ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်များမှ ၆၈၇၆ ဦးသေဆုံး၍ ၅၅၁၉ ဦးဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင်သတင်းထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၁ရက်အထိ စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများကို အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့နှင့် စစ်ကောင်စီတပ်များအကြားနေ့စဥ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အာဏာသိမ်းကာလ နှစ်နှစ်အတွင်း ဒူးသထူခရိုင် တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း၈၀၁ကြမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၁၅၂၆ ဦးသေဆုံးကာ ၁၃၄၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
တောအူးခရိုင် တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပါင်း ၂၇၇ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၅၀၅ဦးသေဆုံးကာ ၂၀၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ခလယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၅၂၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၆၀၆ဦးသေဆုံးကာ ၃၉၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၂၅၉ ဦးသေဆုံးကာ ၂၄၉ဦးထိခိုက်ဒဏ်ရာရရှိခဲံသည်။
မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၅၆၃၈ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၂၇၆၀ဦးသေဆုံးပြီး ၂၃၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒူးပလာယာ တပ်မဟာ (၆) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲ ပေါင်း ၆၆၆ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၁၂၂၀ဦးသေဆုံးကာ ၉၉၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့်၎င်းတို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ ၂နှစ်တာ တိုက်ပွဲများအတွင်း ရဲဘော် ၂၁၉ ဦး ကျဆုံးခဲ့ရပြီး ၆၀၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။