• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ
  • AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်
  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား
  • ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»တစ်နိုင်ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည့် ဒီပဲယင်း
သတင်းဆောင်းပါး

တစ်နိုင်ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည့် ဒီပဲယင်း

thanlwinkhetBy thanlwinkhetJanuary 15, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း၄၈၁၉ အိမ်မီးလောင်ပြာကျခဲ့ပြီးဖြစ်သည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုလ ဒုတိယပတ်အတွင်း၌ ထုတ်ပြန်သည့် ထိုစာရင်းတွင် အတိုးအလျှော့ရှိနိုင်သည်ဟု ဖော်ပြထားသော်လည်း မြေပြင်၌ မီးဘေးသင့်ပြည်သူများကို ကူညီနေသော အဖွဲ့များကမီးလောင်ပျက်စီးဆုံးရှုံးမှုသည် ထိုထက်ပင် ပိုနိုင်သည်ဟု ဆိုကြသည်။

“ကျေးရွာတွေ အကုန်လုံးကို မီးရှို့ပြာချဖျက်ဆီး ပစ်မယ်လို့ ကောလာဟလလို ကြားခဲ့ရတာ။ အခု အဲဒီကောလာဟလနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်က ကိုက်ညီနေတယ်။ ဒီဇင်ဘာလထဲမှာကို ကျုပ်တို့ မြို့နယ်ထဲ ဆိုးဆိုးရွားရွားကြီးကို ကြုံခဲ့ရတာပေါ့နော် ”

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအားလုံးကို မီးရှို့ပြာချပစ်မည်ဟု ကောလာဟလလို ကြားသိခဲ့ရသည့်သတင်းစကားက ကိုယ့်မြို့နယ်တွင် အမှန်တကယ် ဖြစ်လာသည်ဟု  မီးဘေးသင့်ပြည်သူများကို ကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူ ကိုဖြိုးက ပြောခြင်း ဖြစ်သည်။

ရက်၄၀အတွင်း နေအိမ် ၃၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

******************************

ဒီပဲယင်းတွင် စစ်ကြောင်းထိုးမီးရှို့ခံရမှုသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်း၌ အများဆုံးဖြစ်သည်။အရှိန် မသတ်နိုင်သေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုဇန်နဝါရီလ ပထမရက်သတ္တပတ်ကျော်အထိ ဒီပဲယင်းကျေးရွာများကို ဆက်တိုက် မီးရှို့ခဲ့သည်။

စစ်ကောင်စီ၏ ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ တပ် နှစ်ခုပေါင်းအင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းများက ယခုဒီဇင်ဘာလ ၁ ရက်မှစ၍ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှ ဒီပဲယင်း စသည်ဖြင့်ကျေးရွာများကို လှည့်ပတ်၍ စစ်ကြောင်းထိုး မီးရှို့ခဲ့သည်။

ထိုစစ်ကြောင်း နှစ်ကြောင်းသည် ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်း၌ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၉ရွာမှ နေအိမ် ၁၇၃၁ လုံးကို ၁၀ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဒီပဲယင်းနှင့် နယ်နမိတ် ထိစပ်နေသည့် ရေဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးပြီး ရေဦးမြို့နယ်မှကျေးရွာ ၂၀ ကျော်ကို ၁၀ ရက်ကျော်ကြာ မီးရှို့ဖျက်ဆီးပြန်သည်။

ရေးဦးမှတဆင့် ဒီပဲယင်း အနောက်တောင်ဘက်​ခြမ်းသို့ ​ထပ်မံစစ်ကြောင်းထိုးလာသည့် အဆိုပါစစ်ကြောင်းများသည် ဒီဇင်ဘာ ၂၂ ရက်မှ ယခု ဇန်နဝါရီလ ၉ ရက်အထိ ဒီပဲယင်း စိုင်ပြင်မြို့ ရပ်ကွက် နှစ်ခုအပါအဝင်ကျေးရွာ ၁၉ ရွာကို မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်စစ်ကြောင်းများ၏ ၂၀၂၂ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၀၂၃ ဇန်နဝါရီလ ၉ ရက်အထိ မီးရှို့ဖျက်ဆီးမှုတွင် နေအိမ် ၁၇၀၀၊ ဆန်စက် ၃ လုံးနှင့် ဆိုင်ခန်း ၂၄ ခန်းတို့ မီးလောင်ပြာကျခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။

တစ်နိုင်ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ခံရ

*****************************

စစ်ကောင်စီက အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် နေအိမ်ပေါင်း ၂၁၀၀ ကျော်နှင့် ၂၀၂၂ ခုနှစ်အတွင်း၌နေအိမ်ပေါင်း ၅၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Data for Myanmar နှင့် ISP Myanmar တို့က ဖော်ပြထားသည်။

အာဏာသိမ်းကာလအတွင်း မီးရှို့ဖျက်ဆီးခံရမှုတွင် နေအိမ်နှင့်အဆောက်အဦး ၄၄၀၀ ကျော် ဖျက်ဆီးခံရသည့်စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်က အများဆုံး ဖြစ်သည်ဟု ISP Myanmar က ၂၀၂၂ ခုနှစ်အတွက် နှစ်ချုပ်စာရင်းထုတ်ပြန်မှု၌ ဖော်ပြထားသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုလအတွင်း၌ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်စာရင်းများပါ ဖော်ပြခဲ့ရာ နေအိမ်ပေါင်း ၄၈၁၉ အိမ်အထိ မီးလောင်ပြာကျခဲ့ရသည်ဟု သိရသောကြောင့် ဒီပဲယင်းမြို့နယ်သည် တစ်နိုင်ငံလုံးတွင် နေအိမ် အများဆုံး မီးရှို့ခံရသော မြို့နယ် ဖြစ်လာသည်။

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ စစ်ကြောင်းထိုး၍ မီးရှို့မခံရမီအချိန်တွင် နေအိမ် ၁၃၅၈ လုံးသာမီးရှို့ဖျက်ဆီးခံထားခဲ့ရသည်။

ဒီပဲယင်း PDF တပ်ရင်းများကို NUGက လက်နက်မချပေး

***************************

ဒီပဲယင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံတပ်ရင်း လေးခု ရှိသည်။

ထိုတပ်ရင်းများသည် ပြီးခဲ့သောနှစ် နှစ်စပိုင်းကတည်းက MOD လက်အောက်ခံ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၁၉၊ ၂၀၊ ၂၁၊ ၂၂ စသည့်ဖြင့် တပ်ရင်းနံပါတ်များ ရရှိခဲ့သည်။

ထိုအချိန်ကတည်းက ဒီပဲယင်းတပ်ရင်းများအတွက် ဖြစ်နိုင်သည့်လက်နက်ပမာဏ တစ်ခုကို တပ်ဆင်ပေးရန်အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း လက်ရှိအချိန်အထိ တပ်ရင်း လေးခုစလုံး မောင်းပြန်တစ်လက်မျှ မရရှိထားဟုတပ်ရင်း ၂၁ တာဝန်ခံက ပြောသည်။

“တချို့စစ်ရေးဆိုင်ရာ၊ လက်နက်ဆိုင်ရာ ကိစ္စမျိုးက မပြောချင်ပေမယ့်လည်း မြေပြင်အခြေအနေက ဒီလောက်ပြာကျနေတာတောင် ကျုပ်တို့ ဒီပဲယင်းတပ်ရင်းတွေ မောင်းပြန်တစ်လက်မှ မရသေးဘူး။ ဆက်ပြီးတော့လည်း ဒါတွေကို တင်ပြရမှာ တောင်းခံရမှာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စိတ်ပျက်သွားပြီပေါ့ဗျာ ”

လက်နက်ချက်ပေးရန် အကြိမ်ကြိမ် တောင်းခံပေမယ့် မြို့နယ်အတွင်းက ကျေးရွာအားလုံးနီးပါး မီးရှို့ဖျက်ဆီးခံနေရသည့်အချိန်အထိ MOD က လက်နက် မချပေးသေးသည်ကို တပ်ရင်း၂၁ တာဝန်ခံက ပြောဆိုခြင်း ဖြစ်သည်။

လက်နက်များ မရှိသည့် ကာကွယ်ရေးတပ်များအနေဖြင့် အခွင့်သာလျှင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ကြပြီးအကယ်၍ အခွင့် မသာခဲ့လျှင်တော့ မီးရှို့နေသည်ကို ထိုင်ကြည့်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်အခက်အခဲကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းများကို ရင်ဆိုင်မတိုက်နိုင်သည့် အခြေအနေကြောင့် ဒီပဲယင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မိုင်းကိုသာ အဓိကအားကိုးနေရသည်ဟု ဆိုသည်။

“အစ်ကိုတို့မှာ အဓိက အခက်အခဲကတော့ ရန်ပုံငွေပဲ။ ရန်ပုံငွေ မရှိတော့ မောင်းပြန် မဝယ်နိုင်ဘူး။ မောင်းပြန် မရှိတော့ ခွေးတွေ (စစ်ကောင်စီတပ်စစ်ကြောင်း) ကို ထိပ်တိုက် ယှဥ်ပစ်ဖို့က တစ်တောင့်ထိုးလေးတွေနဲ့ ဘယ်လို့မှ မဖြစ်နိုင်ဘူး။ မိုင်းကိုပဲ အဓိကအားကိုးနေရတာပေါ့နော်” ဟု BIA ဒီပဲယင်းအဖွဲ့ခေါင်းဆောင် ဂုဏ်သတ္တိကပြောသည်။

မြို့နယ်အတွင်း ဝင်လာသည့် စစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းများဖြင့် အဓိကတိုက်ခိုက်နေရသည်။ သို့သော် မိုင်းထောင်ထားသည့် နေရာများကို ဒလန်များက သတင်းပေးမှုနှင့် စစ်ကြောင်းအများစုတွင် ဒေသခံအရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာမှုများကြောင့် မိုင်းဆွဲတိုက်ခိုက်ရသည့် အစီအစဥ်များစွာမှာလည်း ပျက်စီးနေရသည်ဟု BIA ခေါင်းဆောင် ဂုဏ်သတ္တိက ပြောသည်။

ထို့ကြောင့် မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ဖွဲ့စည်းထားသည့် PDF များသည် လက်နက်အခက်အခဲများကြောင့် ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် မလုပ်နိုင်ကြပေ။

ကျေးရွာဒေသခံပြည်သူများနှင့်အတူ စစ်ကြောင်းလာလျှင် ပြေးရပြီး အထုပ်များ ဝိုင်းဝန်သယ်ပိုးခြင်း၊ စစ်ရှောင်များအတွက် နေရာထိုင်ခင်း ပြင်ပေးခြင်း၊ အစားအသောက်များ စီစဥ်ပေးခြင်း၊ ကူညီငွေများ ကောက်ခံ၍ အရေးပေါ် စားဝတ်နေရေး လိုအပ်သည့် မီးဘေးသင့်ပြည်များကို ကူညီပေးခြင်း စသည်တို့ကိုသာ လုပ်ဆောင်နေကြရသည်။

“သူတို့ မီးရှို့တာ ထိုင်ကြည့်နေရတယ်။ တတ်နိုင်သလောက်အကူအညီပေးတယ်။ ဒီလောက်ပဲ ကျုပ်တို့ လုပ်လို့ရတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့ဝင် တစ်ဖြစ်လည်း PDF ရဲဘော်တစ်ဦးက ပြောသည်။

ကမ္ဘာ့သိထင်ရှားခဲ့သည့် ဒီပဲယင်းမှဖြစ်ရပ်ဆိုးများ

**************************

ဒီပဲယင်းတွင် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း၌ ကျေးရွာများ ဆိုးဆိုးရွားရွား မီးရှို့ဖျက်ဆီးခံရသည့် အခြေအနေတစ်ခုမကပင် စစ်ကောင်စီတပ်များ၏ ရက်ရက်စက်စက် ကျူးလွန်မှုများကို ကြိမ်ဖန်များစွာ ရင်ဆိုင်နေရသည်။

လက်နက်ကိုင်တော်လှန်ရေးအစပိုင်း၌ ဆပ်ပြာကျင်းရွာကိစ္စကဲ့သို့ PDF များ အစုအပြုံလိုက် စီးနင်းသတ်ဖြတ်ခံရသည့် ဖြစ်စဥ်နှင့် ကလေးငယ်များ စာသင်နေသည့် စာသင်ကျောင်းကို ဝေဟင်၊ မြေပြင်တို့မှ တစ်နာရီကျော်အကြာတိုက်ခိုက်ခံခဲ့ရသည့် လက်ယက်ကုန်းကျေးရွာ ဖြစ်စဥ်များက ကမ္ဘာသိ ထင်ရှားခဲ့သည်။

အာဏာသိမ်းကာလတစ်လျောက်လုံး စစ်ကောင်စီတပ်များ၏ ပြစ်မှု ကျူးလွန်နေခြင်းများကို ဆက်တိုက်ခံနေခဲ့ရသော ဒီပဲယင်းမြို့နယ်၌ ကာကွယ်ရေးတပ်ဖွဲ့များသည် NUG ထံမှ လက်နက်ချပေးမှု မရရှိသည်သာမက ကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်အထိ ရရှိသော “မမများနဲ့ ပွဲကမယ်” ပရောဂျက်တွင်လည်း မရရှိခဲ့ပေ။

“မမများနဲ့ ပွဲကမယ်” စစ်ကိုင်းတိုင်းအတွက် ပရောဂျတ်တွင် ခရိုင် ၇ ခုမှ တပ်ရင်း ၄၁ ရင်းကို ပေးခဲ့ပြီး ရွှေဘိုခရိုင်မှ MOD လက်အောက်ခံ တပ်ရင်း ၁၇ အထိ ရရှိခဲ့သော်လည်း ရွှေဘိုခရိုင်အတွင်းပါသည့် ဒီပဲယင်းတပ်ရင်း လေးခုစလုံး ခွဲဝေမှု မရရှိခဲ့ပေ။

ထိုအခြေအနေအား “မမများနဲ့ ပွဲကမယ်” ပရောဂျတ် တာဝန်ရှိသူထံ သံလွက်ခက်က မေးမြန်းခဲ့ရာ ရရှိသော အလှူငွေများသည် MOD ကို ပေးအပ်ပြီး MOD မှတစ်ဆင့် သက်ဆိုင်ရာ စစ်ဦးစီးချုပ်၊ စစ်ဒေသမှူးများနှင့် ချိတ်ဆက်၍မြေပြင်တပ်ရင်းများကို ခွဲဝေပေးကြောင်းနှင့် ဒီပဲယင်းတပ်ရင်းများသည် လိုအပ်ချက်များရှိကြောင်း MOD ထံမှကြားသိရသည်ဟု ပြောသည်။

“ဒီအားနည်းချက်နဲ့ ပတ်သက်လို့ကတော့ ကျုပ်တို့ဆီကို တစ်စုံတစ်ခု အကြောင်းပြန်လာတာ မတွေ့ရဘူးဗျ။နောက်တစ်ခုက မှုခင်းပိုင်းဆိုင်ရာ ပြစ်မှုပိုင်းဆိုင်ရာ အကြောင်းကြားတာမျိုးလည်း မရှိဘူး။ ကျုပ်တို့ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့လည်း MOD ရဲ့ လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ စည်းမျည်းစည်းကမ်းအတိုင်းသာ သွားနေတယ်ပေါ့နော်” ဟု MOD လက်အောက်ခံ ဒီပဲယင်း တပ်ရင်း ၂၁ တာဝန်ခံက ပြောသည်။

ဒီပဲယင်းတပ်ရင်းများကို လက်နက်မချပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အားနည်ချက်၊ လိုအပ်ချက်များ ရှိနေသည်ကို NUGကာကွယ်ရေးဝန်ကြီးဌာန MOD အတွင်းဝန်ဦးနိုင်ထူးအောင်ကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဒီပဲယင်းတွင် မကြာခဏ စစ်ကြောင်းထိုးခံနေရသည့် အခြေအနေနှင့် MOD လက်နက်ချပေးရန် ကိစ္စကို မည်သို့မျှအကြောင်းပြန်ခြင်း မရှိသည့် အခြေအနေတို့ကြောင့် စစ်ကြောင်းများ ဝင်လာလျှင် လောက်စလုံးသီးလုံး၍ ပစ်ရန်သာ ရှိတော့သည်ဟု ဒီပဲယင်း PDF တစ်ဦးက ဆိုးရွားသည့် အခြေအနေတစ်ရပ်အား အရွှန်းဖောက်၍ လူမှုစာမျက်နှာ၌ ရင်ဖွင့်ပြောဆိုခဲ့သေးသည်။

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနေအိမ်များမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံး
Next Article မတူပီ CDF ရှေ့တန်းစခန်းတစ်ခု အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခံရ
thanlwinkhet
  • Website

Related Posts

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁

July 27, 2025

လားရှိုးမြို့ကိုပြန်ပေးလိုက်ရခြင်းက မြန်မာ့အတိုက်အခံအဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်ခဲ့လဲ. . . . .?

July 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ
  • AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်
  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ

AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နွားထိုးကြီးမြို့နယ်အတွင်း တစ်ရက်တည်း ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ

August 23, 2025

AA က ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်

August 23, 2025

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

August 23, 2025

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

August 23, 2025

NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

August 23, 2025

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

August 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.