• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»KNU တပ်မဟာ ၅ သိမ်းပိုက်ထားသည့် မယ်ခါးထာစခန်းဘက်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်
တိုက်ပွဲသတင်း

KNU တပ်မဟာ ၅ သိမ်းပိုက်ထားသည့် မယ်ခါးထာစခန်းဘက်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်

thanlwinkhetBy thanlwinkhetApril 24, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်

ဧပြီ ၂၄ ၊ ၂၀၂၃ ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းဘက်သို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် KNLA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် မယ်ခါးထာစခန်းဘက်ကိုစစ်ကောင်စီက တစ်လနီးပါးအကြာ ယမန်နေ့တွင် ဝေဟင်မြေပြင်တို့မှ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

” အခုသူတို့ထိုးလာတဲ့စစ်ကြောင်းပုံစံက လေယာဉ်နဲ့အပေါ်ကနေလာတယ်။ ဗုံးလည်းကြဲချတယ်၊၊ လူကိုလည်းချတယ်၊ မြေပြင်မှာလည်းစစ်ကြောင်းထိုးလာတယ်” ဟု ကေအဲန်ယူတပ်မဟာ၅နှင့်နီးစပ်သည့်အသက် ၄၀ အရွယ်ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။

မယ်ခါးထာတပ်စခန်းအနီးတွင် စစ်ကောင်စီတပ်အင်အား ၄၀ နီးပါရှိနိုင်ပြီး ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး ယနေ့တွင်လည်းတိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သံလွင်ခက်က ကေအဲန်ယူတပ်မဟာ၅ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောတွင်ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထိုစခန်းအား ပြီးခဲ့သည့်မတ်လကုန်ပိုင်း၌  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် FFD( Force For Federal Democracy)ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် ထိုစခန်းတွင်း၌ အင်အား ၄၅ ဦးဝန်းကျင်ထိရှိသော်လည်း၄၅ မိနစ်အကြာတိုက်ခိုက်ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း၌စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး၍ ၇ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် MA-1၊ MA-2၊  MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ဖာ စုစုပေါင်း လက်နက်၂၃ လက်နှင့် ကျည် ၃၃၆၀တောင့်အပြင် ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဗူး ၄ ဗူးနှင့် စစ်ဘောင်းဘီ ၂ထည်တို့ကိုသိမ်းဆည်းရမိသည်။ KNLA ပူးပေါင်းတပ်ဘက်မှတစ်ဦးကျဆုံး၍ ၈ဦးဒဏ်ရာရရှိခဲ့သည်။

မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ပြီး ၁၉၉၅ခုနှစ် KNUဗဟိုဌာနချုပ်–မာနယ်ပလောကျဆုံးပြီးနောက် စစ်ကောင်စီတပ်က အလုံးအရင်းဖြင့်ထိုးစစ်ဆင်သိမ်းယူထားခဲ့သည့်KNLAစခန်းဟောင်းဖြစ်သည်။

ပုံစာ–ပြီးခဲ့သော မတ်လ၂၈ ရက်တွင်မယ်ခါးထာစခန်းအား KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့မှုနှင့်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/792

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3782

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကာကွယ်ရေးတပ်ဖွဲ့ဝင် ဖုန်းများမှတဆင့် ဆက်စပ်သူများကို ထောင်ချောက်ဆင်ဖမ်း
Next Article ပုသိမ်တွင် ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် ဗုံးခွဲခံရပြီးနောက် လူငယ်လေးဆယ်ခန့် ဖမ်းဆီးခံရ
thanlwinkhet
  • Website

Related Posts

သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

June 3, 2025

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

June 3, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

June 2, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025

သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

June 3, 2025

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

June 3, 2025

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

June 3, 2025

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

June 2, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

June 2, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.