ ၂၄ ရက်နံနက် ၄း၃၀ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅နာရီတွင် သိမ်းယူနိုင်ခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့က မယ်စိထာ ဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်စဥ် BGF တပ်ဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသာကျန်ရှိခဲ့သည်။
အချိန်နာရီဝက်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံး၍ ကျန်၁၀ဦးမှာလည်း စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့သည်။
ထို့ကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့က စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီး ပစ္စတို MA 5 (၁) လက်၊ K3 79 (၁) လက်၊ K3 (၃) လက်၊ ကျည်ဘောက် (၂၀) ခု၊ ကျည်ဆံ (၁၅၀၀) တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်။
မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်၍ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ်စခန်းဖြစ်သည်။
ထို့ကြောင့် သထုံခရိုင်-KNLA အမှတ် (၁) တပ်မဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ဦးဆောင်ပြီး စခန်းကိုတိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/796
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3793
Website ->https://eng.thanlwinkhet.net