• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲတွင်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်မည်
နေ့စဉ်သတင်း

တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲတွင်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်မည်

thanlwinkhetBy thanlwinkhetApril 11, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သဇင်

ဧပြီ ၁၁ ၊၂၀၂၃ ။

၂၀၂၃ ခုနှစ်  တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်FGWM မှ  “ ဒို့ လုပ်သား သံချပ်အဖွဲ့ “ အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ယင်းအဖွဲ့ထံက သိရသည်။

အဆိုပါ သံချပ်ကို ၂၀၂၂ခုနှစ် အလုပ်သမားနေ့ကတည်းက ပြုလုပ်ရန်စီစဉ်ခဲ့ပြီး အခွင့်မသင့်သည့်အတွက် ယခုမှသာ သံချပ်ထွက်ရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု “ ဒို့ လုပ်သား သံချပ်အဖွဲ့” ၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။

“သံချပ်ကို လုပ်ဖို့စဉ်းစားမိတာကတော့ ၂၀၂၂ တည်းက အလုပ်သမားနေ့မှာ ထွက်ဖို့စဉ်းစားထားခဲ့တာ။ အဲ့တုန်းက အားလုံး အလုပ်တွေကကြပ်နေကြတာရယ် အစစအရာရာအဆင်သင့် မဖြစ်သေးတာရယ်ကြောင့် ကျွန်မတို့မလုပ်ဖြစ်ခဲ့ဘူး။  ဒီနှစ်မေဒေး(အလုပ်သမားနေ့)မှာတော့ သံချပ်ထွက်ဖို့ ကျွန်မတို့တိုင်ပင်ဖြစ်တယ်။ မေဒေးလဲသံချပ်ထွက်မှာဆိုတော့ သံချပ်ကိုအစပျိုးဖို့ ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“ ဒို့ လုပ်သား သံချပ်အဖွဲ့ “ သည် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ထုထည်ကြီးမားစွာတော်လှန်ကြသည့် အမေ့လျော့ခံ အလုပ်သမားများကို ကိုယ်စားပြုသည်ဟု ဦးဆောင်သူများက ပြောသည်။

ယခု သံချပ်ကို လုပ်ငန်းခွင်များမှ ထွက်ပြေးတိမ်းရှောင် လာသော အလုပ်သမား သမဂ္ဂခေါင်းဆောင်များ နှင့်ကျောင်းသားလူငယ်မျိုးဆက်သစ်များ က ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည် ဟုလည်း FGWM ကထုတ်ပြန်ထားသည်။

တော်လှန်သင်္ကြန် တွင်ပါဝင်နိုင်ရန်အတွက်  မတူညီသည့်နေရာများမှ အဖွဲ့ဝင်များကို စုစည်းကာ သံချပ်တိုက်ရခြင်းဖြစ်သည့်အတွက် အခက်ခဲများလည်းရှိခဲ့သည်ဟု “ ဒို့ လုပ်သား သံချပ်အဖွဲ့” ၏ တာဝန်ရှိသူကပြောသည်။

“သံချပ်တိုက်တဲ့ခါမှာ အဖွဲ့သားတွေအနေနဲ့ မတူညီတဲ့နေရာတွေကနေ စုရပ်လုပ်ပြီးတိုက်ရတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အချိန်ညှိရတာတွေမှာ အခက်ခဲတွေရှိခဲ့တယ်။ အချိန်မအားတဲ့ကြားက တိုက်ရတာဖြစ်တဲ့အတွက် ဆိုင်းနဲ့ဝိုင်းနဲ့သေချာတိုက်ခဲ့ရတာကတော့ အချိန်က နှစ်ရက်တည်းပဲ။အခြားအချိန်မှာတော့ စည်းနဲ့ဝါးလောက်ပဲတိုက်ခဲ့ရတယ်။ခြုံပြောရမယ်ဆိုရင် အချိန်ကတော့အရမ်းနည်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အကောင်းဆုံးဆောင်ရွက်ခဲ့ကြပါတယ်”ဟု ၎င်းကပြောသည်။

မျက်မှောက်ခေတ် စစ်အာဏာရှင်လက်အောက်တွင် ကြုံတွေ့နေရသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၊ CDM အလုပ်သမားများ၏ ကူကယ်ရာမဲ့အခြေအနေများနှင့်  ခေတ်စနစ်ရိုက်ခတ်မှုများအကြောင်းကို တင်ဆက်သွားမည်ဟု အဆိုပါ သံချပ်အဖွဲ့တွင်ပါဝင်သူများက ပြောသည်။

တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲကို အွန်လိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို  Delta New Agency က ဦးစီးကျင်းပပြီး  Public Voice Television(PVTV)က “ပြည်သူ့အသံအထင်ဟပ်ဆုံးဆု “အဖြစ် ဆုငွေကျပ် ၁၀သိန်း ချီးမြှင့်သွားမည်ဟု ကြေညာထားသည်။

Photo -FGWM

*********************************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/kazoupBwT0Y

Website -> https://thanlwinkhet.net/?p=3525

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleKNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲအဆုံးစီရင်
Next Article အမြန်လမ်း၌ လမ်းလယ်ကွန်ကရစ်တုံးကိုတိုက်မိပြီး နှစ်ရက်ဆက် သေဆုံးမှုဖြစ်ပွား
thanlwinkhet
  • Website

Related Posts

ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး

December 22, 2025

CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ

December 22, 2025

မိုးကုတ်မြို့အား ကာကွယ်ရန် တပ်ဖွဲ့ဝင်များအား မိုးကုတ်ဗျူဟာမှ ဖိတ်ခေါ်

October 31, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.