• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ
  • ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ဟု အေအေတုံ့ပြန်
  • ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား တရုတ်ထံ လွှဲပြောင်း
  • ကေအဲန်ယူ တပ်မဟာ ၇ ကို စစ်တပ် ‌ဗုံးကြဲ
  • ဝေါ်လေဗျူဟာအနီး ဂျက်ဖိုက်တာနှင့် ကာမီကာဇေအသေခံဒရုန်း ကြဲချ
  • စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မြင်းခြံ အရှေ့ဘက် ရွာများကို မီးရှို့
  • ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇) နှစ်ပြည့် အခမ်းအနား
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂၀ ဦးအား လွှဲပြောင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲတွင်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်မည်
နေ့စဉ်သတင်း

တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲတွင်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်မည်

thanlwinkhetBy thanlwinkhetApril 11, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သဇင်

ဧပြီ ၁၁ ၊၂၀၂၃ ။

၂၀၂၃ ခုနှစ်  တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်FGWM မှ  “ ဒို့ လုပ်သား သံချပ်အဖွဲ့ “ အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ယင်းအဖွဲ့ထံက သိရသည်။

အဆိုပါ သံချပ်ကို ၂၀၂၂ခုနှစ် အလုပ်သမားနေ့ကတည်းက ပြုလုပ်ရန်စီစဉ်ခဲ့ပြီး အခွင့်မသင့်သည့်အတွက် ယခုမှသာ သံချပ်ထွက်ရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု “ ဒို့ လုပ်သား သံချပ်အဖွဲ့” ၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။

“သံချပ်ကို လုပ်ဖို့စဉ်းစားမိတာကတော့ ၂၀၂၂ တည်းက အလုပ်သမားနေ့မှာ ထွက်ဖို့စဉ်းစားထားခဲ့တာ။ အဲ့တုန်းက အားလုံး အလုပ်တွေကကြပ်နေကြတာရယ် အစစအရာရာအဆင်သင့် မဖြစ်သေးတာရယ်ကြောင့် ကျွန်မတို့မလုပ်ဖြစ်ခဲ့ဘူး။  ဒီနှစ်မေဒေး(အလုပ်သမားနေ့)မှာတော့ သံချပ်ထွက်ဖို့ ကျွန်မတို့တိုင်ပင်ဖြစ်တယ်။ မေဒေးလဲသံချပ်ထွက်မှာဆိုတော့ သံချပ်ကိုအစပျိုးဖို့ ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“ ဒို့ လုပ်သား သံချပ်အဖွဲ့ “ သည် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ထုထည်ကြီးမားစွာတော်လှန်ကြသည့် အမေ့လျော့ခံ အလုပ်သမားများကို ကိုယ်စားပြုသည်ဟု ဦးဆောင်သူများက ပြောသည်။

ယခု သံချပ်ကို လုပ်ငန်းခွင်များမှ ထွက်ပြေးတိမ်းရှောင် လာသော အလုပ်သမား သမဂ္ဂခေါင်းဆောင်များ နှင့်ကျောင်းသားလူငယ်မျိုးဆက်သစ်များ က ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည် ဟုလည်း FGWM ကထုတ်ပြန်ထားသည်။

တော်လှန်သင်္ကြန် တွင်ပါဝင်နိုင်ရန်အတွက်  မတူညီသည့်နေရာများမှ အဖွဲ့ဝင်များကို စုစည်းကာ သံချပ်တိုက်ရခြင်းဖြစ်သည့်အတွက် အခက်ခဲများလည်းရှိခဲ့သည်ဟု “ ဒို့ လုပ်သား သံချပ်အဖွဲ့” ၏ တာဝန်ရှိသူကပြောသည်။

“သံချပ်တိုက်တဲ့ခါမှာ အဖွဲ့သားတွေအနေနဲ့ မတူညီတဲ့နေရာတွေကနေ စုရပ်လုပ်ပြီးတိုက်ရတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အချိန်ညှိရတာတွေမှာ အခက်ခဲတွေရှိခဲ့တယ်။ အချိန်မအားတဲ့ကြားက တိုက်ရတာဖြစ်တဲ့အတွက် ဆိုင်းနဲ့ဝိုင်းနဲ့သေချာတိုက်ခဲ့ရတာကတော့ အချိန်က နှစ်ရက်တည်းပဲ။အခြားအချိန်မှာတော့ စည်းနဲ့ဝါးလောက်ပဲတိုက်ခဲ့ရတယ်။ခြုံပြောရမယ်ဆိုရင် အချိန်ကတော့အရမ်းနည်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အကောင်းဆုံးဆောင်ရွက်ခဲ့ကြပါတယ်”ဟု ၎င်းကပြောသည်။

မျက်မှောက်ခေတ် စစ်အာဏာရှင်လက်အောက်တွင် ကြုံတွေ့နေရသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၊ CDM အလုပ်သမားများ၏ ကူကယ်ရာမဲ့အခြေအနေများနှင့်  ခေတ်စနစ်ရိုက်ခတ်မှုများအကြောင်းကို တင်ဆက်သွားမည်ဟု အဆိုပါ သံချပ်အဖွဲ့တွင်ပါဝင်သူများက ပြောသည်။

တော်လှန်သင်္ကြန် သံချပ်ပြိုင်ပွဲကို အွန်လိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို  Delta New Agency က ဦးစီးကျင်းပပြီး  Public Voice Television(PVTV)က “ပြည်သူ့အသံအထင်ဟပ်ဆုံးဆု “အဖြစ် ဆုငွေကျပ် ၁၀သိန်း ချီးမြှင့်သွားမည်ဟု ကြေညာထားသည်။

Photo -FGWM

*********************************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/kazoupBwT0Y

Website -> https://thanlwinkhet.net/?p=3525

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleKNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲအဆုံးစီရင်
Next Article အမြန်လမ်း၌ လမ်းလယ်ကွန်ကရစ်တုံးကိုတိုက်မိပြီး နှစ်ရက်ဆက် သေဆုံးမှုဖြစ်ပွား
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ငါးပုစွန်ဝယ်ယူမှုလုပ်ငန်း ပြန်လည်ပတ်လာ

July 29, 2025

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး ဒဏ်ရ

July 22, 2025

နောင်ချိုမြို့အားလုံးနီးပါးကို စစ်ကောင်စီပြန်လည်ထိန်းချုပ်၊ တိုက်ပွဲများပြင်းထန်နေဆဲ

July 16, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ
  • ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ဟု အေအေတုံ့ပြန်
  • ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား တရုတ်ထံ လွှဲပြောင်း
  • ကေအဲန်ယူ တပ်မဟာ ၇ ကို စစ်တပ် ‌ဗုံးကြဲ
  • ဝေါ်လေဗျူဟာအနီး ဂျက်ဖိုက်တာနှင့် ကာမီကာဇေအသေခံဒရုန်း ကြဲချ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ

ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ဟု အေအေတုံ့ပြန်

ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား တရုတ်ထံ လွှဲပြောင်း

ကေအဲန်ယူ တပ်မဟာ ၇ ကို စစ်တပ် ‌ဗုံးကြဲ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ

August 11, 2025

ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ဟု အေအေတုံ့ပြန်

August 11, 2025

ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား တရုတ်ထံ လွှဲပြောင်း

August 11, 2025

ကေအဲန်ယူ တပ်မဟာ ၇ ကို စစ်တပ် ‌ဗုံးကြဲ

August 10, 2025

ဝေါ်လေဗျူဟာအနီး ဂျက်ဖိုက်တာနှင့် ကာမီကာဇေအသေခံဒရုန်း ကြဲချ

August 10, 2025

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မြင်းခြံ အရှေ့ဘက် ရွာများကို မီးရှို့

August 9, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.