• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရွှေကုက္ကိုတိုက်ပွဲကြောင့်စစ်ရှောင် ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ရှောင်တိမ်းရ
နေ့စဉ်သတင်း

ရွှေကုက္ကိုတိုက်ပွဲကြောင့်စစ်ရှောင် ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ရှောင်တိမ်းရ

thanlwinkhetBy thanlwinkhetApril 6, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်

ဧပြီ ၆ ၊ ၂၀၂၃ ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုမြို့သစ်အနီး၌ ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးလာသည့် ဒေသခံ ၅၀၀၀ ဦးကျော်ရှိနေပြီဟု စစ်ရှောင်များကို ကူညီနေသူများထံက သိရသည်။


ထိုင်း
–မြန်မာနယ်စပ်မြို့ မြဝတီမြို့အနီးရှိ မဲကနယ်၊ ကုန်သွယ်ရေးဇုန်နှင့်သင်္ကန်းညီနောင် တို့တွင် ပြီးခဲ့သည့်မတ်လ နောက်ဆုံးပတ်မှစ၍ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ယမန်နေ့တွင် ကုက္ကိုမြို့သစ်အနီးထိတိုက်ပွဲများကူးဆက်လာခြင်းဖြစ်သည်။

ရွှေကုက္ကိုမြို့သစ်နှင့် ၆မိုင်ကျော်ကွာဝေးသည့် ထီးကော်ထောကျေးရွာရှိ BGF စခန်းနှစ်ခုကို ယမန်နေ့ ဧပြီ ၅ရက်နံနက်အစောပိုင်းတွင် KNLA နှင့်PDF ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်ခဲ့ရာမှ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။

စစ်ကောင်စီတပ်က နေ့လည် ၁၂ နာရီခန့်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည့်အထိ ပြင်းထန်ခဲ့သည့်ရွှေကုက္ကိုမြို့သစ်အနီးတိုက်ပွဲကြောင့်ထီးကော်ထော်၊ ကော့ကော်၊ ထီ့ချလာ၊ မယ့်ပလယ်၊ သဲပုံ၊ ရေတံခွန်၊ ရေတွင်းဖြူ၊ ကျောက်ဖျာကျေးရွာများအပါအဝင်ကျေးရွာ၁၀ရွာမှ ဒေသခံ ၅၀၀၀ဦးကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးရှောင်တိမ်းနေကြရသည်။

” အဖိုးတို့ပြေးလာတော့ ထိုင်းစစ်သားတွေက အဖိုးတို့ကမ်းကူးဖို့အတွက်ကူညီပေးနေတယ်၊၊ သူတို့ဘက်ကဒီလိုလုပ်ပေးတာတွေ့ရတော့ဝမ်းသာတယ်၊၊ဒါပေမယ့် အဖိုးတို့ဒီမှာဘယ်လောက်ကြာကြာနေရမလဲမသိဘူး၊၊ အလှူရှင်တွေကလည်းဘယ်အချိန်ထိကျွေးနိုင်မလဲမသိဘူး၊၊ ဘာပဲဖြစ်ဖြစ်ကျေနပ်တယ်လေ” ဟု အသက် ၇၂ နှစ်အရွယ်စစ်ရှောင်အဖိုးတစ်ဦးကပြောသည်။

မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထိုင်း–မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ နွားခြံ၊ ဆိတ်ခြံများအပါအဝင် စစ်ရှောင်နေရာ ၈ ခုခန့်တွင်ဒေသခံများယာယီခိုလုံနေကြရသည်။

” မနေ့ကတနေကုန်နေပူထဲမှာပြေးလာရတာ၊၊ သဲသောင်ပြင်မှာလည်းဟုတ်တယ်။ နေပူဒဏ်နဲ့ ရေကလည်းကူးလာရတာနဲ့ ကမန်းကတန်းပြေးလာတာဆိုတော့ ဖိနပ်လည်းမပါကြဘူး ” ဟု  နောင်ဘိုတဲ(သဲပုံနွားခြံကုန်း)စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောသည်။

အဆိုပါ  နောင်ဘိုတဲ(သဲပုံနွားခြံကုန်း)စစ်ရှောင်စခန်းတွင် ယမန်နေ့ ညနေပိုင်းအထိ စစ်ရှောင် ၅၀၀ ဦးခန့်ရှိပြီးယနေ့တွင်စစ်ရှောင်တစ်ရာကျော်ထပ်တိုးလာ၍ စစ်ရှောင် ၆၀၀ ဦးကျော်ရှိသည်။


စစ်ရှောင်များသည်နေပူ၊
သဲသောင်ပြင်အပူများကြားမှ သောင်ရင်းမြစ်အတွင်း ဖြတ်ကူးလာကြရသောကြောင့် ထိုစစ်ရှောင်စခန်း၌  မွေးကင်းစကလေးငယ်အပါအဝင် ၅နှစ်အောက်ကလေးငယ်၁၀ဦး အဖျားရောဂါခံစားနေရသည်ဟု စခန်းတာဝန်ခံကပြောသည်။

စစ်ရှောင်များသည် အရေးပေါ်ထွက်ပြေးလာကြရသဖြင့် ကလေးငယ်များနှင့်သက်ကြီးများပိုင်းများအတွက်ဆေးဝါး၊ နို့မှုန့်၊  အဟာရမှုန့်များ လိုအပ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

*********************************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/kazoupBwT0Y

Website -> https://thanlwinkhet.net/?p=3406

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီ စစ်ကြောင်းမှူးသေဆုံးပြီးနောက် ရွှေကူမြို့နယ်ကို လေကြောင်းကပစ်
Next Article ရွှေကုက္ကိုလ်တိုက်ပွဲ စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင်၈၅ဦးသေဆုံးဟု ထုတ်ပြန်
thanlwinkhet
  • Website

Related Posts

ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး

December 22, 2025

CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ

December 22, 2025

မိုးကုတ်မြို့အား ကာကွယ်ရန် တပ်ဖွဲ့ဝင်များအား မိုးကုတ်ဗျူဟာမှ ဖိတ်ခေါ်

October 31, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.