• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လင်းတလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃၀ ဦးသေဆုံး
  • သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို
  • ရခိုင်ရှိ ကျေးရွာ နေအိမ်ဆိုင်ခန်းများ အခွန်နှုန်းထား လျှော့ပေးစေလို
  • အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
  • စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး
  • ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း
  • မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်
  • ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးအပြင် အုပ်ချုပ်ရေးလုပ်ငန်းများပါ တိုး​မြှင့်လုပ်ဆောင်မည်
နေ့စဉ်သတင်း

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးအပြင် အုပ်ချုပ်ရေးလုပ်ငန်းများပါ တိုး​မြှင့်လုပ်ဆောင်မည်

thanlwinkhetBy thanlwinkhetJanuary 12, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးအပြင် အုပ်ချုပ်ရေးလုပ်ငန်းများပါ တိုး​မြှင့်လုပ်ဆောင်မည်
*******************************

ဇန်နဝါရီ ၁၂ ၊ ၂၀၂၃ ။

စစ်ကောင်စီတပ်စခန်းများအားလုံး ရုတ်သိမ်းသွားရန်နှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားများ လုံးဝမရှိစေရန် လုပ်ဆောင်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးအပြင် အုပ်ချုပ်ရေးလုပ်ငန်းများကိုပါ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကေအဲန်ယူတပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက သံလွင်ခက်ကိုပြောသည်။

ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလ တစ်လအတွင်း၌ တိုက်ပွဲပေါင်း ၁၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစခန်း ၁၁ ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ မူတြော်သတင်းစဥ်က ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ ၇ ခုရှိသည့်အနက် တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် တပ်မဟာ ၅ နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း၌ စစ်ရေးအရှိန်ကို ပိုမိုမြှင့်တင်မည်ဟု ဆိုသည်။

” ကျွန်တော်တို့ KNU တွေသာမကပဲ တိုင်းရင်းသားလက်နက်ကိုင်တွေကော၊ NUG လက်အောက်ခံ PDF ကော၊ Local PDF တွေကော အားလုံးက ဒီ ၂၀၂၃ မှာ တော်လှန်ရေးအရှိန်၊ စစ်ရေးအရှိန်ကိုတော့ မြှင့်တက်သွားမှာသေချာပါတယ်။
ဒုတိယအချက် စစ်ရေးအရှိန်ကိုမြှင့်တက်ပြီးတော့ ထိန်းချုပ်လာနိုင်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းကို ကိုယ့်ပြည်နယ်၊ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသမှာ ကိုယ့်ရဲ့အချုပ်အချာအာဏာတွေကို တည်ဆောက်သွားမယ်။ အုပ်ချုပ်ရေးပိုင်းကို တပြိုင်တည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ပဒိုမန်းမန်းက သံလွင်ခက်ကို ပြောသည်။

ကေအဲန်ယူတပ်မဟာ၅ မူတြော်ခရိုင်( ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်) အတွင်းရှိ စစ်ကောင်စီစခန်းများ အားလုံးရုတ်သိမ်းသွားရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ကေအဲန်ယူတပ်မဟာက ယခုလ အစပိုင်း၌ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီယန္တရားများ မရှိစေရန်လည်း အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းအားလုံး ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား နှုတ်ထွက်၊ ထွက်ခွာကြရန် ကေအဲန်ယူတပ်မဟာ ၅ က ဇန်နဝါရီလ ၁ ရက်တွင် သတိပေးစာထုတ်ပြန်သည်။

အချိန်ပေးထားသည့် သက်မှတ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မည်မျှထွက်ခွာသွားသည်ကို မြေပြင်မှ အချက်အလတ်များမရှိသေး၍ မသိရှိရသေးဘူးဟု ပဒိုမန်းမန်းက ပြောသည်။

သို့သော်လည်း တပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီအုပ်ချုပ်မှု ယန္တရားများလည်ပတ်နေနိုင်သည်မှာ ၁၀ ရာခိုနှုန်းခန့်သာရှိသည်ဟု ၎င်းကပြောသည်။

” စစ်ကောင်စီအုပ်ချုပ်မှုကလည်း ကွက်ပြီးပြောရရင် ဒီမူတြော်ခရိုင်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဒါတောင်မှ ထိန်းချုပ်လို့မရတဲ့ အခြေအနေဖြစ်တယ်။ ကျန်တဲ့ဟာအားလုံးကတော့ KNU ကော်သူးလေအုပ်ချုပ်ရေးပုံစံနဲ့ပဲကျွန်တော်တို့သွားနေတာပါ ” ဟု ပြောသည်။

တပ်မဟာ ၅ နယ်မြေအတွင်း၌ အခြေချစခန်းအနည်းငယ်နှင့် အုပ်ချုပ်မှုနေရာအနည်းငယ်သာရှိတော့သည့် စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ပိုမိုတိုက်ခိုက်လာနေသည်ဟု သိရသည်။

ယခုလအတွင်း၌ တပ်မဟာ ၅ နယ်မြေအတွင်းကို တပ်မဟာ ၇ အတွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လှမ်းပစ်၍ တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုလုပ်ဆောင်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီက တိုက်လေယာဥ်များဖြင့် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ နေရာ ၇ နေရာကို ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်မိသားစုများနှင့် အလုပ်သမားများ စုစုပေါင်း ပြည်သူ ၆ ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီက အရပ်သားပစ်မှတ်များတိုက်ခိုက်နေချိန်၌ KNLA တပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီတပ်စခန်းများဝင်ရောက် တိုက်ခိုက်နေရာ ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်နေ့ တိုက်ခိုက်မှုတို့၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းက ယမန်နေ့၌ ထုတ်ပြန်သည်။

“ အခုချိန်မှာ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမှာဖြစ်တဲ့အတွက်ကြောင့်။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကတော့ ကိုယ်တိုင်တည်ဆောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ပိုင်ဖန်တီးခွင့်ကိုတော့ ပြည်နယ်အဆင့်မှာ စတင်ဆောင်ရွက်ရမှာဖြစ်တယ် ” ဟု ပဒိုမန်းမန်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံ KNU တပ်မဟာ ၅ ၌ ကိုယ်ပိုင်ချုပ်အုပ်ရေးဖော်ဆောင်ရာတွင် ကော်သူးလေအုပ်ချုပ်ရေးစနစ်ဖြင့်သွားနေပြီး အဆိုပါစနစ်၌ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး စသည့်ဖြင့် KNU ဌာနကြီး ၁၄ ခုခွဲ၍ စနစ်တကျအကောင်အထည်ဖော်နေသည်ဟု သိရသည်။

ပုံစာ – ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ပြီးခဲ့သောနှစ် သြဂုတ်လအတွင်း၌ ကေအဲန်ယူတပ်မာ၅ နယ်မြေတွင်ကျင်းပခဲ့သည့် မှတ်တမ်းတချို့။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleအင်အား ၂၀ ပါသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ နေအိမ်များကို မီးရှို့
Next Article PDF ရဲဘော်များ ထုံးဓာတ်ပါဝင်သည့်ရေများ သောက်နေရ
thanlwinkhet
  • Website

Related Posts

သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို

July 11, 2025

ရခိုင်ရှိ ကျေးရွာ နေအိမ်ဆိုင်ခန်းများ အခွန်နှုန်းထား လျှော့ပေးစေလို

July 11, 2025

အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

July 11, 2025

Leave A Reply Cancel Reply

Recent Posts

  • လင်းတလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃၀ ဦးသေဆုံး
  • သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို
  • ရခိုင်ရှိ ကျေးရွာ နေအိမ်ဆိုင်ခန်းများ အခွန်နှုန်းထား လျှော့ပေးစေလို
  • အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
  • စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လင်းတလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃၀ ဦးသေဆုံး

သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို

ရခိုင်ရှိ ကျေးရွာ နေအိမ်ဆိုင်ခန်းများ အခွန်နှုန်းထား လျှော့ပေးစေလို

အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လင်းတလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃၀ ဦးသေဆုံး

July 11, 2025

သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို

July 11, 2025

ရခိုင်ရှိ ကျေးရွာ နေအိမ်ဆိုင်ခန်းများ အခွန်နှုန်းထား လျှော့ပေးစေလို

July 11, 2025

အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

July 11, 2025

စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး

July 10, 2025

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း

July 10, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.