စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM စခန်းနှင့် CRF စခန်းတို့ကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက် ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ယခုလ မတ်လ၅ရက်၊ ညနေ၃နာရီတွင် တပ်ရင်းနှစ်ရင်းစာအင်အားရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများက စစ်ကြောင်းသုံးကြောင်းခွဲ၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDSOMက ယနေ့တွင်ထုတ်ပြန်ထားသည်။
“ စစ်ကြောင်း၃ကြောင်း လက်နက်ကြီး အာပီဂျီ ၇လက် ၊ စက်လက်ကြီး ၃လက် ၊ ၆၀မမ ၊ အတိုရှည် လက်နက်ကိုယ်စီဖြင့် ချီတက်ခဲ့ပြီး CDSOM စခန်း နှင့် CRF စခန်းတို့ မီးရှို့ဖျက်ဆီးခံရ “ဟု CDSOMကဖော်ပြထားသည်။
အဆိုပါစခန်းသိမ်းတိုက်ခိုက်ခံရမှုတွင်ပြောက်ကျား ဂျာကင် ၁၀၀ထည်၊ပြောက်ကျားဦးထုပ်၁၅၀လုံး၊ နွေဦးရောင်နီ တံဆိပ်ပါ (တီရှပ်) ၆၀ထည်၊မိုင်း(Reciver) ၄၀၀ခု၊ လက်လုပ်စိန်ပြောင်း ၂လက်၊ လက်လုပ်လက်ပစ်ဗုံး ၃လုံး၊ လက်လုပ်(၁၂ဗို့သေနတ်) ၁လက်၊ ကျည် ၄တောင့်ယူနီဖောင်း (အနက်) ၆စုံ၊ လယ်တိုဖိနပ်(အနက်)၆စုံ ၊ပုခတ်၅ခု၊အီကွေမန့် ၁ခု၊ Espon ပရင်တာ ၂လုံး၊ 2900ကတ်ထရစ် ၄လုံး၊ ဓာတ်ခဲအစုံ၁၃၄လုံး၊ကီးဘုတ်နှင့်မောက် ၃စုံ၊ ခေါက်ဆိုလာပြား ၃ ခုတို့ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့တည်ထောင်သူ မြောင်PDF CDSOM အဖွဲ့အား စစ်ကောင်စီတပ်မှအင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်။
မတ်လ၆ရက်တွင်စစ်ကောင်စီတပ်က ဒရုန်းအီနာဂါချသည့်အတွက် CDSOM အဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင်အပါအဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြောင် CDSOM စခန်းနှင့် CRF စခန်း စီးနင်းခံရမှုတွင် တဲသုံးလုံး နှင့် သိမ်းဆည်းထားသောယူနီဖောင်း၊စာရေးကရိယာ၊ ပရင်တာ၊ စသည့် ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရသော်လည်း တန်ဖိုးရှိ ပစ္စည်းများ ၊လက်နက် ခဲယမ်းနှင့် အရေးကြီးစာရွက်စာတမ်းများ ပါမသွားခဲ့ဟု CDSOMက ဖော်ပြထားသည်။