• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး
  • DKBA ၃၁ နှစ်ပြည့်တပ်တော်နေ့ အခမ်းအနားကို ဆုံဆည်းမြိုင်တွင် ကျင်းပ
  • CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ
  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»ချစ်ခြင်းထုံးဖွဲ့ တောပန်းသစ္စာ
သတင်းဆောင်းပါး

ချစ်ခြင်းထုံးဖွဲ့ တောပန်းသစ္စာ

thanlwinkhetBy thanlwinkhetFebruary 13, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဗယ်လင်တိုင်းယဉ်ကျေးမှုဟာ အင်္ဂလန်မှာ အရင်ဦးဆုံးပေါ်ထွန်းခဲ့တာဖြစ်ပြီး (၂ဝ) ရာစုနဲ့ (၂၁) ရာစုမှာတော့ ဒီဓလေ့ဟာ တခြားနိုင်ငံတွေကိုပါ တဖြည်းဖြည်းပျံ့နှံ့သွားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဗယ်လင်တိုင်းယဉ်ကျေးမှုဟာ လူငယ်တွေအကြား ရေပန်းစားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံက လူငယ်အများစု နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။

အရင်က မြို့ပေါ်မှာ ချစ်သူခင်သူတွေနဲ့ ဗယ်လင်တိုင်းနေ့ ဖြတ်သန်းကြတဲ့ လူငယ်တွေဟာ အခုအခါမှာတော့ လက်နက်ကိုင်ရင်း နေရာဒေသအသီးသီး ရောက်ရှိနေကြပါတယ်။

ဗယ်လင်တိုင်းနေ့ဟာ ရောမခေတ်အတွင်းက လက်ထပ်ထိမ်းမြှားမှုကို တားမြစ်ခံရတဲ့ စစ်သားတွေကို ထိမ်းမြှားလက်ထပ်မှုပြုလုပ်ပေးခဲ့တာကြောင့် ထောင်သွင်းအကျဉ်းချခံရတဲ့ စိန့်ဗယ်လင်တိုင်း အမည်ရ သူတော်စင်တစ်ပါးနဲ့ ဆက်စပ်ပတ်သက်ပါတယ်။

သူဟာ အကျဉ်းချခံနေရစဉ်မှာ ထောင်မှူးရဲ့သမီးဖြစ်သူကို ဆေးကုသပေးခဲ့ပြီး သူကွပ်မျက်ခြင်းမခံရခင်အချိန်မှာ “သင့်ရဲ့ဗယ်လင်တိုင်း” (Your Valentine) လို့ လက်မှတ်ရေးထိုးထားတဲ့ နှုတ်ဆက်စာကို သူ(မ)အတွက် ရေးထားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ချစ်သူများနေ့မတိုင်ခင် ရက်သတ္တပတ်အလိုမှာတော့ ကရင်အမျိုးသားအစည်းအရုံးKNU နယ်မြေထဲမှာ တော်လှန်ရေး စုံတွဲ ၅ တွဲကို တာဝန်ရှိသူတွေက လက်ထပ်ထိမ်းမြားပေးခဲ့ပါတယ်။

Cobra Column တပ်ခွဲ – ၃က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေး စုံတွဲ ၅ တွဲကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘော က မင်္ဂလာလက်စွပ် ဆင်မြန်းပေးခဲ့ပါတယ်။

မင်္ဂလာပွဲကို Cobra Column တပ်ခွဲ ၃ ရဲ့ ဌာနချုပ်အတွင်း ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခက်အခဲ အကြပ်တည်းကြားက ချစ်ခြင်းမေတ္တာကို တော်လှန်ရေး ရဲဘော်တွေကလည်း အပြန်အလှန် အသိအမှတ်ပြုခဲ့ကြပါတယ်။

” ရဲဘော်ကို ချစ်သူမလုပ်နဲ့ ချစ်သူကို ရဲဘော်လုပ်ဆိုသလိုပဲ ကိုယ့်ကြောင့် ဒီတောထဲထိ ပါလာတယ် ။ ဆိုးအတူ ကောင်းအတူ ရင်ဆိုင်ဖြတ်သန်းပေးတဲ့အတွက် ပိုပြီး ကြည်နူးရတယ်။ ရိုးရှင်းတဲ့ တကယ်အချစ်ကို ထိတွေ့ခွင့်ရတယ်လို့ ” တော်လှန်ရေးနယ်မြေထဲက တပ်ဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် တောထဲက သူချစ်ရတဲ့သူကို ချောကလက် လက်ဆောင်မပေးနိုင်တာကိုတော့ အားနာမိတယ်လို့ သူက ဆက်ပြောပါတယ်။

ချစ်သူများနေ့နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီလည်း ရှိနေပါတယ်။ ရောမဘုရင်တစ်ပါးရဲ့လက်ထက်မှာ စစ်ထွက်တဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစားနဲ့ ဇနီးမယားတွေကို တမ်းတအမှတ်ရတဲ့စိတ်တွေဖိစီးနေတာကြောင့် စစ်ပွဲတိုင်းမှာ ရှုံးနိမ့်နေခဲ့ကြပါတယ်။

ဒီအကြောင်းကို ဘုရင်ကြီးသိတဲ့အခါ ရောမမြို့မှာချစ်သူရည်းစား လုံးဝမထားဖို့နဲ့ ဘုန်းတော်ကြီးတွေကိုလည်း ထိမ်းမြှားပေးတာ လုံးဝမပြုလုပ်ရလို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းဟာ ချစ်သူတွေရဲ့ ဘဝချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူဖြစ်တဲ့အတွက် ဘုရင်ထုတ်ပြန်ထားတဲ့အမိန့်ကို ဂရုမပြုဘဲ အရဲစွန့်တဲ့ ချစ်သူနှစ်ဦးကို လက်ထပ်ပေးလိုက်ပါတယ်။

ဒါကြောင့်ပဲ ဘုရင်က အမျက်ရှပြီး ဖေဖော်ဝါရီ (၁၄) ရက်မှာ ဘုန်းတော်ကြီးစိန့်ဗယ်လင်တိုင်းကို ကွပ်မျက်ပစ်လိုက်ပါတယ်။

ချစ်သူနှစ်ဦးပေါင်းစပ်နိုင်ဖို့အတွက် အသက်ကိုစတေးပေးခဲ့သူ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗယ်လင်တိုင်းနေ့ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံကလူငယ်တွေကို ချစ်ခြင်းနဲ့ပတ်သတ်ပြီး ကန့်သတ်မထားပေမယ့် ပုခုံးပေါ်က ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ခွင့်အတွက် တာဝန်တွေ များစွာရှိနေပါတယ်။

လက်နက်ကိုင်တော်လှန်နေတဲ့ လူငယ်တွေဟာတစ်နေရာတည်းမှာ အားလုံးက အတူရှိနေကြတာတော့မဟုတ်ပါဘူး။ မိသားစုနဲ့ချစ်ရခင်ရသူတွေကို ထားခဲ့ပြီး တိုက်ပွဲဝင်နေကြသူတွေပါ။

နယ်မြေမတူတဲ့ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးကတော့ သူချစ်ရတဲ့သူကို တော်လှန်ရေးနယ်မြေထဲက အထီးကျန်မှုတွေကို ရင်ဖွင့်ပြောပြချင်တယ်လို့ ဆိုပါတယ်။

” အပြေးတွေ့ပြီး ကျနော်ဘယ်လောက်တောင် အထီးကျန်ဆန်ပြီး ဖြတ်သန်းခဲ့ရလဲဆိုတာတွေပြောပြချင်တယ်။ သူရော ဘယ်လောက်အထိ အလွမ်းကြောင့် ခံစားခဲ့ရလဲဆိုတာကို နားထောင်ချင်တယ် ” လို့ သူမက ပြောပါတယ်။

အခက်အခဲအကြပ်အတည်းတွေကြားထဲမှာ ရုန်းကန်နေကြပေမယ့် လူငယ်တွေကြားမှာ ချစ်ခြင်းနဲ့ မေတ္တာက ရှင်သန်နေဆဲဖြစ်ပါတယ်။

တော်လှန်ရေးနယ်မြေထဲမှာ အတူရှိနေတဲ့ လူငယ်တစ်ဦးကတော့ သူ့ချစ်ရသူကို တောပန်းလေးတစ်ပွင့် ခူးပေးဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

” Vday ကတော့ အခြားပုံမှန်နေ့တွေလိုပဲ ဖြစ်မယ်ထင်တယ်ဗျ။နှစ်ယောက်လုံး တာဝန်ကိုယ်စီနဲ့ဆိုတော့သူလည်း သူအလုပ်နဲ့သူ ကိုယ်လည်း ကိုယ်အလုပ်နဲ့ကိုယ်ပါပဲ၊အဆင်ပြေမယ်ဆိုရင်တာ့ တောပန်းလှလှလေး တစ်ပွင့်လောက် ခူပြီး ပေးဖြစ်မယ်ထင်ပါတယ် ” လို့ သူကပြောပါတယ်။

ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ရဲဘော်တွေရဲ့ ချစ်ခြင်းနဲ့သစ္စာရတု အဆက်ဆက် ခိုင်မြဲပါစေသတည်း။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှု ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရ
Next Article ဗကသ ခေါင်းဆောင်ဟောင်းကို ထောင် ငါးနှစ် ထပ်ချ
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး
  • DKBA ၃၁ နှစ်ပြည့်တပ်တော်နေ့ အခမ်းအနားကို ဆုံဆည်းမြိုင်တွင် ကျင်းပ
  • CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ
  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး

DKBA ၃၁ နှစ်ပြည့်တပ်တော်နေ့ အခမ်းအနားကို ဆုံဆည်းမြိုင်တွင် ကျင်းပ

CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး

December 22, 2025

DKBA ၃၁ နှစ်ပြည့်တပ်တော်နေ့ အခမ်းအနားကို ဆုံဆည်းမြိုင်တွင် ကျင်းပ

December 22, 2025

CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ

December 22, 2025

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

December 20, 2025

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

December 19, 2025

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

December 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.