သဇင်
မတ် ၂၃၊၂၀၂၃။
စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိသော ဒေသများတွင် ငွေကြေးအင်အားမလုံလောက်မှု၊လက်နက်အင်အားမမျှတမှုများ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနMODမှ စစ်အသုံးအဆောင်ပစ္စည်းများ ကူညီပေးရန် လိုအပ်နေသည်ဟု Myaung Special People Defense Forceတာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“MODအနေနဲ့တကယ့်မြေပြင်ကိုဆင်းပြီး သေချာစီစစ်ပြီးတော့မှ တကယ်တိုက်နေတဲ့အဖွဲ့တွေ၊တကယ်လိုအပ်နေတဲ့သူတွေကို လက်နက် တပ်ဆင်ပေးစေချင်တယ် ” ဟု ၎င်းကဆိုသည်။
MSPDF အနေဖြင့် မတ်လ ၁ရက်မှ ၁၈ရက် အတွင်း တိုက်ပွဲဖော်ဆောင်မှု (၁၂ )ကြိမ်ရှိခဲ့ပြီး လတ်တလောတွင် စစ်အသုံးဆောင်နှင့် ငွေကြေး လိုအပ်ချက်များကြောင့် အစီအစဉ်များရပ်နားထားရသည်ဟု ၎င်းကဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)သည် ပျံ့ကြဲနေသော တော်လှန်ရေးတပ်များကိုစုစည်းပြီး ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က “လက်နက်တပ်ဆင်ပေးရင် အနိုင်ရပြီလို့ ပြောနေကြပေမယ့်လည်း လက်နက်တခုတည်းရှိပြီး Chain of Command မရှိရင်လည်း တိုက်ပွဲအောင်နိုင်ဖို့ ခက်တယ် ” ဟုပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်ကာဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။
ပုံစာ–မွန်ပြည်နယ်အတွင်းကစစ်ဆင်ရေးတစ်ခုတွင်တွေ့မြင်ရသည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြင်ကွင်း။
Photo-TPDF